Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 29, 2015

အသံအိုး သွေးထွက်လွန်မှုကြောင့် သြစတြေးလျ ဖျော်ဖြေရေး ခရီးစဉ်ကို ပယ်ဖျက်ခဲ့ရတဲ့ ဆမ်စမစ်


Written by  

ရိုက်တာ (နယူးယော့ခ်)။ ။ ဗြိတိန်အဆိုတော် ဆမ်စမစ်က အသံအိုး သွေးထွက်လွန်မှုကြောင့် သြစတြေးလျ ဖျော်ဖြေရေး ခရီးစဉ်ကို ပယ်ဖျက်ခဲ့ကြောင်း ဧပြီ ၂၈ ရက်တွင် ပြောကြားသည်။
Smith
“အခုလိုခရီးစဉ်ကို ပယ်ဖျက်ခဲ့ရတဲ့အတွက် ပရိတ်သတ်များကို ကျွန်တော် တောင်းပန်ပါတယ်။  အသံအိုး သွေးထွက်လွန်မှုကြောင့် ကျွန်တော်ဆရာဝန်ရဲ့ ပြောကြားချက်ကို လိုက်နာဖို့ဆုံးဖြတ်ခဲ့တယ်။ အဲဒါကြောင့် ဖျော်ဖြေရေး ခရီးစဉ်ကို ပယ်ဖျက်ခဲ့ရတဲ့အတွက် သြစတြေးလျ ပရိတ်သတ်များအတွက်  ကျွန်တော် အရမ်းကို ဝမ်းနည်းရပါတယ်လို့ ပြောချင်ပါတယ်” ဟု ဆမ်စမစ်က ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
“ကျွန်တော်မနေ့ညက  ဆစ်ဒနီမှာ ဖျော်ဖြေပွဲ ပြုလုပ်တဲ့အခါ အသံအိုးမှာ သွေးအနည်းငယ် ထွက်ခဲ့တယ်။ ယခုအခါ ကျွန်တော် အသံပိုင်းဆိုင်ရာ နာကျင်မှုကို ခံစားနေရပါတယ်။ ကျွန်တော်ရဲ့အသံအိုး သွေးထွက်လွန်တာ ပျောက်ကင်းတဲ့အထိ  အပြည့်အဝ အနားယူဖို့ လိုအပ်တယ်။ဒီလိုမလုပ်ခဲ့ဘူးဆိုရင် နာတာရှည် ရောဂါဖြစ်လာမယ်လို့ ဆရာဝန်တွေက ကျွန်တော့ကို ပြောခဲ့တယ်” ဟု ဆမ်စမစ်က ပြောကြားသည်။
ဒီဇင်ဘာလတွင် ဖျော်ဖြေရေး ခရီးစဉ်ရက်များကို ထပ်မံစီစဉ်ရန် စမစ်နှင့် လုပ်ဆောင်လျက်ရှိကြောင်း သြစတြေးလျ ဖျော်ဖြေရေးပွဲ ဖြစ်မြောက်ရေးပွဲ စီစဉ်သူ ဖရင့်တီအာတာဝါရင်းက ပြောကြားသည်။ စမစ်သည် မေ ၇ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် In The Lonely Hour အမည်ရှိ ၎င်း၏ ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ်မတိုင်မီ ဆစ်ဒနီ၊ မဲလ်ဘုန်း၊ အက်ဒီလိတ်ခ်နှင့် ပက်တို့တွင် ဖျော်ဖြေပွဲများ လုပ်ဆောင်သွားရန် စီစဉ်ခဲ့သည်။ ဆမ်စမစ်သည် အက်ခ်လန်း၊ ဘရစ္စဘိန်းနှင့် ဆစ်ဒနီတို့တွင် ဖျော်ဖြေပွဲများ ကျင်းပခဲ့ပြီး ဖြစ်သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2014-04-01-06-37-42/item/43859-2015-04-29-08-54-01

No comments:

Post a Comment