Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, April 12, 2015

လမ်းသွားလမ်းလာတွေကို သွားချင်တဲ့ နေရာအကြောင်းမေးပြီး အနမ်းပေးဖို့ ကြိုးစားခဲ့တဲ့ ကောင်မလေး


ဧပြီဖူးလ်ဒေး ပြီးဆုံးသွားပေမယ့်လည်း လူနောက်တွေကတော့ ကမ္ဘာတစ်ဝှမ်းလုံးက အကောင်းဆုံး ဟာသ တွေကို အင်တာနက်က တစ်ဆင့် ဝေမျှနေကြတုန်းပါပဲ။
ဒီတစ်ခေါက်မှာတော့ အကောင်းဆုံး ဟာသတစ်ခုကို ပြုလုပ်ပြခဲ့တာကတော့ Farah Brook ဆိုတဲ့ ကောင်မလေးပဲ ဖြစ်ပါတယ်။ Farah Brook ဟာ နယူးယော့ခ်မြို့လယ်ခေါင်က Grand Central ဘူတာရုံမှာ လမ်းသွားလမ်းလာတွေကို သူသိချင်တဲ့ နေရာကို ဘယ်လိုသွားရမယ်ဆိုတာတွေ လိုက်မေးခဲ့ပြီး ပြန်ဖြေ ပေးခဲ့သူတိုင်းကို အနမ်းတွေ ပေးခဲ့ပါတယ်။
အဲဒီလို အနမ်းခံရတဲ့ လူတော်တော်များများဟာ သူမ ချဉ်းကပ်လာတဲ့အခါမှာ ကြောက်လန့်ပြီး နောက်ကို ဆုတ်သွားခဲ့ကြပါတယ်။ သူစိမ်းတွေကို မိုဘိုင်းဖုန်းထဲက တည်နေရာတစ်ခုကို ဘယ်လိုသွားရမလဲဆိုတာ မေးပြီးပြီးချင်းမှာ Farah Brook ဟာ မျက်လုံးကိုမှိတ်ပြီး အဲဒီသူစိမ်းတွေကို နမ်းဖို့ကြိုးစားလိုက်တိုင်း အားလုံးကို ငြင်းပယ်ပြီး နောက်ဆုတ်သွားခဲ့ပေမယ့် ဘူတာက စားသောက်ဆိုင်မှာ နေ့လည်စာစားနေတဲ့ ကောင်လေး တစ်ယောက်နဲ့ တွေ့တဲ့အခါမှာ အဆင်ပြေသွားခဲ့ပါတယ်။
ထိုကောင်လေးဟာ အစပိုင်းမှာတော့ Farah Brook ရဲ့ ချဉ်းကပ်လာမှုကို ရှောင်ဖယ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း စက္ကန့်ပိုင်းအကြာမှာတော့ သူကိုယ်တိုင် လိုလိုလားလားနဲ့ ပြန်လည် အနမ်းပေးခဲ့ပါတယ်။ အဲဒီ ဖြစ်စဉ်ကို ရိုက်ကူးထားတဲ့ ဗီဒီယို ဟာ YouTube မှာကြည့်ရှုသူ ၁၈၁၀၀၀ ယောက်အထိ ရှိခဲ့ပါတယ်။ ထိုဗီဒီိယိုကိုတော့ “Kiss Me NYC” လို့ အမည်ပေးထားပါတယ်။
Ref:mirror.co.uk
Trend Myanmar

No comments:

Post a Comment