Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 6, 2015

လူသိနည်းပြီး အသုံးဝင်တဲ့ iPad ရဲ့ လုပ်ဆောင်ချက်များ


iPad တစ်လုံးဝယ်ထားပြီးရင် ပိုင်ရှင်ရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး အသုံးပြုလေ့ရှိကြပါတယ်။ iPhone တွေမှာလည်း လူသိနည်းတဲ့ လုပ်ဆောင်ချက်တွေ ရှိသလို iPad တွေမှာလည်း ရှိပါတယ်။ အထူးသဖြင့် အချိန်ပေးပြီး မလေ့လာနိုင်သေးတဲ့ သူတွေအတွက် အသုံးဝင်နိုင်မယ့် လျှို့ဝှက်လုပ်ဆောင်ချက်တွေကို ဖော်ပြပေးလိုက်ရပါတယ်။


ဖဲချပ်တင်စားပွဲအဖြစ်သုံးနိုင်ခြင်း
iPhone အချင်းချင်း နက်ဝေါ့ခ်ဒါမှမဟုတ် ဝိုင်ဖိုင်နဲ့ ချိတ်ပြီးဆော့လို့ရတဲ့ ပိုကာဂိမ်းတွေရှိပါတယ်။ ဒါဆိုရင် အလယ်မှာ ပိုကာထုတ်ဝေပေးမယ့် စားပွဲနဲ့ လူတော့လိုလာပါပြီ။ ဒါပေမယ့် Card Tabel လို့ခေါ်တဲ့ app ကို အိုင်ပတ်ထဲ ထည့်ထားလိုက်မယ်ဆိုရင် အကုန်အဆင်ပြေသွားပါလိမ့်မယ်။

ရုပ်ရှင်ကြည့်လို့ရခြင်း
ပိတ်ရက်မှာ ရုပ်ရှင်ရုံသွားဖို့ ပျင်းနေရင်းလည်း သင့်ရဲ့ iPad ကတဆင့်ကြည့်လို့ရပါတယ်။ app store မှာ အလကားရတဲ့ Crackle app ရှိနေဖို့ပဲ လိုတာပါ။ အလကားကြည့်လို့ရတဲ့ ရုပ်ရှင်တွေရှိသလို အခပေးရတဲ့ ရုပ်ရှင်တွေလည်း ရှိပါတယ်။ သင့်ရဲ့ iPad မှာ ဝိုင်ဖိုင်ရှိနေဖို့တော့ လိုမယ်နော်။

မော်နီတာအဖြစ်သုံးနိုင်ခြင်း
အရင်ဆုံး Air Display 2 ဆိုတဲ့ app ကို အရင် download ဆွဲလိုက်ပါ။ ၉.၉၉ ဒေါ်လာတော့ ပေးရပါလိမ့်မယ်။ ဒါပြီးရင်တော့ သင့်မှာရှိတဲ့ mac နဲ့ ချိတ်ဆက်ပြီး ဒုတိယမော်နီတာအဖြစ် သုံးလို့ရပါလိမ့်မယ်။

ဂိမ်းများကို iPhone ဖြင့်ထိန်းချုပ်ခြင်း
သင့်ရဲ့ iPhone ကနေထိန်းချုပ်ပြီး iPad ရဲ့မျက်နှာပြင်ကျယ်မှာ ဂိမ်းတွေကို ကြည့်ချင်ရင်တော့ Joypad ဆိုတဲ့ အလကားရတဲ့ app ကိုဆွဲထားဖို့ တော့လိုပါမယ်။ ပြီးရင်တော့ ချိတ်ဆက်ကစားလို့ရပါပြီ။

ကွန်ပျူတာထဲမှ ရုပ်ရှင်များကို iPad ပေါ်တွင်ကြည့်ခြင်း
သင့်ရဲ့ ကွန်ပျူတာထဲမှာ ရှိတဲ့ ရုပ်ရှင်တွေက iPad ထဲထည့်လို့မရတဲ့ formet ဖြစ်နေလို့ စိတ်ပူစရာ မလိုပါဘူး။ Air Video HD ဆိုတဲ့ app လေးသာ ဝယ်လိုက်ပါ။ ၂.၉၉ ဒေါ်လာတော့ ပေးရပါမယ်။ ဒါပြီးရင်တော့ ကွန်ပျူတာထဲမှာရှိတဲ့ ကြိုက်တဲ့ဇာတ်ကားကို ကြည့်လို့ရပါပြီ။

ညအခါ စာကောင်းကောင်းဖတ်ဖို့
ညအခါ iPad နဲ့ စာဖတ်ဖို့ ကြိုးစားကြပေမယ့် မျက်လုံးညောင်းလို့ ကြာကြာမဖတ်နိုင်တာမျိုး ဖြစ်ကြမှာပါ။ ဟုတ်ပါတယ်။ နောက်ခံမျက်နှာပြင်အဖြူပေါ်မှာ အမဲရောင်စာလုံးက သင့်မျက်လုံးကို ထိခိုက်စေနိုင်ပါတယ်။ Setting>Genera>Accessibility ထဲက Inert Colors ကို on လိုက်ပါ။ ဒါဆိုရင်တော့ အမည်းရောင် နောက်ခံပေါ်မှာ အဖြူရောင်စာလုံးတွေဖြစ်သွားပြီး သင်လည်းကြာကြာစာဖတ်နိုင်ပါလိမ့်မယ်။

ဖုန်းပြောခြင်း
iPad နဲ့ ဖုန်းခေါ်လို့ရရင် ကောင်းမှာပဲလို့ အတော်များများ တွေးဖူးကြမှာပါ။ ရပါတယ်။ facebook ကပေးတဲ့ Messenger app ကို download ဆွဲထားလိုက်ရင် ကြိုက်တဲ့အချိန် ဖုန်းပြောလို့ရပါတယ်။ wifi လေးတော့ လိုပါလိမ့်မယ်။

planet

No comments:

Post a Comment