Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 28, 2015

Miss Universe Mandalay 2015 ပြိုင်ပွဲဝင် လျှောက်လွှာများကို မေလ ၁၁ ရက် အထိ တိုးမြှင့် လက်ခံ


ရန်ကုန်၊ ဧပြီ ၂၈။ ။ Miss Universe Mandalay 2015 ပြိုင်ပွဲ ဝင်လျှောက်လွှာများ ကိုမေလ ၁၁ ရက် အထိ လက်ခံပေးသွား မည်ဖြစ်ပြီး လူတွေ့ စစ်ဆေးခြင်း ကိုမေလ ၁၄ တွင်ပြု လုပ်သွားမည်ဟု Miss Universe Mandalay ဖေ့ဘုတ် စာမျက်နှာ တွင်ရေးသားဖော်ပြ ထားသည်။

Miss Universe Mandalay 2015 ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်လျှောက်လွှာများကို မတ်လ ၈ရက်မှစတင် ထုတ်ပေးပြီး မတ်လ ၃၁ရက်နောက် ဆုံးထား လက်ခံ ရန်စီစဉ် ထားသော် လည်းမေလ ၁၁ ရက် အထိ ထပ်တိုး လက်ခံပေးခြင်းဖြစ်သည်။

ပြိုင်ပွဲဝင်များကို မေလ ၁၄ရက်တွင် လူတွေ့စစ်ဆေးကာ Miss Universe Mandalay 2015 ပြိုင်ပွဲ တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် အလှမယ် များသည်စည်း ကမ်း ချက် ၂၆ချက်ကို လိုက်နာရ မည်ဖြစ်သည်။

ပြိုင်ပွဲတွင် Miss Universe Mandalay 2015 အဖြစ်ရွေးချယ်ခံ ရသည့် အလှမယ်သည် သရဖူနှင့် ဆုကြေးငွေ သိန်း(၃၀) ရရှိမည် ဖြစ်ပြီး 1st Runner Up ရရှိသူသည် ကျပ်သိန်း ၂၀ ၊ 2nd Runner Up ရရှိသူသည် ကျပ် ၁၀ သိန်းဖြင့် အသီးသီး ရရှိမည်ဖြစ်သည်။

ထို့အပြင် Miss Universe Mandalay 2015 မယ်စကြ၀ဠာ မန္တလေး အလှမယ် သည် ၂၀၁၅ခုနှစ် အောက်တိုဘာလတွင် ကျင်းပပြုလုပ်မည့် Miss Universe Myanmar 2015 ပြိုင်ပွဲ ၏ ဆန်ကာတင် အလှမယ် (၂၀)ဦး စာရင်းသို့ တိုက်ရိုက် ပါဝင်ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။

Miss Universe Myanmar 2015 ပြိုင်ပွဲအတွက် ယခုနှစ်တွင် ရန်ကုန်မြို့အပြင်မန္တလေး၊ ပုသိမ်၊မုံရွာ ၊တောင်ကြီး ၊မြစ်ကြီးနား ၊ပြင်ဦးလွင်၊ မုံရွာ၊ ပဲခူး၊ မြိတ်နှင့် ပုသိမ် စသည့် မြို့များတွင် လည်းပြုလုပ် မည်ဖြစ်သည်။တစ်နိုင်ငံလုံးရှိ အမျိုးသမီးငယ်များ ဝင်ရောက်ယှဉ်ခွင့် ရရှိရန် ရည်ရွယ်ချက်ဖြင့် တစ်နိုင်ငံလုံး ရှိမြို့ကြီး များမှ ကိုယ်စားပြု အလှမယ်များ တာဝန် ယူရွေးချယ်စေ လွှတ်ပေးမည့် City Director များကို အသိအမှတ်ပြု ခန့်အပ် ပြီးပြု လုပ်ခြင်းဖြစ်သည်။

Miss Universe Pathein 2015 ပြိုင်ပွဲကို Celebrity & Model Agency မှကြီးမှူး ကျင်းပမည် ဖြစ်ပြီး Miss Universe Monywa 2015 ပြိုင်ပွဲကို မုံရွာမြို့တွင် ကျင်းပ မည်ဖြစ်သည်။

ထိုမှတစ်ဆင့် Miss Universe Myanmar 2015 ပြိုင်ပွဲကို ၂၀၁၅ ခုနှစ် ဇူလိုင်လ တွင်ပြုလုပ်ကာ ပြိုင်ပွဲ တွင်ဖျော်ဖြေရေး အစီအစဉ်များ၊ တင်ဆက်မှုများကို ယခင်နှစ်များနှင့် မတူအောင် လုပ်ဆောင်သွား မည်ဖြစ်သည်။

mizzima

No comments:

Post a Comment