Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 17, 2015

ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော နှစ်သစ် ဆုတောင်းစကား


 မြန်မာသက္ကရာဇ် ၁၃၇၆- ၁၃၇၇ ခုနှစ် မြန်မာနှစ်ဆန်း တစ်ရက်နေ့ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော နှစ်သစ် ဆုတောင်းစကား

တစ်နှစ်ထက် တစ်နှစ်ပြောင်းသွားတဲ့ အခါကျတော့ နှစ်သစ်ကူးခြင်း နှစ်သစ်ကူး ခြင်းကမတူပါဘူး ဒါပေမယ့်တစ်ခု တူတာဘာလဲဆိုတော့ နှစ်သစ်ကူးအချိန်မှာ အားလုံးကနေပြီးတော့ ဒီနှစ်သစ်ဟာ နှစ်ဟောင်းထက်ပိုပြီးတော့ ချမ်းမြေ့ပါစေ နှစ်ဟောင်းထက်ပိုပြီးတော့ ကောင်းမွန်ကြပါစေလို့ ဆုတောင်းကြတာကြီးပါပဲ၊ ကျွန်မလဲ ဒီအတိုင်း ပါပဲ ကျွန်မတို့နိုင်ငံအတွက် နှစ်သစ်ဟာ နှစ်ဟောင်းထက်ပိုပြီးတော့ ကောင်းစေခြင်တယ် နှစ်သစ်တိုင်းနှစ်သစ် နှစ်သစ်တိုင်းဟာ နှစ်ဟောင်းတိုင်းနှစ်ဟောင်းတိုင်းထက် ပိုပိုပြီးတော့ကောင်းသွားတယ်ဆိုတာဟာ တစ်ကယ်ဒီနိုင်ငံဟာ တိုးတက်နေတယ်ဆိုတာကိုပြတာပဲ ဒါပေမယ့် ဒါတွေဟာ ကျွန်မတို့ ကျိုးစားမှရမယ်ဆိုတာ ကျွန်မခဏခဏပြောပါတယ်၊ အဲ့တော့တိုတိုနဲ့ နှစ်သစ်အတွက်ဆုတောင်းပေးရမယ်ဆိုလို့ရှိရင် ကျွန်မနဲ့ ကျွန်မရဲ့ နိုင်ငံရဲ့ပြည်သူလူထုဟာ နိုင်ငံအကြီုးအတွက် ဆန္ဒတစ်ထပ်တည်းဖြစ်ပြီးတော့ ကျွန်မတို့ရဲ့ဆန္ဒနဲ့ ကျွန်မတို့ရဲ့ လိုအပ်ချက်တွေ ကျွန်မတို့ရဲ့မျှော်လင့်ချက်တွေကို ကျိုးစားအားထုတ်ခြင်းအားဖြင့် အကောင်ထည်ဖော်နိုင်ပါစေ လို့ ဆုတောင်းမေတ္တာပို့ပါတယ်၊ အားလုံးနှစ်သစ်ကူးမှာ ကျန်းမာချမ်းသာကြပါစေ ဘေးဘယာ ဝေးကွာကြပါစေ ကောင်းကျိုးလိုရာ ဆန္ဒအ၀၀နဲ့ ပြည့်စုံကြပါစေ။

National League for Democracy
https://www.facebook.com/NLDParty

No comments:

Post a Comment