Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 17, 2015

Nosebleed (2) နှာခေါင်းသွေးယိုခြင်း (၂)




နှာခေါင်းသွေးယိုတာကို Epistaxis လို့ဆေးစာနဲ့ ခေါ်ပါတယ်။ လူ ၇ ယောက်မှာ တယောက် နှာခေါင်းသွေးယိုတယ်။ ဆောင်းတွင်းမှာ ပိုဖြစ်တယ်။ အေးပြီး ခြောက်သွေ့တဲ့ ဥတုမျိုးမှာ ဖြစ်တယ်။ မနက်ခင်းမှာ ဖြစ်တာများတယ်။ အဖြစ်များပေမဲ့ သိပ်စိုးရိမ်စရာ မရှိပါ။ ဆရာဝန်မလိုဘဲ သွေးတိတ်သွားမှာ များပါတယ်။

ဘယ်နေရာကနေ သွေးယိုတာလဲဆိုပြီး ခွဲခြားဘို့လိုတယ်။ နှာခေါင်း ရှေ့ပိုင်း နဲ့ နောက်ပိုင်း ကုသရတာ မတူပါ။ ၉ဝ% ဟာ ရှေ့ပိုင်းကနေထွက်တာပါ။ Nasal septum ခေါ်တဲ့ နှာခေါင်းကို ဘယ်-ညာ ပိုင်းခြားထားတဲ့ နေရာမှာရှိနေတဲ့ Kiesselbach plexus ဆိုတဲ့ သွေးကြောစုကနေ သွေးယိုတာဖြစ်ပါတယ်။ နောက်ပိုင်းကနေ သွေးယိုတာက ရှားတယ်။ အသက်ကြီးသူတွေမှာ ပိုဖြစ်တယ်။ သွေးလွှတ်ကြောကနေ ယိုတာမို့ ထိန်းရတာ ခက်တယ်။ လိုအပ်ရင် ဆေးရုံ တင်ရမယ်။

ဘာလို့ သွေးယိုသလဲ မသိနိုင်တာတွေ ရှိတယ်။
• Nasal and sinus infections ဆိုင်းနပ်စ်၊
• Allergic rhinitis အလာဂျီ၊
• Nasal foreign body ပစ္စည်းတခုခုဝင်တာ၊
• Nasal surgery ခွဲစိတ်တာ၊
• Cocaine (ကိုကိန်း) ဆေးသုံးတာတွေကနေ ဖြစ်စေတယ်။
• Warfarin (Coumadin), Clopidogrel bisulfate (Plavix), (NSAIDs), or Aspirin ဆေးဝါးတွေကနေလဲ ဖြစ်စေနိုင်တယ်။
• Corticosteroids and Antihistamines ဆေးတွေပါတဲ့ လိမ်းဆေး-ပန်းဆေးတွေကနေလဲ ဖြစ်စေနိုင်တယ်။
• Liver disease အသဲရောဂါ၊
• Chronic alcohol abuse အရက်သမား၊
• Kidney disease ကျောက်ကပ်ရောဂါ၊
• Platelet disorders သွေးမှုံနည်းရောဂါ၊ နဲ့
• Inherited blood clotting disorders မွေးရာပါ သွေးရောဂါတွေကနေလဲ ဖြစ်စေနိုင်တယ်။
• Vascular malformations သွေးကြောပုံမမှန်တာ နဲ့ Nasal tumors ကင်ဆာဆိုတာ အတော်ရှားပါတယ်။
• High blood pressure သွေးတိုးကနေလဲဖြစ်စေနိုင်တယ်။ စိုးရိမ်စိတ်များလို့ သွေးဖိအားတက်လို့ ဖြစ်တာ ဖြစ်ပါမယ်။

Nosebleeds in Children ကလေးတွေမှာ နှာခေါင်းသွေးယိုရင် ပိုစိုးရိမ်တတ်ကြတယ်။ အမှန်ပါ သိပ်စိုးရိမ်စရာ မရှိပါ။ ခိုက်မိလို့ဖြစ်ရတာ များတယ်။ သွေးက နှာခေါင်းတဖက်ကနေထွက်တာ များတယ်။ ထွက်တာများရင် နှာခေါင်းကို ပိတ်နေနိုင်တယ်။ Nasopharynx အောက်ပိုင်းအထိ ဆို့နေနိုင်တယ်။ အောက်ထဲ ဆင်းကျသွားတာလဲရှိမယ်။ အစာလမ်းထဲရောက်ပြီး ပြန်အန်တာလဲ ဖြစ်နိုင်တယ်။

သွေးယိုထွက်တာ များရင်
- ခေါင်းမူးမယ်၊
- အားယုတ်မယ်၊
- စိတ်မကြည်မလင်ဖြစ်မယ်၊
- သတိလစ်ချင်သလိုဖြစ်မယ်။
- နှလုံးခုန်မြန်လာမယ်၊
- သွေးအန်မယ်၊

ဆရာဝန်ပြဘို့လိုမှာတွေကတော့ -
- ခဏခဏယိုရင်၊
- နှာခေါင်းအပြင် တခြားနေရာတွေကနေယိုရင်၊
- သူများထက်ပိုပြီး သွေးခြည်ဥတတ်ရင်၊
- Aspirin or Warfarin သွေးယိုစေနိုင်တဲ့ဆေးတွေသောက်နေရင် ယိုတာဖြစ်ရင်၊
- Liver disease, Kidney disease, Hemophilia ရောဂါတွေ ရှိနေသူဆိုရင်၊
- Chemotherapy ကင်ဆာဆေး သောက်နေသူဆိုရင်၊
- ၁ဝ-၂ဝ မိနစ်မက ယိုနေရင်၊

ဘာလုပ်မလဲ
- စိတ်တည်ငြိမ်ပါ။
- မတ်မတ်ထိုင်ပါ။ ခေါင်းရော ကိုယ်ရော ရှေ့နဲနဲကိုင်းထားပါ။ ခေါင်းနောက်လှန်ထားရင် သွေးက အောက်ပိုင်း ဆင်းကျမယ်။
- နှာခေါင်းကို လက်နဲ့ ဖိညှစ်ထားပါ။ ၁ဝ မိနစ်အထိ ဖိထားပါ။ တောက်လျှောက်ဖိထားပါ။ ဖိလိုက် လျှော့လိုက်မလုပ်ရပါ။
- ပါးစပ်ထဲကျတာကို ထွေးထုတ်ပြစ်ပါ။
- ရပ်သွားပေမဲ့ နှာခေါင်းကို မထိခိုက်အောင်ဂရုစိုက်ပါ။ နှာခြေတာ၊ ချောင်းဆိုးတာ သတိထားပါ။
- ရေခဲတင်တာ အကျိုးမရှိလို့ ဆိုပါတယ်။
- Heater မကောင်းပါ။ Humidifier နဲ့ Vaporizer တွေက ကောင်းမယ်။
- Nasal saline sprays or Lubricating ointments or gels တွေကနေ အနာကျက်တာမြန်စေနိုင်တယ်။

Medical Treatment သုံးနိုင်တဲ့ ဆေးကုနည်းတွေ
(က) ရှေ့ပိုင်းကထွက်တာ
လိုအပ်ရင် သွေးထွက်နေတဲ့ သွေးကြောကိုမြင်နေရရင် Chemical cauterization နည်းနဲ့ ပိတ်နိုင်တယ်။ Silver nitrate ကို Topical anesthetic ထုံဆေးပေးပြီး သုံးတဲ့နည်းပါ။ တချို့ကို Nasal packing နှာခေါင်းထဲကို ပတ္တီးစထည့်ပြီး ပိတ်ဆို့နည်းသုံးနိုင်တယ်။ Petroleum (Vaseline) Gauze, Balloon nasal packs, and Synthetic sponge packs နည်းတွေ အမျိုးမျိုးသုံးနိုင်တယ်။ ၄၈-၇၂ နာရီအကြာမှာ ပြန်ထုတ်ရမယ်။

(ခ) နောက်ပိုင်းကထွက်တာ
Posterior nasal packing ဆို့ပိတ်နည်းသုံးရမယ်။ Balloon nasal pack ကို အများဆုံးသုံးတယ်။ စိတ်ငြိမ်ဆေး၊ အနာသက်သာဆေးလိုနိုင်တယ်။ ၄၈-၇၂ နာရီ အကြာမှာ ပြန်ထုတ်ရမယ်။ Infection ပိုးဝင်တတ်တယ်။ အသက်ရှူလမ်းပိတ်တာ ဖြစ်တတ်တယ်။ ဆေးရုံတက်ရတတ်တယ်။ မရရင်တော့ Arterial embolization ခွဲစိတ်ကုသနည်း တခုခုလုပ်ရနိုင်တယ်။


No comments:

Post a Comment