Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 29, 2015

ဘော်လ်တီမိုး အကြမ်းဖက်ဆူပူမှု အာဏာပိုင်များထိန်းချုပ်


မေရီလန်းပြည်နယ်၊ ဘော်လ်တီမိုးမြို့တွင် ဧပြီ ၂၇ ရက်၊ တနင်္လာနေ့၊ ယမန်နေ့က ဖြစ်ပွားသော အကြမ်းဖက် ဆူပူမှု၊ မီးရှို့မှုနှင့် လုယက်မှုများကို လုံခြုံရေးတပ်ဖွဲ့များ ဖြန့်ကျက် နေရာယူက ထိန်းသိမ်းထားလိုက်ပါသည်။ ဘော်လ်တီမိုးမြို့တွင် အရေးပေါ်အခြေအနေ ကြေညာထားကာ နိုင်ငံစောင့်တပ်ဖွဲ့ခေါ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် ထောင်ချီ၍ တပ်ဖြန့်ချထားပြီး ည ၁၀ နာရီ မှ နံနက် ၅ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ပြီးနောက် ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့တွင် အခြေအနေ ငြိမ်သက်သွားခဲ့သည်။
ဘော်လ်တီမိုးမြို့ အနောက်ပိုင်း ဆူပူသောင်းကျန်းမှုတွင် ရဲကားတစ်စင်းကို ဖျက်ဆီးနေပုံ ဖြစ်ပါသည်။ဘော်လ်တီမိုးမြို့ အနောက်ပိုင်း ဆူပူသောင်းကျန်းမှုတွင် ရဲကားတစ်စင်းကို ဖျက်ဆီးနေပုံ ဖြစ်ပါသည်။မြို့ပေါ်ရှိ ကျောင်းများအားလုံး ပိတ်ထားပြီး အားကစားပွဲများကိုလည်း ရွှေ့ဆိုင်းထားသည်။ အာဏာပိုင်များသည် ဆူပူလုယက်မှုများ ထပ်မံ မဖြစ်ပွားစေရန် အထူးသတိထား ထိန်းသိမ်းလျက်ရှိသည်။
ဆူပူမှုများ ဖြစ်ပွားရခြင်းမှာ ရဲက ဖမ်းဆီးထားသော လူမဲအမျိုးသား ဖရက်ဒီ ဂရေး (၂၅ နှစ်) သည် ရဲအချုပ်တွင် သေဆုံးသွားခဲ့သောကြောင့် ကန့်ကွက်ဆန္ဒပြရာမှ အကြမ်းဖက် လုယက် မီးရှို့မှုများအထိ ဆိုးဝါးလာခဲ့ရသည်။ ဖရက်ဒီ ဂရေးအား ဧပြီ ၁၂ ရက်နေ့တွင် ရဲက ဖမ်းဆီးရာမှာ ၎င်း၏ လည်ပင်းရိုး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ သို့ရာတွင် ၎င်းအား အချိန်မီ ဆေးကုသမှု မပြုလုပ်ခဲ့ရကြောင်း ရဲက ထုတ်ဖော်ဝန်ခံခဲ့၏။
ဖရက်ဒီ ဂရေးသည် လည်ပင်းရိုးကျိုး၍ အာရုံကြော ထိခိုက်ဒဏ်ရာကြောင့် သတိလစ် မေ့မျောနေခဲ့ပါသည်။ ဆေးရုံတွင် ခွဲစိတ်ကုသမှု နှစ်ကြိမ် ပြုလုပ်ခဲ့သော်လည်း သတိမလည်လာဘဲ မေ့မျောနေစဉ် ၆ ရက်အကြာ ဧပြီ ၁၈ ရက်တွင် ကန့်ကွက်ဆန္ဒပြမှုများ စတင်လာခဲ့သည်။ ဂရေးသည် ရက်သတ္တတစ်ပတ်အကြာ ဧပြီ ၁၉ ရက် နံနက် ၇ နာရီတွင် ဆေးရုံပေါ်မှာ သေဆုံးသွားခဲ့သည်။
၎င်း၏ အသုဘချသော ဧပြီ ၂၇ ရက် နေ့လယ်ပိုင်းမှ စ၍ ဆန္ဒပြမှုများသည် အကြမ်းဖက် ဆူပူသောင်းကျန်းမှုအသွင် ကူးပြောင်းကာ မီးရှို့ဖျက်ဆီးမှုများ၊ လုယက်တိုက်ခိုက်မှုများ အပြင်းအထန် ဖြစ်ပွားခဲ့ပါသည်။ ဘော်လ်တီမိုးမြို့သမိုင်းတွင် ၁၉၆၈ ခုနှစ် လူမဲဘုန်းတော်ကြီး မာတင် လူသာကင်း ဂျူနီယာ လုပ်ကြံခံရသဖြင့် ဆူပူအုံကြွမှု ဖြစ်ပွားခဲ့ပြီးနောက် အဆိုးဝါးဆုံး အခြေအနေဖြစ်ပြီး ပထမဆုံးအကြိမ် နိုင်ငံစောင့်တပ်ဖွဲ့ ခေါ်ယူ ထိန်းသိမ်းရခြင်း ဖြစ်သည်။
ထိခိုက်ဒဏ်ရာ၊ အပျက်အစီးနှင့် အဖမ်းအဆီး
ဘော်လ်တီမိုး အနောက်ပိုင်း အကြမ်းဖက်ဆူပူမှုများကြောင့် ရဲ ၁၅ ဦး ဒဏ်ရာရရှိပြီး၊ ၇ ဦးမှာ အတွင်းလူနာအဖြစ် ဆေးရုံတင်လိုက်ရ၏။ မော်တော်ယာဉ် မီးရှို့မှု ၁၄၄ ခု၊ အဆောက်အအုံ မီးရှို့မှု ၁၅ ခု ဖြစ်ပွားခဲ့ပြီး လူ ၂၀၀ ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း မြို့ဝန်ရုံးမှ ထုတ်ပြန်ကြေညာသည်။ ဘော်လ်တီမိုး မြို့ဝန် စတက်ဖင်နီ ရောလင်းစ်-ဘလိတ်သည်လည်း လူမဲအမျိုးသမီး ဖြစ်သည်။
ဆိုင်တစ်ဆိုင်မှ ပစ္စည်းများ လုယက်လာသူများကို တွေ့ရပုံ ဖြစ်ပါသည်။ ဆန့်ကျင်ကန့်ကွက် ဆန္ဒပြပွဲမဟုတ်ဘဲ လုယက်ဖျက်ဆီးခြင်းသာ ဖြစ်သည်ဟု လူမဲ သမ္မတ အိုဘားမားက ပြောကြားခဲ့သည်။ဆိုင်တစ်ဆိုင်မှ ပစ္စည်းများ လုယက်လာသူများကို တွေ့ရပုံ ဖြစ်ပါသည်။ ဆန့်ကျင်ကန့်ကွက် ဆန္ဒပြပွဲမဟုတ်ဘဲ လုယက်ဖျက်ဆီးခြင်းသာ ဖြစ်သည်ဟု လူမဲ သမ္မတ အိုဘားမားက ပြောကြားခဲ့သည်။ယခုဖြစ်ပွားသော အကြမ်းဖက်ဆူပူမှုသည် လူဖြူ-လူမဲ လူမျိုးရေးအသွင် ယူဆရန် ခက်ခဲပါသည်။ ဘော်လ်တီမိုးမြို့ အုပ်ချုပ်သူ အာဏာပိုင်အများစုသည် လူမဲများ ဖြစ်၍ ရဲတပ်ဖွဲ့ဝင် ထက်ဝက်သည်လည်း လူမဲများ ဖြစ်ကြသည်။
အမေရိကန် ပြည်ထောင်စု၏ ပထမဆုံး လူမဲသမ္မတ ဘာရက်ခ် အိုဘားမားက သမိုင်းတွင် ပထမဆုံး လူမဲအမျိုးသမီး တရားရေးဝန်ကြီး လိုရက်တာ လင့်ခ်ျကို ခန့်အပ်၍ တာဝန်စတင် ထမ်းဆောင်ပြီး တစ်ရက်အကြာမှာပင် ယခုကဲ့သို့ အရေးအခင်း ဖြစ်ပွားခြင်း ဖြစ်၏။
အမေရိကန်သမ္မတ အိုဘားမားက ဘော်လ်တီမိုး ဆူပူသောင်းကျန်းမှုများသည် ကန့်ကွက် ဆန္ဒပြခြင်း မဟုတ်ဘဲ လုယက်ဖျက်ဆီးခြင်းသာ ဖြစ်သဖြင့် ရာဇဝတ်မှုဖြင့် အရေးယူမည်ဟု ပြောကြားခဲ့သည်။
တရားဥပဒေစိုးမိုးရေးသည်အဓိက
ရဲအချုပ်တွင် သေဆုံးရသူ ဖရက်ဒီ ဂရေး၏ အမြွာညီမနှင့် မိခင်တို့ကလည်း ၎င်းတို့ မိသားစုသည် တရားမျှတမှုကို အလိုရှိသော်လည်း ယခုကဲ့သို့ လမ်းပေါ်တွင် ဆူပူသောင်းကျန်းမှုမျိုး မဟုတ်ဘဲ တရားရုံးတော်တွင်သာ ဆုံးဖြတ်စီရင်စေလိုကြောင်း ထုတ်ဖော်ပြောကြားသည်။
ဖရက်ဒီ ဂရေး သေဆုံးမှုအတွက် ရဲအုပ်တစ်ဦးအပါအဝင် ရဲ ၆ ဦးကို တာဝန်မှ ဆိုင်းငံ့ထားကာ စုံစမ်းစစ်ဆေးလျက်ရှိသည်။ မှုခင်းဆရာဝန်ရုံးမှ သေတမ်းစစ်ချက် အပြည့်အစုံရရှိရန် ၂၅ ရက်မှ ရက် ၃၀ အထိ စောင့်ဆိုင်းရမည်ဖြစ်ကြောင်း သိရပါသည်။
http://kabarthit.com/index.php?option=com_content&view=article&id=631:2015-04-28-23-13-06&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment