Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 27, 2015

သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ရန်အတွက် သိရှိသူများက ဝိုင်းဝန်းကူညီဆက်သွယ်အကြောင်းကြားကြပါရန်



ဖြစ်စဉ်အကျဉ်း
၁။ ၁၈-၂-၂ဝ၁၅ ရက်နေ့ ဝ၈၄ဝ အချိန်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ နေပြည်တော်-မကွေး-ကံပြားလမ်း၊ မိုင်တိုင်အမှတ်(၃/၃-၄)ကြား ကားလမ်း၏ အရှေ့ဘက်၌ မီးလောင်ကျွမ်းထားသည့် အမျိုးသမီးအလောင်း တစ်လောင်းအား တွေ့ရှိရသဖြင့် တက်ရှိန်းနယ်မြေရဲစခန်း(ပ)၄/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၂/၂ဝ၁ ဖြင့်အမှုဖွင့်ကာ ၁၅-၄-၂ဝ၁၅ ရက်နေ့တွင် မှုခင်းရဲတပ်ဖွဲ့မှ လွှဲပြောင်းစစ်ဆေးခဲ့သည်။
သိမ်းဆည်းရရှိထားသည့် ထင်ရှားသော သက်သေခံပစ္စည်းများ
၂။ သိမ်းဆည်းရရှိထားသော သက်သေခံပစ္စည်းများအနက် ထင်ရှားသောသက်သေခံပစ္စည်း များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) စိန်(၉)လုံးပါ ၁၄ ပဲရည်ရွှေဖြင့် ပြုလုပ်ထားကာ(ပလက်တီနမ်ရည်မှုတ်ထားသည့်) ခန့်မှန်းတန်ဖိုး(၁၅)သိန်းခန့်ရှိ ဟမ်းချိန်း(၁)ခု
( ခ) စိန်(၅၉)လုံးပါ ၁၄ ပဲရည်ရွှေဖြင့် ပြုလုပ်ထားကာ(ပလက်တီနမ်ရည်မှုတ်ထားသည့်) ခန့်မှန်းတန်ဖိုး(၁ဝ)သိန်းကျော်ခန့်ရှိ နံနွင်းမကင်းပုံ စိန်ဆွဲသီး(၁)ခု
( ဂ) ယာဘက်ခြေချောင်းများတွင် ပန်းပွင့်ပုံဆေးဆိုးထားသော ခြေသည်းခွံ(၅)ခု
သေဆုံးသူနှင့်ပတ်သက်၍ စစ်ဆေးတွေ့ရှိချက်များ
၃။ သေဆုံးသူမှာ မျက်နှာဝိုင်း၊ ရှေ့သွား(၂)ချောင်းကြီး၊ ရှေ့အပေါ်သွားများထပ်နေ၊ ခြေသည်း များ၌ ရေဆေးဆိုးထား၊ ခန္ဓာကိုယ်သွယ်၊ အသားဖြူ၊ ဆံပင်အနီရောင်ဆိုးထား၊ ဘလာစီယာနှင့် အတွင်းခံဘောင်းဘီအရောင်တူ အဝတ်အစားမျိုးဝတ်၊ ခေတ်ဆန်သူဖြစ်၊ စိန်ဆွဲသီးဝတ်ဆင်ထားပါသည်။ ဆေးစစ်တွေ့ရှိချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) အသက် (၂၃)နှင့် (၃ဝ)နှစ်ကြား
( ခ) ကိုယ်အလေးချိန် ပေါင်(၉ဝ)ခန့်
( ဂ) အရပ် ၅ ပေခန့်
၅။ အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူအမျိုးသမီး၏အချက်အလက်များနှင့် သိမ်းဆည်း ရရှိထားသည့် အသုံးအဆောင်ပစ္စည်းများအရ မည်သူမည်ဝါဖြစ်ကြောင်း သိရှိသူများက ဝ၆ရ ၄၁၂၅ဝ၂, ဝ၆ရ ၄၁၂၅ဝ၅, ဝ၆ရ ၄၁၂၁၄ဝ ဖုန်းနံပါတ်များသို့ ဆက်သွယ်ကူညီအကြောင်းကြားကြပါရန်။

ရဲဇာနည်

No comments:

Post a Comment