Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 6, 2015

ရော်နယ်ဒို ပထမဆုံးအကြိမ် ပွဲတစ်ပွဲတည်းတွင် ငါးဂိုးသွင်းယူ


ယမန်နေ့က ဂရန်နာဒါ ကို ရီးရဲလ်မက်ဒရစ်က ၉-၁ ဂိုး ဖြင့် အနိုင်ယူခဲ့သော ပွဲတွင် ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုက ငါးဂိုး သွင်းယူခဲ့၍ ကြယ်ငါးပွင့်ရော် နယ်ဒိုဟု မီဒီယာများက တင်စား ခေါ်ဝေါ်နေကြသည်။

ယင်းမှာ ကမ္ဘာ့အကောင်း ဆုံးဘောလုံးသမားဆု သုံးကြိမ် ရရှိထားသော ရော်နယ်ဒို၏ ကစားသမားသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် ပွဲတစ်ပွဲတည်း တွင် ငါးဂိုးသွင်းယူမှုလည်းဖြစ် သည်။

ဘာနေဗျူးတွင် ကစားသောယင်းပွဲ၌ ပွဲချိန် ၃၀ မိနစ်မှ ၃၈ မိနစ်အတွင်း ရော်နယ်ဒိုက ဟက်ထရစ်သွင်းယူ ခဲ့ပြီး ထပ်မံ၍ ၅၄ မိနစ်တွင် တစ်ကြိမ်၊ ၈၉ မိနစ်တွင် တစ်ကြိမ် ဂိုးများသွင်းယူခဲ့သည်။ ယခုရာသီ ၎င်း၏ သွင်းဂိုး စုစုပေါင်းမှာ ၃၆ ဂိုးဖြစ်သည်။

ယခုနိုင်ပွဲကြောင့် ရီးရဲလ်မှာ အမှတ်ပေးဇယားထိပ်ဆုံးမှ ဘာစီလိုနာနှင့် တစ်မှတ်သာ ကွာဟတော့သည်။ သို့သော် ဆဲလ်တာဗီဂိုနှင့် ပွဲတွင် ဘာစီလိုနာ အနိုင်ရရှိပါက လေးမှတ်ကွာဟမည်ဖြစ် သည်။

ယင်းအတွက် ရီးရဲလ်နည်း ပြ အန်ဆယ်လော့တီက မိမိအနေ ဖြင့် ၉-၁ နိုင်ပွဲကို ၁-၀ နိုင်ပွဲ ကိုး ပွဲဖြင့် အလဲအထပ်လုပ်သွားချင် သည်ဟု ပြောကြားသည်။ ယခု ပွဲ တွင် အလယ်တန်းကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်၏ ကစားပုံအလွန်ကောင်းသည်ဟု ချီးကျူး ခဲ့သည်။

ရော်နယ်ဒိုအတွက် ယခု သွင်းဂိုးငါးဂိုးကြောင့် ရီးရဲလ် ဂန္ထ၀င်ဒီစတက်ဖာနို၏ ပြိုင်ပွဲအရပ်ရပ်တွင် ဟက်ထရစ်၂၈ကြိမ်နှင့် စံချိန်တူသွားပြီး၊ လိဂ်ပြိုင်ပွဲအများဆုံးစံချိန်ရှင် မက်ဆီ၏ ၂၄ကြိမ်နှင့်လည်း စံချိန်တူသွားပြီဖြစ် သည်။

7daydaily

No comments:

Post a Comment