Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 7, 2015

မလေးတွင် ယာဉ်တိုက်ခံရ ပြီးသေဆုံးခဲ့သည့် မယောနှင်းအတွက် နစ်နာကြေး ၂၀၈သိန်း မိသားစုကိုပေးအပ်


ရန်ကုန်၊ ဧပြီ ၆။ ။ မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ် ကိုင်သည့်မြန်မာနိုင်ငံသား တစ်ဦး ယာဉ်တိုက်မှုဖြစ်ကာ အသက်ဆုံးရှုံးသွား၍ နစ်နာကြေး အဖြစ် ကျပ် ၂၀၈သိန်းကို ဧပြီ ၆ရက်က မြန်မာနိုင်ငံ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့မှ တစ်ဆင့် မိသားစုထံ လွှဲအပ်ခဲ့သည့်။

အသက် ၂၉နှစ်အရွယ် မယောနှင်းသည် ၂၀၁၄ခုနှစ် စက်တင်ဘာ ၁၀ရက်က မလေးရှားနိုင်ငံတွင် နားကြပ်တပ်၍ လမ်းဖြတ်ကူးရာမှ ယာဉ်တိုက်မှုဖြစ်ကာ အ သက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

သေဆုံးမှု အတွက်၎င်းကို မလေးရှားနိုင်ငံသို့ အလုပ်သွား လုပ်ရန် ချိတ်ဆက်ပေး ခဲ့သည့် ကြည်အားမာန် ကုမ္ပဏီက ဂရုဏာကြေး၂၂ သိန်း၊ မလေးနိုင်ငံမှ မယောနှင်း အလုပ်လုပ်သည့် Insurance လျှပ်စစ်စက်ရုံမှ အသက်အာမခံကြေး၊ ဂရုဏာကြေး နှင့် အသက်ရှိစဉ်က အလုပ်လုပ်ကိုင်သွားသည့် လစာ စုစုပေါင်း မလေးရင်းဂစ် ၃၅,၆၂၀ (ကျပ် ၁၀၄သိန်း)၊ မလေးရှားနိုင်ငံ အစိုးရှ မြန်မာအလုပ်သမားများအတွက် အသက်အာမခံကြေး ၆၇သိန်းကျော် နှင့် စက်ရုံရှိ အလုပ် သမားများက စုပေါင်း၍ ဂရုဏာကြေး ၁၅သိန်း စုစုပေါင်း ၂၀၈သိန်း ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ပြည်ပသို့ သွားရောက် အလုပ်လုပ် မည့်မြန်မာ လုပ်သားများ အနေဖြင့်ပြည်ပ ကုမ္ပဏီက မိမိအတွက် အသက်အာမခံ ထားရှိပေးခြင်း ရှိမရှိ ကိုသေချာအောင် စုံစမ်းသင့်ကြောင်း ကြည်အားမာန် ကုမ္ပဏီ ဒါရိုက်တာက အကြံပြုထားသည်။

"မြန်မာ အလုပ်သမားတွေက သူတို့အတွက် အသက်အာမခံကြေးကို ကုမ္ပဏီက ဝယ်ပေးထားလားဆိုတာကို confrimလုပ်စေချင်တယ်။ တကယ်လို့ တစ်ခုခုဖြစ် သွားပြီးဆိုရင် ဒီလိုအသက်အာမခံ ကြေး နစ်နာကြေးတွေ အနေနဲ့ ရတာပေါ့။"ဟု ကြည်အားမာန် ကုမ္ပဏီမှ ဒါရိုက်တာ ဒေါ်ချယ်ရီက မဇ္ဈိမပြောသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/42799-2015-04-06-13-44-41

No comments:

Post a Comment