Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 21, 2015

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် ရေကြီးရေလျှံမှုနှင့် မိုးခေါင်မှုတို့ ကြုံလာနိုင်



ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုြုကီးကြောင့် ရေကြီးရေလျှံ မှုများနှင့် မိုးခေါင်ခြင်းတို့ ဖြစ်ပေါ်နေရ သကဲ့သို့ ရေနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံ မှုများ လုပ်ကိုင်မှု နည်းပါးခြင်း တို့ကြောင့် သောက်သုံးရေ လုံခြုံရေးတွင် များစွာထိခိုက် လာခဲ့ရာ ၄င်းမှ အကျိုးဆက် အဖြစ် ကမ္ဘာ့စီးပွားရေး တွင် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ သန်းထောင်ပေါင်း များစွာ ဆုံးရှုံးဖွယ် ရှိကြောင်း ကမ္ဘာ့ကြီး၏ သောက်ရေ၊ သုံးရေ လုံခြုံရေး ဆိုင်ရာ သတင်းတစ်ရပ် ထွက်ရှိ လာသည်။

ရေသည် အကျိုးပြု စေသော်လည်း ဆိုးကျိုးများကို ဖြစ်စေတတ်ကြောင်း အောက်စပို့ဒ် တက္ကသိုလ် မှ ပါမောက္ခ ဒေးဗစ်ဂရေး က ရှင်းပြသည်။ ယနေ့ ကမ္ဘာကြီးတွင် ရေကြောင့် ကမ္ဘာ့ စီးပွားရေး အတွက် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၅ဝဝ ဘီလီယံခန့် ထိခိုက်နေရပြီး ၄င်းတို့အနက် ရေကြီးရေလျှံ မှုကြောင့် စီးပွားရေး ပျက်စီးဆုံးရှုံး ခဲ့ရမှုများသည် ဒေါ်လာ ၁၂ဝ ဘီလီယံထိ ရှိနေကြောင်း သိရသည်။

တောင်အာရှ ဒေသကြီးသည် ရေကို လုံးဝမှီခို ရှင်သန် နေရသော ဒေသကြီးဖြစ်ပြီး အရှေ့နှင့် အရှေ့တောင်အာရှ ဒေသကြီးတွင် ရေကြီး ရေလျှံမှုကြီး များကဲ့သို့ ခြိမ်းခြောက်မှု များနှင့် ကြုံတွေ့နေရသည်။ အမေရိကန် တောင်ပိုင်း ကာလီဖိုးနီးယား ပြည်နယ်တွင် သမိုင်း တွင်လောက်အောင် မိုးခေါင်မှုကြီး နှင့် ကြုံတွေ့ နေရသောကြောင့် ရေကို စနစ်တကျ သုံးစွဲကြရန် ပြည်သူများကို ပညာပေး နေကြရသည်။

တောင်အမေရိကတိုက် ၌ ချီလီနိုင်ငံ အာတာကာမာ ခြောက်သွေ့ ဒေသကြီး တွင် ရေကြီးမှုများ ဖြစ်ပွားခဲ့ပြီး နှစ်ပေါင်း ၈ဝ ကျော်အတွင်း မိုးခေါင်မှုကြောင့် ဘရာဇီးနိုင်ငံ ရှိ မြို့တော်ကြီး များ၌ ရေအခက်အခဲများ ကြုံတွေ့ နေရသည်။ ထို့ပြင် အာဖရိက အလယ်ပိုင်း ဆာဟာရ နိုင်ငံများတွင် သောက်သုံးရေ မလုံလောက်ခြင်း နှင့် လူတို့၏ သန့်ရှင်းရေး ကိစ္စများ အတွက် များစွာ ပြဿနာ များနှင့် ရင်ဆိုင်နေကြ ရသည်။ ထို့နည်းတူ အာဖရိက မြောက်ပိုင်း ဒေသကြီးတွင် လူဦးရေ ထူထပ်မှုနှင့် သောက်ရေ သုံးရေ ရှားပါးမှုကို ဖြေရှင်းနေကြ ရပြီး သြစတြေးလျတိုက် မာရေးဒါလင် လွင်ပြင်ကြီး တွင် မိုးခေါင် နေသည်မှာ ၁ဝ နှစ်ကျော် ကာလထိ ရောက်ရှိလာ နေသည်။

သို့ဖြစ်၍ ရေနှင့် ပတ်သက်၍ တစ်ကမ္ဘာ လုံးတွင် ငွေကြေး ရင်းနှီးမြှုပ်နှံမှု များစွာ လိုအပ်လာ နေကြောင်းနှင့် ရေသည် လူတို့၏ ပတ်ဝန်းကျင်ကို အပြင်းအထန် ခြိမ်းခြောက် နေပြီး စီးပွားရေး အဆောက်အအုံ ကြီးကိုလည်း ထိုးနှက်လာ နေကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment