ထရီပိုလီ ၊ ၂၁-၄-၂၀၁၅
ယမန်နေ့က လစ်ဗျားနိုင်ငံ ၊ အနောက်မြောက် ဘက် ကမ်းလွန် တစ်နေရာတွင် အာဖရိက ရွှေ့ပြောင်း လုပ်သား ၇၀၀ ခန့်ကို တင်ဆောင် လာသော သင်္ဘောတစ်စီး နစ်မြှုပ်ခဲ့ သောကြောင့် ရွှေ့ပြောင်း လုပ်သား ရာပေါင်းများစွာ သေဆုံးခဲ့ပြီး ဥရောပ သမဂ္ဂ တစ်ခုလုံးကို ဂယက်ရိုက် သွားချိန်နှင့် တစ်ချိန်တည်း လိုလိုပင် ISIS ကလည်း လစ်ဗျားနိုင်ငံရောက် အာဖရိက ရွှေ့ပြောင်း လုပ်သား ၃ဝ ခန့်ကို ကွပ်မျက် နေသည့် ဗီဒီယိုဖိုင် လွှင့်တင် လိုက်ကြောင်း သိရသည်။
အဆိုပါ ရွှေ့ပြောင်း လုပ်သား ၃ဝ မှာ အီသီယိုးပီးယား နိုင်ငံသားများ ဖြစ်ကြောင်း၊ ဥရောပနိုင်ငံ အတွင်းသို့ အလုပ်ရှာဖွေ လုပ်ကိုင်ရန် အာဖရိကတိုက် နိုင်ငံများမှ နှစ်စဉ် ထောင်နှင့်ချီ ဝင်ရောက် လာလေ့ ရှိကြောင်း၊ အများစုမှာ လူမှောင် ခိုကူး သူများနှင့် လိုက်ပါ လာလေ့ ရှိပြီး ယမန်နေ့ ဖြစ်စဉ်အတိုင်း သင်္ဘောနှင့် မမျှသည့် ဝန်ကို တင်ဆောင်သည့် အတွက် သင်္ဘော နစ်မြုပ်ခြင်း မကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း၊ ဤကိစ္စကို ကိုင်တွယ်ရန်ဆွေးနွေးမည့် အဆင့်သို့ပင် မရောက်ရှိ သေးမီ ISIS ကလည်း အပြစ်မဲ့ လူ၃ဝ ကို ကွပ်မျက်ပြ လိုက်ခြင်းက ပြဿနာကို ပို၍ ရှုပ်ထွေးကြီးမား စေမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အီသီယိုးပီးယား ရွှေ့ပြောင်းလုပ်သား ၃ဝ သည် ခရစ်ယာန် ဘာသာဝင်များ ဖြစ်ပြီး ဥရောပတိုက် ထဲသို့ ဝင်ရောက်ရန် ကြိုးပမ်း နေစဉ်တွင်ပင် လစ်ဗျား ISIS စစ်သွေးကြွ များ၏ ကွပ်မျက်ခြင်းကို ခံလိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။
#PyiChitThar


No comments:
Post a Comment