Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 29, 2015

ခင်ပွန်းဟောင်း ရဲ့ မကောင်းကြောင်းတွေကို သီချင်းထဲ ထည့်ဆိုခဲ့တဲ့ Mariah Carey



ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက Mariah Carey ဟာ Infinity လို့ ခေါ်တဲ့ သီချင်းသစ် တစ်ပုဒ်ကို ဖြန့်ချိခဲ့ပါတယ်။ အဲဒီ သီချင်းထဲမှာတော့ သူမရဲ့ ခင်ပွန်းဟောင်း Nick Cannon အတွက် မက်ဆေ့ဂ်ျ တွေ ပါဝင်နေတယ်လို့လည်း သိရပါတယ်။
Mariah Carey နဲ့ Nick Cannon တို့ နှစ်ယောက်ဟာ ၇ နှစ်တာ လက်ထပ်ခဲ့ကြပါတယ်။ ဒါပေမယ့် မနှစ်ကပဲ ကွာရှင်းခဲ့ကြပါတယ်။ ကွာရှင်းပြီးတဲ့ အထိလည်း သူတို့  နှစ်ယောက်ဟာ လူထု တွေ့ဆုံမေးမြန်းမှုတွေမှာ အဆင်ပြေပြေ ထွက်ပေါ်လာခဲ့သေးပေမယ့် Nick တစ်ယောက် Mariah ရဲ့ သီချင်း အသစ်ထဲက စာသားတွေ ကြားပြီးတဲ့နောက်မှာတော့ အခြေအနေတွေ ပြောင်းလဲသွားနိုင်ပါတယ်။
Mariah ရဲ့ သီချင်းထဲမှာပါတဲ့ စာသားတွေရဲ့ အကြောင်းအရာကတော့ Nick Cannon ဟာ Mariah ကို သာ လက်မထပ်ခဲ့ရင် ဒီနေ့မှာ ဒီလို နာမည်ကြီးနေမှာ မဟုတ်ဘူးဆိုတဲ့ သဘောကို သက်ရောက်နေခဲ့ပါတယ်။
Nick Cannon က ထို သီချင်းအသစ်နဲ့ ပတ်သက်တာကိုတော့ ဘာမှ မပြောခဲ့ပေမယ့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ တုန်းကတော့ twitter မှာ သူဟာ Mariah Carey အကြောင်းကို အဆိုးတစ်ခုမှ ပြောလိမ့်မှာ မဟုတ်ပဲ သူတို့ဟာ အချစ်ကို အခြေခံထားတဲ့ ထာဝရ မိသားစု ၀င်တွေဖြစ်တယ်လို့ ရေးသား ထားပါတယ်။
ထို Infinity ဆိုတဲ့ သီချင်းအသစ်ကတော့ Mariah Carey ရဲ့ မေလ ၁၈ ရက်မှာ ထွက်ရှိမယ့် အခွေသစ်ထဲက သီချင်းပဲဖြစ်ပါတယ်။
Ref:starpulse.com
http://www.trend.com.mm/2015/04/29/news-6473

No comments:

Post a Comment