![]() |
(Credit: ABC) |
Podesta Group ဆိုတဲ့ အဖွဲ့ကို ငှားရမ်းခဲ့တာ ဖြစ်ပြီး မြန်မာ အစိုးရ ကောင်းကြောင်းတွေကို နိုင်ငံတကာက သိအောင် အရေးဆို လှုံ့ဆော်ဖို့အတွက် ငှားရမ်းလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက် အရေးကြီးလှတဲ့ ရွေးကောက်ပွဲ မကျင်းပခင်မှာ အခုလို ငှားရမ်းလိုက်တာပါ။
အမေရိကန်နိုင်ငံရေး သမားတွေ မြန်မာ အစိုးရအပေါ် နားလည်မှု နည်းပါးတာတွေကြောင့် မြန်မာအစိုးရအကြောင်း ပိုသိလာအောင် ကြားမှာ လော်ဘီ လုပ်ပေးမယ့် လူတွေကို ငှားရမ်းတာလို့ ပြောဆိုကြပါတယ်။
Podesta Group အနေနဲ့ မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံအကြား ဆက်ဆံရေးမှာ ကူညီပေးမှာ ဖြစ်သလို မီဒီယာနဲ့ ပတ်သက်လာရင်လည်း ကူညီကိုင်တွယ်ပေးမယ်လို့ ဖော်ပြထားပါတယ်။
နိုင်ငံတကာမှာ အရေးဆိုပေးဖို့ လော်ဘီသမားတွေကို မြန်မာ အစိုးရက ၁၉၉၀ ပြည့်နှစ်တွေနဲ့ ၁၉၅၀ ပြည့်နှစ်တွေတုန်းက ငှားရမ်းခဲ့ဖူးသလို ယှဉ်ပြိုင်အစိုးရ ဖြစ်ခဲ့တဲ့ NCGUB မြန်မာနိုင်ငံ ညွှန့်ပေါင်း အစိုးရ အဖွဲ့လည်း ငှားရမ်းခဲ့ဖူးတယ်လို့ The Hill သတင်းမှာ ဖော်ပြထား ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
No comments:
Post a Comment