Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 29, 2015

လျောင်နင်လေယာဉ်တင် သင်္ဘောပေါ်တွင် J-15 တိုက်လေယာဉ်များ တင်ဆောင်ထားပြီဟုဆို




ပေကျင်း ၊ ၂၉-၄-၂၀၁၅

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်သည် လျောင်နင် လေယာဉ်တင် သင်္ဘောပေါ်တွင် J-15 တိုက်လေယာဉ်များ တင်ဆောင် ထားပြီ ဖြစ်ကြောင်း ပေကျင်းမြို့ အခြေစိုက် Sina Military Network စာစောင်က ဖော်ပြခဲ့သည်။

J-15 တိုက်လေယာဉ် လေးစင်းကို လျောင်နင် လေယာဉ်တင် သင်္ဘောပေါ်သို့ ရွှေ့ပြောင်း တင်ဆောင် ထားသည့် ဓာတ်ပုံများ မကြာသေးမီက ဖော်ပြ ခဲ့ကြောင်းနှင့် အဆိုပါ လျောင်နင် လေယာဉ်တင် သင်္ဘောသည် J-15 တိုက်လေယာဉ် ၂၄ စင်းအထိ တင်ဆောင် နိုင်ကြောင်း သိရသည်။

လျောင်နင် လေယာဉ်တင် သင်္ဘောသည် ၂ဝ၁၅ ခုနှစ်အတွင်း ပထမဆုံး အကြိမ် ရေတပ်စစ်ရေး လေ့ကျင့်ခန်းကို တရုတ်နိုင်ငံ အရှေ့မြောက် ဘက်ရှိ ဘိုဟိုင်း ပင်လယ်အော် တွင် ဧပြီ ၁ဝ ရက်မှ ၁၈ ရက် အထိပြုလုပ် ခဲ့ကြောင်း အမည်မဖော် လိုသော သတင်း အရင်းအမြစ် များက ပြောကြားခဲ့သည်။

လေယာဉ်မှူးများ အနေဖြင့် လေယာဉ်တင် သင်္ဘောပေါ်၌ တာဝန် ထမ်းဆောင်မည့် အတွေ့အကြုံ ရရှိစေရေး အထောက်အကူ ပြုရန်အတွက် အဆိုပါ လေ့ကျင့်ခန်းတွင် လေယာဉ်တင် သင်္ဘောပေါ်မှ တိုက်လေယာဉ်များ အတက်/အဆင်း လေ့ကျင့်ခန်းများ အပါအဝင် လေယာဉ်တင် သင်္ဘော အခြေစိုက် တိုက်လေယာဉ်များ လေ့ကျင့်မှု အမျိုးမျိုး ပါဝင် ခဲ့သည်။

လက်ရှိ အချိန်တွင် လေယာဉ်တင် သင်္ဘော အခြေစိုက် J-15 တိုက်လေယာဉ် ဆိုင်ရာ အချက်အလက် များကို တရားဝင် ထုတ်ပြန် ကြေညာ ထားခြင်း မရှိသေး သော်လည်း ၄င်း တိုက်လေယာဉ် သည် ရုရှားနိုင်ငံ ထုတ် Su-33 တိုက်လေယာဉ်ကို အခြေခံ ထုတ်လုပ် ထားခြင်း ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး ယင်း တိုက်လေယာဉ် သည် အသံထက် ၂ ဒသမ ၄ ဆ အမြန်နှုန်း သို့မဟုတ် ၁ နာရီ ၃ဝဝဝ ကီလိုမီတာ အကွာအဝေး ထိ ပျံသန်း နိုင်သည့် ပြည်တွင်းထုတ် WS 10 A အင်ဂျင် နှစ်လုံး တပ်ဆင် ထားကြောင်းနှင့် PL-8 နှင့် PL-12 ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်လေးစင်း တင်ဆောင် နိုင်ကြောင်း Sina Military Network စာစောင်က ဖော်ပြခဲ့သည်။

#PyiChitThar

No comments:

Post a Comment