Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 29, 2015

နယူးယောက် လောကချမ်းသာကျောင်း နိဗ္ဗာန်ဈေး


နယူးယောက်မြို့၊ ဘရွတ်ကလင်းတွင် တည်ရှိသော အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်း (ABBA) လောကချမ်းသာကျောင်း တတိယအကြိမ် နိဗ္ဗာန်ဈေးပွဲတော်ကို မေလ ၃ ရက်၊ တနင်္ဂနွေနေ့တွင် ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
၂၀၁၄ ခုနှစ်က ကျင်းပသော ဒုတိယအကြိမ်မြောက် နိဗ္ဗာန်ဈေးပွဲတော်တွင် ကြိတ်ကြိတ်တိုး အားပေးဝယ်ယူနေသူများ ဖြစ်ပါသည်။၂၀၁၄ ခုနှစ်က ကျင်းပသော ဒုတိယအကြိမ်မြောက် နိဗ္ဗာန်ဈေးပွဲတော်တွင် ကြိတ်ကြိတ်တိုး အားပေးဝယ်ယူနေသူများ ဖြစ်ပါသည်။မြန်မာ့အကြိုက် စားသောက်ဖွယ်မျိုးစုံကို ကုသိုလ်အလှူအဖြစ် ရောင်းချမည် ဖြစ်၍ ပါဝင်ရောင်းချ ဒါနပြုလိုသူများသည် ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့အထိ ဆက်သွယ် စာရင်းပေးနိုင်ကြောင်း သိရသည်။
နိဗ္ဗာန်ဈေးပွဲတော် လက်ကမ်းကြော်ငြာနှင့် ယခုလောလောဆယ် ပွဲတော်တွင် စားသောက်ဖွယ် ရောင်းချမည့် ဆိုင်များစာရင်းကို ကြည့်လိုလျှင် ကလစ်ခ် လုပ်ပါ။
ထို့အပြင်၊ iPad mini, Lenovo tablet, Visa gift card စသည်တို့အပြင် အခြား ဆုပစ္စည်းအမျိုးမျိုးကိုလည်း ကံစမ်းမဲဖောက်၍ ကံထူးရှင်များကို ချီးမြှင့်မည့် အစီအစဉ်လည်းပါဝင်သည်။
ဘရွတ်ကလင်းရှိ လောကချမ်းသာကျောင်းတွင် တတိယအကြိမ်မြောက် နိဗ္ဗာန်ဈေးပွဲတော်ကို နံနက် ၉ နာရီမှ နေ့လယ် ၂ နာရီအထိ ကျင်းပရန် စီစဉ်ထားသည်။ လောကချမ်းသာ ဘုရားကျောင်း၏ ပထမအကြိမ် နိဗ္ဗာန်ဈေးကို ၂၀၁၀ ခုနှစ်တွင် စတင် ကျင်းပခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဒုတိယအကြိမ် ပြုလုပ်ခဲ့သည်။
ကုသိုလ်ရှင်များ၊ ကြွရောက်အားပေးသူ ပရိသတ်များက ကုသိုလ်လည်းရ ဝမ်းလည်းဝသော နိဗ္ဗာန်ဈေးကို တစ်နှစ်လျှင် အနည်းဆုံး နှစ်ကြိမ်ကျင်းပရန် တောင်းဆိုကြသောကြောင့် ယခု ၂၀၁၅ ခုနှစ်တွင် ပွဲဦးထွက် စီစဉ်ခြင်း ဖြစ်၏။ နောက်တစ်ကြိမ်အတွက် ထပ်မံကြေညာမည် ဖြစ်သည်။
စားသောက်ဆိုင် ဖွင့်လိုသူများ ဆက်သွယ်စာရင်းပေးရန် ဖုန်းနံပါတ်များမှာ-
လော်ရင်းချင်း (917-841-7696)
စန်းစန်းဌေး (646-647-7265)
ဦးစောဝင်း (718-508-2801 / 718-639-8303)
အိအိအောင် (347-782-9905)
နေ့ရက်မေလ ၃ ရက်၊ တနင်္ဂနွေနေ့
အချိန်နံနက် ၉ မှ နေ့လယ် ၂ နာရီ
နေရာလောကချမ်းသာဘုရားကျောင်း
619 Bergen Street, Brooklyn NY11238
          Tel. 718-622-8091
http://kabarthit.com/index.php?option=com_content&view=article&id=632:2015-04-29-01-47-58&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment