Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 21, 2015

ငါးလကြာ တွဲခဲ့ပြီးနောက် ပက်ထရစ်ရှာဝါဇင်းဂါးနဲ့ လမ်းခွဲခဲ့တဲ့ မိုင်လေဆိုင်းရက်စ်

Written by Mizzima News

 မေးအွန်လိုင်း (နယူးယော့ခ်)။ ။

 နာမည်ကျော် အဆိုတော် မိုင်လေဆိုင်းရက်စ်သည် ချစ်သူဖြစ်သူ မော်ဒယ် ပက်ထရစ်ရှာဝါဇင်းဂါးနှင့် ငါးလကြာတွဲခဲ့ပြီးနောက် ယခုအခါ လမ်းခွဲခဲ့ပြီ ဖြစ်သည်။ Mai-s အသက် ၂၂ နှစ်အရွယ်ရှိ မိုင်လေနှင့် အသက် ၂၁ နှစ်အရွယ်ရှိ ပက်ထရစ်တို့သည် လမ်းခွဲခဲ့ပြီဖြစ်ကြောင်း သတင်းအရင်းအမြစ်များက အွန်လိုင်းပေါ်တွင် ပြောကြားခဲ့ကြောင်း ဧပြီ ၂၀ ရက်ထုတ် E!News တွင် ဖော်ပြထားသည်။ မိုင်လေနှင့် ပက်ထရစ်တို့သည် လမ်းခွဲခဲ့ပြီဖြစ်ကြောင်းနှင့် ၎င်းတို့နှစ်ဦးသည် ယခုအချိန်ထိ တရားဝင် အတည်ပြုပြောကြားခဲ့ခြင်း မရှိကြောင်း People မဂ္ဂဇင်းတွင် ဖော်ပြထားသည်။ ပက်ထရစ်ကို မက္ကဆီကိုတွင် မိန်းကလေးနှစ်ဦးနှင့် ပါတီပွဲအတူတက်နေသည်ကို တေ့မြင်ခဲ့ပြီးနောက် မိုင်လေနှင့် ပက်ထရစ်တို့၏ ဆက်ဆံရေးတွင် တင်းမာမှုများ ရှိခဲ့ကြသည်။ ပက်ထရစ်ကို မတ် ၁၅ ရက်က Mango Deck စားသောက်ဆိုင်တွင် ဘစ်ကနီ ဝတ်ဆင်ထားသော မိန်းကလေး တစ်ဦးနှင့်အတူ ပါတီပွဲတက်နေသည်ကို တွေ့ရှိခဲ့သည်။ ထို့အပြင် ပက်ထရစ်ကို ဧပြီ ၁၉ ရက်က မက္ကဆီကိုနိုင်ငံ ကာဘိုဆန်လုကက်စ်မြို့တွင် ပြုလုပ်သော ပါတီပွဲတွင် ရည်စားဟောင်းဖြစ်သူ တေလာဘန်းနှင့်အတူ တွေ့ရှိခဲ့သည့် ဓာတ်ပုံများ ထွက်ပေါ်ခဲ့သည်။ အဆိုပါဓာတ်ပုံတွင် ပက်ထရစ်သည် အကျီပါရှိခြင်းမရှိဘဲ တေလာဘန်းသည် ရေကူးဝတ်စုံ ဝတ်ဆင်ထားသည်ကို တွေ့ရှိခဲ့ကြောင်းနှင့် ပက်ထရစ်သည် မိုင်လေနှင့် မတွဲခင် တေလာဘန်းနှင့် တစ်နှစ်ကြာအောင်တွဲခဲ့သည်။” အဆိုပါဓာတ်ပုံတွေကြောင့် စိတ်ကသိကအောက် ဖြစ်ခဲ့ရပါတယ်” ဟု မိုင်လေက ပြောကြားခဲ့သည်။ “မိုင်လေဟာ ဓာတ်ပုံတွေကြောင့် မပျော်မရွှင် ဖြစ်နေပါတယ်။ ဓာတ်ပုံတွေဟာ သူနှင့် ပက်ထရစ်ကို စိတ်ကသိကအောက် ဖြစ်စေပါတယ်။သူတို့နှစ်ဦးဟာ ဒီကိစ္စကို ဖြေရှင်းဖို့ ကြိုးစားနေပါတယ်” ဟု အတွင်းလူတစ်ဦးက People မဂ္ဂဇင်းကိုပြောကြားခဲ့သည်။ မိုင်လေနှင့် ပက်ထရစ်တို့ကို ယခုလအစောပိုင်း ဧပြီ ၂ ရက်က လော့စ်အိန်ဂျလိစ်မြို့တွင် အတူ နေလယ်စာစားခဲ့ကြသည်ကို တွေ့ရှိခဲ့ကြသည်။

 http://www.mizzimaburmese.com/2013-10-20-16-16-07/2014-04-01-06-37-42/item/43325-2015-04-21-09-12-02

No comments:

Post a Comment