Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 24, 2015

ချိုင်းမွှေး မရိတ်ပဲ အရှည်ထားတော့မယ်ဆိုတာ အားလုံး အံ့အားသင့်အောင် ပြသသွားခဲ့တဲ့ Miley Cyrus



မတ်လလောက်ကတည်းက ချိုင်းမွှေးမရိတ်တော့ပဲ အရှည်ထားတော့မယ်ပုံပေါ်တဲ့ Miley Cyrus ဟာ Rock and Roll Hall of Fame ပွဲမှာ အားလုံးမြင်သာအောင် လက်ကို အခါခါမြှောက်ပြနေခဲ့ပါတယ်။ ဒါဟာ သူမရဲ့ ချိုင်းမွှေးကို အားလုံးမြင်စေချင်လို့ပဲ ဆိုတာ သေချာပါတယ်။
သူမက ဒီပွဲမှာ ဒီလိုလုပ်တာနဲ့တင် မကျေနပ်သေးပဲ သူမရဲ့ instagram အကောင့်မှာလည်း ချိုင်းမွှေးကို ထင်သာမြင်သာ ရှိစေမယ့် ပုံပေါင်းများစွာကို တင်ခဲ့ပါသေးတယ်။ ချိုင်းမွှေးမရိတ်ပဲ အရောင်တွေဆိုး ပုံတွေတင်တာမျိုးတွေ မကြာသေးခင်က ရှိနေခဲ့ပေမယ့် ခုလို လူသိများ ကျော်ကြားလှတဲ့ Miley Cyrus လို အနုပညာရှင်မျိုးတွေ ချိုင်းမွှေးမရိတ်ပဲ ထားတာမျိုးကတော့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့တာပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် စိတ်ထင်တိုင်းကြဲတတ်တဲ့ Miley Cyrus လို လူမျိုးကတော့ သူများနဲ့မတူအောင် ပရိသတ်တွေကို အထူးအဆန်းတွေ လုပ်ပြနေဦးမှာ သေချာပါတယ်။
Ref:cosmopolitan
http://www.trend.com.mm/2015/04/23/news-6407


No comments:

Post a Comment