Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, April 5, 2015

နဝမ မြောက်ဆင်ဖြူတော်


နဝမ မြောက်ဆင်ဖြူတော်သည် ဆင်မယဉ်သာဖြစ်ပြီး အသက် အားဖြင့် ခုနစ်နှစ်ခန့်ရှိပါသည်။ ခန့်မှန်ခြေအားဖြင့် အရပ် အမြင့် ၆ ပေ ၃ လက်မ၊ ကိုယ်လုံးပတ် ၈ ပေ ၈ လက်မ ရှိပြီး အမြီးတံခါးစောင်း ၂ ပေ ၇ လက်မ ရှိကြောင်း သိရပါသည်။ ဆင်ဖြူတော်၏ကျောမှာ ငှက်ပျောကိုင်း သဏ္ဌာန်ရှိပြီး နားရွက်အရွယ်အစားမှာ အလယ်အလတ် ဖြစ်ပါသည်။

ဆင်ဖြူတော်၏ မျက်လုံးမှာ ပုလဲရောင်နှင့် အသားအရောင်မှာ ပန်းနုရောင်ဖြစ်ပါ သည်။ ခြေသည်း မှာ ရှေ့(၅x၅) လက်မ၊ နောက်(၄x၄)လက်မဖြစ်ပြီး ဆင်ဖြူ တော်၏ ကြန်အင်များသည် ကျမ်းဂန်လာဆင်ဖြူတော် လက္ခဏာများနှင့် ညီညွတ်ကြောင်း လေ့လာ သိရှိရပါသည်။

နဝမမြောက်ဆင်ဖြူတော်ရတနာကို ရရှိသည့်နေ့မှ စ၍ ရေသိုးမှိန်းသင် ဆင်စခန်းတွင် ပုခက်သွင်း လေ့ကျင့် ခဲ့ပြီး လူများနှင့် ကျွမ်းဝင် ယဉ်ပါးလာခဲ့ပြီဖြစ်ရာ ယခုအခါ နေပြည်တော်တွင် ယခင်ဆင်ဖြူတော်များနှင့် အတူထားရှိ

စောင့်ရှောက်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။ နဝမ မြောက် ဆင်ဖြူတော် ရတနာအား ၂ဝ၁၅ ခုနှစ် ဧပြီ ၆ ရက် တွင် တာဝန်ရှိသူများနှင့် ပြည်သူလူထုအပေါင်းမှ ကြိုဆိုကြမည် ဖြစ်ပါသည်။

ထို့နောက် မင်္ဂလာအချိန်တွင် ဆင်ဖြူ တော်ရတနာဆောင်၌ အန္တရာယ်ကင်း မင်္ဂလာ၊ အဆောင်တော် သွင်းမင်္ဂလာ၊ အစာကျွေးမွေးခြင်း မင်္ဂလာ၊ နေ/လပြမင်္ဂလာ၊ ဘွဲ့နာမည် အမည်တော်ပေးမင်္ဂလာ၊ လက်ဆောင်/လက်ဖွဲ့ပေးအပ် ခြင်း မင်္ဂလာတို့ဖြင့် အသီးသီး ဆင်ယင်ကျင်းပမည် ဖြစ်ပါ သည်။

Source from MOI

No comments:

Post a Comment