ကင်ဆာရောဂါကြောင့် ငါးနှစ်သာအသက်ရှင်နေထိုင်ခွင့်ရတော့မယ်လို့ ဆရာဝန်တွေက ပြောခဲ့တဲ့ လူနာရှင်အမျိုးသမီးတစ်ဦးဟာ နာနတ်သီးပုံမှန်စားပြီး သူမရဲ့ခင်ပွန်းနဲ့လည်း လမ်းခွဲပြီးနောက်ပိုင်း ကင်ဆာရောဂါ ပျောက်ကင်းသွားခဲ့ပါတယ်။
Candice လို့အမည်ရတဲ့ အမျိုးသမီးဟာ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဟက်ဖို့ဒ်ရှိုင်းယားမှာ နေထိုင်သူဖြစ်ပါတယ်။ ကင်ဆင်ကြောင့် အချိန်ကြာကြာနေခွင့်မရတော့တဲ့ သူမကို ဓါတ်ကင်ပြီးကုသဖို့ ဆရာဝန်တွေက အကြံပေးခဲ့ပေမယ့် သူမကလက်မခံခဲ့ပဲ ငှက်ပျောသီး၊ နာနတ်သီး၊ ကီဝီသီး စတဲ့အသီးတွေကို ပုံမှန်စားသုံးခဲ့ပါတယ်။ ဆရာဝန်တွေဆီက စစ်ချက်ထွက်လာပြီးနောက်ပိုင်း သူမဘဝမှာ အနှောက်အယှက်ဖြစ်စေတဲ့ အရာတွေကို ဘာမှမလုပ်ဖို့ဆုံးဖြတ်ခဲ့တယ်လို့ Candice ကပြောပါတယ်။ ကောင်းမွန်တဲ့ဘဝကို ဆက်လျှောက်လှမ်းနိုင်ဖို့မအတွက် သူမရဲ့ခင်ပွန်းနဲ့လည်း လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အရက်၊ ဆေးလိပ် စတာတွေ လုံးဝမသောက်တော့ပဲ ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်ခဲ့ပြီးတဲ့နောက် အုချိန်မှာ ကင်ဆာရောဂါပျောက်ကင်းလုနီးပါး ဖြစ်သွားခဲ့ပါပြီ။
သူမဟာ ဒီရောဂါကြောင့် ခွဲစိပ်မှုတွေ ပြုလုပ်ခဲ့ရပြီး အသားစပေါင်း ၂၀ လောက်လည်း ထုတ်ခဲ့ရဖူးသူဖြစ်ပါတယ်။ ကင်ဆာရောဂါသတ်မှတ်ချက် အဆင့်-၄ ရှိနေရာကနေ အမျိုးသားနဲ့လမ်းခွဲ၊ အသီးအနှံတွေ စားသောက်ပြီး ခြောက်လအတွင်းမှာ ရောဂါအဆင့် ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ အခုတော့ သူမဟာ ကိုယ်ပိုင်ဝက်ဆိုက်တစ်ခု တည်ထောင်ထားပြီး သူမလိုရောဂါခံစားနေရသူတွေကို အားပေးကူညီသူအဖြစ် အလုပ်လုပ်နေပါတယ်။
PlanetMyanmara
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, March 30, 2015
ဒုက္ခပေးတဲ့ ခင်ပွန်းနဲ့ကွာရှင်းပြီး အသီးအနှံတွေ စားခဲ့လို့ ကင်ဆာပျောက်ကင်းသွားသူ smile emoticon
ဒုက္ခပေးတဲ့ ခင်ပွန်းနဲ့ကွာရှင်းပြီး အသီးအနှံတွေ စားခဲ့လို့ ကင်ဆာပျောက်ကင်းသွားသူ smile emoticon
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 30, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment