CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, April 3, 2015
ချောင်းဆိုးပျောက်ဆေးအတွက် နာနတ်သီး ဖျော်ရည်သောက်
ဘယ်လိုချောင်းဆိုးမှုမျိုးပဲ ဖြစ်ဖြစ် ချောင်းဆိုးပျောက်ဆေးရည်တွေ သောက်မယ့်အစား နာနတ်သီးဖျော်ရည်ကိုသာ သောက်ပေးလိုက်ပါ။ အကုန်အကျ ပိုနည်းတဲ့အပြင် ဓာတုအဆိပ်အတောက်တွေ မပါဝင်ဘဲ အအေးမိခြင်းကို သက်သာပျောက်ကင်းစေပါတယ်။
နေစဉ်ပုံမှန် အစားအစာထဲ သကြားဓာတ်ပါဝင်မှု လျော့ချဖို့ လိုအပ်သူတွေအတွက် အထူးသင့်တော် ကောင်းမွန်ပါတယ်။ သို့ပေမယ့် ဗူးနဲ့ ထည့်ထားတဲ့ အချိုရည်မှာ အချိုဓာတ် ထပ်ပေါင်းထားတာမို့ သဘာဝ နာနတ်သီးဖျော်ရည် စစ်စစ်တစ်မျိုးတည်းသာ မှီဝဲသောက်သုံးပါ။
ဖျော်ပုံဖျော်နည်း
သန့်ရှင်းလတ်ဆတ်တဲ့ နာနတ်သီးရည် (၁) ခွက်
ချင်း (၁) စိပ်
လတ်ဆတ်တဲ့ သံပုယိုရည် (၁/၄) ခွက်
ငရုတ်ကောင်းမုန့် လက်ဖက်ရည်ဇွန်း (၁/၂) ဇွန်း
ပျားရည်စစ်စစ် ထမင်းစားဇွန်း (၁) ဇွန်း
အားလုံးရောစပ်၍ ၁/၄ ခွက်နဲ့ တစ်နေ့ ၂ မှ ၃ ကြိမ်အထိ သောက်ပေးရပါမယ်။
trend myanmar
ချောင်းဆိုးပျောက်ဆေးအတွက် နာနတ်သီး ဖျော်ရည်သောက်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 03, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment