ဟောလီးဝုဒ် မင်းသမီးချော ဆန်ဒရာဘူးလော့ခ် အား ၂ဝ၁၅ ခုနှစ်၏ အချောဆုံး အမျိုးသမီး အဖြစ် ကမ္ဘာကျော် People မဂ္ဂဇင်းကြီးက ရွေးချယ် လိုက်ကြောင်း Emirates သတင်းဌာန က ဧပြီ ၂၃ ရက်တွင် ဖော်ပြခဲ့သည်။
အသက် ၅ဝ နှစ်အရွယ်ရှိ အော်စကာဆု ပိုင်ရှင် ဘူးလော့ခ် သည် လွန်ခဲ့သည့် ၁၂ လအတွင်း ရုပ်ရှင် ရိုက်ကူးရခြင်း မရှိသော်လည်း အဆိုပါဆုကို ရရှိခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ၄င်းသည် အခြား မင်းသမီးများ ဖြစ်သည့် ဂွမ်နက်ပက်ထရိုး နှင့် ဂျူးလီယာ ရော်ဘတ် တို့နှင့်အတူ ရင်ပေါင်တန်း နိုင်ပြီ ဖြစ်သည်။
သို့သော် အမျိုးသမီး တစ်ဦး အနေဖြင့် မိခင်ကောင်း တစ်ဦး၊ လူကောင်း တစ်ဦး ဖြစ်လာရန်နှင့် ကောင်းမှုများကို လုပ်ဆောင်ရန် ပိုမို အရေးကြီးကြောင်း၊ သို့ရာတွင် မိမိက လှပသည်ဟု ယူဆမိ သူများသည် အဆိုပါ လမ်းစဉ်များကို လိုက်နာခြင်း မရှိကြောင်း တွေ့ရှိရသည် ဟု ဘူးလော့ခ် က ပြောကြား ထားကြောင်း သိရသည်။
#PyiChitThar


No comments:
Post a Comment