Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 21, 2015

LG က စမတ်ဖုန်းသစ် G4 ကို မေ ၃၁ တွင် မိတ်ဆက်မည်

Written by  CNET

(ကယ်လီဖိုးနီးယား)။ ။ တောင်ကိုရီးယား အခြေစိုက် နည်းပညာကုမ္ပဏီ LG က ၎င်းတို့၏ စမတ်ဖုန်းသစ် LG G4 ကို မေလ ၃၁ ရက် တွင် မိတ်ဆက်လိမ့်မည်ဟု CNET သတင်းဌာနက ဖော်ပြထားသည်။
LG
တောင်ကိုရီးယား နိုင်ငံအတွင်းမှ ၀ယ်ယူသူများအတွက် 64 GB SD ကတ် နှင့် တစ်နှစ်အတွင်း မျက်နှာပြင် အစားထိုးမှုအတွက် အခမဲ့ ၀န်ဆောင်မှု များပေးသွားမည်ဟုလည်း CNET က ဆိုသည်။
LG G4 ကို မေလ ၃၁ ရက်တွင် တောင်ကိုရီးယားနိုင်ငံတွင်သာ မိတ်ဆက်ဖွယ်ရှိသည်ဟုလည်း သတင်းများက ဖော်ပြကြသည်။ ၂၀၁၄ ခုနှစ်အတွင်းက LG G3 ကို တောင်ကိုရီးယားနိုင်ငံတွင်သာ စတင်မိတ်ဆက်ခဲ့ပြီး နောက်ပိုင်းတွင်မှ အခြားနိုင်ငံများတွင် မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။
LG က ဈေးကွက်ဝေစု ပိုမိုရရှိနိုင်ရန်အတွက် ပထမ တစ်နှစ်အတွင်း မျက်နှာပြင် ထိခိုက်မှုများအတွက် အစားထိုး လဲလှယ်ခြင်းကို အခမဲ့ပေးသွားမည်ဖြစ်သည်ဟု CNET က ဆိုသည်။
စမတ်ဖုန်းဈေးကွက်အတွင်း Apple နှင့် Samsung တို့ လွှမ်းမိုးနေခြင်းကို LG က ၎င်းတို့၏ G3 နှင့် ဈေးကွက်ဝေစု ရရှိနိုင်ရန် ၂၀၁၄ ခုနှစ်အတွင်း လုပ်ဆောင်နိုင်ခဲ့သည်။ မေလကုန်ပိုင်းတွင် စတင်မိတ်ဆက်မည့် G4 သည် LG ကို ဈေးကွက်အတွင်းနေရာတစ်ခု ရရှိစေရန် ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟုလည်း သတင်းများက သုံးသပ်ဖော်ပြကြသည်။
LG သည် ၂၀၁၄ ခုနှစ်အတွင်းက တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီများဖြစ်သည့် Huawei, Xiaomi,Lenovo စသည့် ကုမ္ပဏီများနှင့် ယှဉ်ပြိုင်ခဲ့ရပြီး ကမ္ဘာ့စမတ်ဖုန်းဈေးကွက်၏ ၄ ဒသမ ၂ ရာခိုင်နှုန်းကို ရယူနိုင်ခဲ့ပြီး စတုတ္ထနေရာတွင် ရပ်တည်နိုင်ခဲ့သည်။
G4 တွင် ကင်မရာအရည်အသွေး 16MP ရှိမည်ဖြစ်ပြီး ရှေ့ကင်မရာ 8MP တပ်ဆင်ထားသည်ဟုလည်း သတင်းများက ဖော်ပြကြသည်။ သို့သော် LG က အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိသေးပေ။ LG တို့က G4 ကို အရွယ်အစား ၅ ဒသမ ၅ လက်မဖြင့် ထုတ်လုပ်ထားပြီး မျက်နှာပြင် အရည်အသွေး 2560 x 1440 pixel ရှိမည်ဖြစ်သည်။
သာမာန်မျက်နှာပြင်များထက် အရည်အသွေး ပိုမိုကောင်းမွန်မည်ဖြစ်သည်ဟု CNET က ညွှန်းဆိုထားသည်။ 2.5GHz Qualcomm Snapdragon CPU ကိုအသုံးပြုထားပြီး ဖုန်းအတွင်း သိုမှီးနိုင်မှု ပမာဏ 16GB သို့မဟုတ် 32GB နှင့် ထုတ်လုပ်ဖွယ်ရှိသည်ဟု CNET က ဆိုထားသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2014-09-12-10-43-43/item/43314-lg-g4

No comments:

Post a Comment