CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, April 27, 2015
တက်ဒီ ကျောက်ကပ်ရှာဖွေရေးအဖွဲ့ကနေ အကူအညီလိုချင်နေတဲ့ ကောင်လေး
ဗြိတိန်မှာ တက်ဒီဟူစတန် ဆိုတဲ့ ကလေးငယ်ဟာ လောကထဲမှာ မိနစ် ၁၀၀ ပဲ အသက်ရှင်ခွင့်ရခဲ့ပေမယ့် သူ့ရဲ့ အကောင်းပကတိရှိနေတဲ့ ကျောက်ကပ်နှစ်ခုစလုံးကို အမည်မသိ လူတစ်ယောပ်အတွက် လှူဒါန်းပြီး နိုင်ငံရဲ့ အငယ်ဆုံး ကျောက်ကပ်အလှူရှင် အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အခုဆိုရင် တက်ဒီလေးရဲ့အမည်နဲ့ ဗြိတိန်မှာ ကျောက်ကပ်အလှူရှင် ရှာဖွေရေး အဖွဲ့ကို တည်ထောင်ထားခဲ့ပြီ ဖြစ်ပါတယ်။
တက်ဒီလေးကို အားကျသလို တက်ဒီလေးရဲ့ ကျောက်ကပ် အလှူရှင်ရှာဖွေရေးအဖွဲ့ကနေ အကူအညီ မျှော် လင့်နေသူကတော့ အသက် ကိုးနှစ်သာ ရှိသေးတဲ့ မက်သရူးပီရက်ဇီပဲ ဖြစ်ပါတယ်။ မက်သရူးဟာ လက်ရှိမှာ ကျောက်ကပ်နှစ်ခုစလုံး မရှိတော့ဘဲ တစ်နေ့တာ အသက်ရှင်ခွင့်ရဖို့အတွက် စက်နဲ့ ၁၂ နာရီလောက် ဖြတ်သန်း နေရသူလည်း ဖြစ်ပါတယ်။ ချဲလ်ဆီး ပရိသတ်တစ်ဦးဖြစ်တဲ့ မက်သရူးက “ တက်ဒီ ကျောက်ကပ်အလှူရှင် ရှာဖွေရေး လုပ်ငန်းဟာ မရှိမဖြစ် လိုအပ်တဲ့ ဖြည့်ဆည်းမှုတစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော်အပါအ၀င် ကျောက် ကပ် အစားထိုး ကုသဖို့ လိုအပ်နေတဲ့ ရောဂါသည်အားလုံးအတွက် အတတ်နိုင်ဆုံး ကူညီပေးကြဖို့ မျှော်လင့်ပါ တယ်။” လို့ ဆိုခဲ့ပါတယ်။ မက်သရူးဟာ သူ့ရဲ့ကျောက်ကပ် လိုအပ်မှုအတွက် ဖေ့ဘွတ်ဝက်ဆိုက်မှာ အကူအညီ တောင်းခံမှု အစီအစဉ်တစ်ခု ပြုလုပ်ခဲ့ရာမှာ ကမ္ဘာအရပ်ရပ်က ကျောက်ကပ်အလှူရှင်တွေနဲ့ ဆက်သွယ်ခွင့်ရခဲ့ ပေမယ့် သူနဲ့ သင့်တော်တဲ့ ကျောက်ကပ်ကိုတော့ မရသေးပါဘူး။ မက်သရူးရဲ့မိခင် နီကိုလာဟာ ရောဂါအတွက် တစ်နေ့ ၆၁ ပေါင်လောက် ကုန်ကျတဲ့ သားဖြစ်သူရဲ့ ကျန်းမာရေးကြောင့် သူမရဲ့ ကြံ့ခိုင်ရေးမှူးဆရာမ အလုပ်ကို စွန့်လွှတ်ခဲ့ရပါတယ်။
မက်သရူးဟာ သူ မွေးဖွားပြီး နှစ်နှစ်အရွယ်မှာပဲ ညာဘက် ကျောက်ကပ်ကို ခွဲထုတ်ခဲ့ရသလို ၂၀၁၂ မှာ ကျန်တဲ့ ကျောက်ကပ်တစ်လုံးကို ထပ်ခွဲထုတ်ခဲ့ရပါတယ်။ မိခင်ဖြစ်သူက သူ့ကို ကျောက်ကပ်တစ်လုံး ခွဲဝေပေးခဲ့ပေမယ့် လက်ခံရရှိပြီး နှစ်ရက်အကြာမှာပဲ အဆင်မပြေလို့ ပြန်ထုတ်ခဲ့ရပါတယ်။ မက်သရူးအပါအ၀င် ကျောက်ကပ်အစားထိုးကုသဖို့ လိုအပ်နေတဲ့ ဗြိတိန်က ရောဂါသည် တွေအတွက် ကျောက်ကပ် လှူဒါန်းမှု ပြုလုပ်ချင်ရင်တော့ organdonation.nhs.uk/TeddysStory မှာ စာရင်းသွင်းပြီး လှူ ဒါန်းနိုင်ပါတယ်။
planet
တက်ဒီ ကျောက်ကပ်ရှာဖွေရေးအဖွဲ့ကနေ အကူအညီလိုချင်နေတဲ့ ကောင်လေး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 27, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 27, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment