Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 28, 2015

ကန်ဒဲလ်ဂျန်နာနှင့် ဂျနီဖာလောရင့်စ်တို့ကိုကျော်လွန်ကာ မစ်ရှဲလ်ကီဂန် ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့ညို့အားပြင်း အမျိုးသမီးအဖြစ် သတ်မှတ်ခံရ


 မေးအွန်လိုင်း (နယူးယော့ခ်)။ ။ ဗြိတိန်မော်ဒယ် သရုပ်ဆောင်မင်းသမီး မစ်ရှဲလ်ကီဂန်သည် FHM မဂ္ဂဇင်း၏ ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့ညို့အားပြင်း အမျိုးသမီးအဖြစ် ရွေးချယ်သတ်မှတ်ခြင်းခံခဲ့ရသည်။

sheသရုပ်ဆောင်မင်သမီး မစ်ရှဲလ်ကီဂန်သည် ကန်ဒဲလ်ဂျန်နာနှင့် ဂျနီဖာလောရင့်စ်တို့ကို ကျော်လွန်ကာ ယခုကဲ့သို့ ကမ္ဘာ့ညို့အားပြင်းအမျိုးသမီးအဖြစ် ထိပ်ဆုံးတွင် ရပ်တည်ခဲ့သည်။ မစ်ရှဲလ်ကီဂန်သည် လက်ရှိအချိန်တွင် မတ်ခ်ဝိုက်နှင့် လက်ထပ်ရန် စီစဉ်လျက်ရှိသည်။

အသက် ၂၇ နှစ်အရွယ်ရှိ မီရှဲလ်အတွက် ကမ္ဘာ့ညို့အား အပြင်းဆုံး အမျိုးသမီးအဖြစ် ထိပ်ဆုံးတွင်ရပ်တည်ခဲ့မှုသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ၂၀၁၄ ခုနှစ်က ဒုတိယအဖြစ် သတ်မှတ်ခံခဲ့ရကြောင်းနှင့် ၂၀၁၃ ခုနှစ်က စတုတ္တအဖြစ်သတ်မှတ်ခံခဲ့ရသည်။

၂၀၁၀ခုနှစ်က လူ၃၀ဦးစာရင်းတွင် ပထမဆုံးအကြိမ် ပါဝင်ခဲ့သူ မစ်ရှဲလ်ကို မကြာသေးမီက ဘီဘီစီရုပ်သံလိုင်းမှ ထုတ်လွှင့်သော Ordinary Lies ဇာတ်ကား နောက်ဆုံးအပိုင်းတွင် တွေ့မြင်ခဲ့ရသည်။

“ကမ္ဘာ့ညို့အားပြင်း အမျိုးသမီးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့အတွက် မီရှ်ကို ဂုဏ်ပြုပါကြောင်း၊ ဒီနှစ် ညို့အားပြင်း အမျိုးသမီး ၁၀၀ မဲပေးရွေးချယ်မှုဟာ ဆိုရင် ယခင်နှစ်တွေကထက် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ မဲပေးရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့ဆီမှာ မဲတစ်သန်းကျော်ရှိပါတယ်။ ကျွန်တော်နဲ့ FHM အဖွဲ့အတွက်ကတော့ အရည်အချင်းရှိတဲ့ ဗြိတိန်သရုပ်ဆောင်မင်းသမီးတစ်ဦးကို ယခုလို ညို့အားပြင်းအမျိုးသမီးအဖြစ် ထိပ်ဆုံးနေရာမှာ မြင်တွေရတဲ့အတွက် အရမ်းကို ဝမ်းသာမိပါတယ်” ဟု FHM အယ်ဒီတာ ဂျိုးလ် ဘာနက်စ်က ပြောကြားသည်။

FHM မဂ္ဂဇင်းက ရွေးချယ်သတ်မှတ်သော ၂၀၁၅ခုနှစ်အတွက် ကမ္ဘာ့ညို့အားအပြင်းဆုံး ထိပ်တန်းအမျိုးသမီး ဆယ်ဦးစာရင်း နံပါတ်တစ် နေရာတွင် မစ်ရှဲလ်ကီဂန်၊ နံပါတ်နှစ်နေရာတွင် ကန်ဒဲလ် ဂျန်နာ ၊ နံပါတ်သုံးနေရာတွင် ဂျန်နဖာလောရင့်စ်၊ နံပါတ် လေးနေရာတွင် ကိတ်အက်တန်၊ နံပါတ်ငါးနေရာတွင် ကာရိုလိုင်းဖလက်ခ်၊ နံပါတ်ခြောက်နေရာတွင် အရီနာဂရိတ်ဒ်၊ နံပါတ် ခုနစ်နေရာတွင် မာဂေါ့ရိုဘီ၊ နံပါတ်ရှစ်နေရာတွင် လုစီမက်ခ်လန်းဘရက်၊နံပါတ်ကိုးနေရာတွင် အီမီလီယာခလက် နှင့် နံပါတ် တစ်ဆယ်နေရာတွင် ကာလီဘရော့ခ်တို့ပါဝင်သည်။

FHM မဂ္ဂဇင်း၏ ညို့အားပြင်းအမျိုးသမီး ၁၀၀စာရင်း အချပ်ပိုကို ဇွန်လထုတ် FHM မဂ္ဂဇင်းတွင်ဖော်ပြသွားမည်ဖြစ်ပြီး ယင်းမဂ္ဂဇင်းကို ဧပြီ ၃၀ ရက်တွင် ရောင်းချသွားမည်ဖြစ်သည်။ FHM မဂ္ဂဇင်း၏ ညို့အားပြင်းအမျိုးသမီး ၁၀၀ကျော်စာရင်းကို www.fhm.com/ 100 sexiets တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

mizzima

No comments:

Post a Comment