Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 27, 2015

မြန်မာ့သမိုင်းဝင် သူရဲကောင်းများ၏ အတ္ထုပတ္တိရုပ်ပြစာအုပ်များ ကျောင်းပေါင်း တစ်ထောင်ကျော်သို့ အခမဲ့ ဖြန့်ဝေမည်

မြန်မာ့သမိုင်းတွင် အထင်ကရပုဂ္ဂိုလ်များဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း ၊ဦးသန့် နှင့် ဂျာနယ်ကျော်မမလေး စသည့် သမိုင်းဝင် သူရဲကောင်းများ၏ အတ္တုပတ္တိများကို ရုပ်ပြကာတွန်းရေးဆွဲကာ ကျောင်းပေါင်း တထောင်ကျော်သို့ အခမဲ့ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း နီပွန်ဖောင်ဒေးရှင်းမှ ပရိုဂရမ်ဒါရိုက်တာ ဒေါ်ကြည်ကြည်ငြိမ်းက နီပွန်ဖောင်ဒေးရှင်း သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
ခုကဲ့သို့ စာအုပ်ထုတ်ဝေရန် အတွေးအခေါ်စတင်ရရှိလာပုံမှာ နီပွန်ဖောင်ဒေးရှင်းမှ အလုပ်မှုဆောင် ဒါရိုက်တာ မစ္စတာ ရှူအိချိအိုနိုသည် ဧရာဝတီတိုင်းဒေသကြီးတွင် ကျောင်းဆောက်လုပ်ရန် သွားရောက်ခဲ့ရာ ထိုဒေသရှိကလေးငယ်များအနေဖြင့် မြန်မာနိုင်ငံ၏ အထင်ကရ ပုဂ္ဂိုလ် တဦးဖြစ်သည့် ဦးသန့်အား မသိရှိကြသည့်အတွက် ကျောင်းမှတာဝန်ရှိသူ များနှင့်တိုင်ပင်ကာ ဦးသန့် ၏ အတ္တုပတ္တိ ထုတ်ဝေ ဖြန့်ဖြူးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဦးသန့် နဲ့ပတ်သတ်ပြီးတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မဖြစ်မီ ဘ၀ ဇာတ်ကြောင်းကို ကလေးလူငယ်များနှင့် မျိုးဆက်သစ်တွေ သိရှိနားလည်တာ အားနည်းတဲ့အတွက်ကြောင့်မို့ သိသင့်သိထိုက်တယ်ထင်လို့ အခုလို ကာတွန်းစာအုပ် ထုတ်ဝေဖို့ စီစဉ်ဖြစ်ခဲ့တာပါ။ မြန်မာ့သမိုင်းထဲက သူရဲကောင်းတွေရဲ့ အတ္တုပတိ ကာတွန်းစာအုပ်ကို အခု ဧပြီလကနေ လာမဲ့ ၂၀၁၆ ခုနှစ် မတ် ၃၁ ရက်နေ့အထိ တစ်နှစ်အချိန်ယူပြီး ထုတ်ဝေ နိုင်ဖို့ ကြိုးစားမယ်။ ဇာတ်လမ်းကို အတူတကွ ရှေ့သို့လှမ်းခြင်း(Moving Forward Together)၊ အဖွဲ့အစည်းက ရေးသားမယ်။ ပြီးတော့ ကာတွန်းကို ဦးတင်အောင်နီ က ဦးဆောင် ရေးဆွဲမယ်။ ဒီစာအုပ်ကို လေးတန်း ကျောင်း သူ ၊ကျောင်းသားကနေ ၉ တန်းကျောင်းသူ ကျောင်းသား တွေဖတ်ဖို့ ရည်ရွယ်ပါတယ်။ ” ဟု ၄င်းကဆိုသည်။
အဆိုပါ အတ္တုပတ္တိ ကာတွန်းစာအုပ်များအား ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၊ ဓနုမြို့နယ်၊ ဇလွန်မြို့နယ်၊ ဟင်္သာတမြို့နယ်နှင့် အင်္ဂပူမြို့နယ် စုစုပေါင်း ၅ မြို့နယ်အတွင်းရှိ ကျောင်းပေါင်း ၁၂၈၂ တွင် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း နှင့် ယင်းစာအုပ်များအပေါ်တွင် အခြေခံ၍ စာစီစာကုံးပြိုင်ပွဲများ ၊ ပန်းချီပြိုင်ပွဲများ နှင့် ပုံပြော ပြိုင်ပွဲများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းဖြစ်မြောက်ရန်အတွက် The Nippon Foundation နှင့်မြန်မာ့ရှေ့ဆောင်ဘဏ် (Myanmar Apex Bank )တို့မှ ပူးပေါင်း၍ ထောက့်ပံ့ကူညီသွားမည်ဖြစ်ပြီး Myanmar Independent Living Initiative (မသန်စွမ်းရှေ့ဆောင်)အဖွဲ့မှ ပါင်ဝင်ကူညီသွားမည်ဖြစ်ကြောင်းသိရသည်။
နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်

No comments:

Post a Comment