CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, March 6, 2015
ကယ်လီဖိုးနီးယား ဂေါ့ဖ်ကွင်းထဲကို မင်းသားကြီး Harrison Ford ကိုယ်တိုင်မောင်း လေယာဉ်ပျက်ကျခဲ့
လေယာဉ်မောင်းရတာ ၀ါသနာပါတဲ့ ဟောလီးဝုဒ် ရုပ်ရှင်မင်းသားကြီး Harrison Ford သူ့ရဲ့ ကိုယ်ပိုင် လေယာဉ်ကိုမောင်းနှင်နေစဉ်မှာပဲ ကယ်လီဖိုးနီးယားပြည်နယ် ဂေါ့ဖ်ကွင်းထဲကို လေယာဉ်ပျက်ကျ ခဲ့ရပါတယ်။ Harrison Ford ဟာ သူ့ရဲ့ ရှေးဟောင်း ၂ ယောက်စီး လေယာဉ်ငယ်ကို ကိုယ်တိုင်မောင်းနှင်နေစဉ်မှာ အင်ဂျင်လုပ်ဆောင်မှု ရပ်နားသွားပြီး လေယာဉ်ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ Santa Monica လေဆိပ်မှ လေကြောင်းညွှန်ကြားရေးအဖွဲ့ထံသို့ လေယာဉ်အခြေအနေ ကို အကြောင်း ကြား ပြီးပြီးချင်းပဲ အရေးပေါ် ဆင်းသက်ခွင့် ရရှိခဲ့တဲ့အတွက် မြေပြင်ပေါ်ကို ထိုးဆင်းခဲ့တာ ဖြစ်တယ်လို့ သက်ဆိုင်ရာက တရားဝင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ထိုဂေါ့ဖ်ကွင်းထဲမှာရှိတဲ့ ဂေါ့ဖ်ရိုက်သမားတွေက ကူညီပြီး Harrison Ford ကို ဆေးရုံ ပို့ဆောင်ပေးကြပြီး Ford ဟာ ဦးခေါင်းမှာ ဒဏ်ရာရရှိခဲ့ပြီး အခုအချိန်မှာ စိတ်ချရတဲ့ အခြေအနေ သို့ရောက်ရှိပြီဖြစ် တယ်လို့ လည်း သိရပါတယ်။ အသက် ၇၂ နှစ် အရွယ်ရှိပြီဖြစ်တဲ့ Indiana Jones ဇာတ်လမ်းရဲ့ မင်းသား Harrison Ford ဟာ ၁၉၉၉ ခုနှစ် အောက်တိုဘာလကလည်း ဟယ်လီကော်ပတာ ပျက်ကျခဲ့ဖူးပြီး ၂၀၀၀ ခုနှစ် နွေရာသီကလည်း Nebraska ပြည်နယ်ထဲမှာ ၆ ယောက်စီး လေယာဉ်ကို တစ်ခါ ပျက်ကျခဲ့ဖူးပါတယ်။
Ref:starpulse.com
http://www.trend.com.mm/2015/03/06/news-5983
ကယ်လီဖိုးနီးယား ဂေါ့ဖ်ကွင်းထဲကို မင်းသားကြီး Harrison Ford ကိုယ်တိုင်မောင်း လေယာဉ်ပျက်ကျခဲ့
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 06, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment