Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 29, 2015

တရုတ် ရုပ်မြင်သံကြား ရှိုးအစီစဉ်တွင် ဂျီချောင် ပါဝင်သရုပ်ဆောင်သွားမည်



ကေပေါ့ဟာရယ် (ဆိုးလ်)။ ။ တောင်ကိုရီးယား မင်းသား ဂျီချောင်သည် တရုတ် ရုပ်မြင်သံကြားကွန်ရက် ဟူနန်က ထုတ်လွှင့်နေသော တရုတ် ရုပ်မြင်သံကြား ရှိုးအစီစဉ်တွင် အထူးဧည့်သည့် သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ် မီဒီယာတစ်ခုက ဧပြီ ၂၇ ရက်တွင် ပြောကြားထာသည်။ ဂျီသည် တရုတ်နိုင်ငံ Changsha မြို့တွင် ဧပြီ၂၈ရက်တွင် ရှိုးအစီစဉ်အတွက် ရိုက်ကူးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အသက် ၂၇ နှစ်အရွယ်ရှိ ဂျီသည် Healer ဒရမ်မာဇာတ်ကား နောက်ဆုံးပိုင်းတွင် ပါဝင်သရုပ်ဆောင်ရန် တရုတ်နိုင်ငံသို့ ဧပြီ ၂၆ ရက်က ထွက်ခွာခဲ့ကြောင်းနှင့် ယင်းနောက်တွင် အစီစဉ်တွင် စတင်သရုပ်ဆောင်သွားမည်ဟု မျှော်မှန်းထားသည်။ ဟူနန် ရုပ်မြင်သံကြားအစီစဉ်မှ ထုတ်လွှင့်နေသာ Happy Camp ရှိုးအစီစဉ်သည် လူကြိုက်များသော အစီစဉ် တစ်ခုဖြစ်ပြီး ၁၉၉၇ ခုနှစ် ဇူလိုင်လက စတင်ထုတ်လွှင့် ပြသခဲ့ခြင်းဖြစ်ကာ လူကြိုက်များမှုများကြောင့် ယင်းအစီစဉ်ကို ဆက်လက်ထုတ်လွှင့်လျက်ရှိသည်။ အဆိုပါရှိုးအစီစဉ်ကို လီဂျောင်ဂီ၊ ရိန်း၊လီမင်ဟိုနှင့် Psy ကဲ့သို့သော တောင်ကိုရီးယား အနုပညာရှင်များက အစီစဉ်မှူးအဖြစ် ဆောင်ရွက်ပေးခဲ့သည်။

 mizzima

No comments:

Post a Comment