Ex-CIA director David Petraeus to plead guilty to giving top secret files to his biographer and mistress
ဝါရှင်တန် ၊ ၅-၃-၂၀၁၅
အမေရိကန် ဗိုလ်ချုပ်ကြီး ဟောင်း တစ်ဦးဖြစ်ပြီး စီအိုင်အေ အကြီးအကဲ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့် ဒေးဗစ် ပီထရေးယက်စ် သည် နိုင်ငံ၏ ထိပ်တန်း လျှို့ဝှက်သတင်း များကို ၄င်း၏ချစ်သူ အမျိုးသမီးထံ ပေးအပ် ခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း သိရသည်။
ပီထရေးယက်စ် အနေဖြင့် အပြစ်ရှိကြောင်း ခံဝန်ချက် ပေါ်တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း၊ ယင်းကဲ့သို့ လက်မှတ် ရေးထိုးမှုသည် ၄င်းအနေဖြင့် သတင်း အချက်အလက် ပေါက်ကြား စေသည့် ပြစ်မှု အမှန်တကယ် ကျူးလွန်ခဲ့ကြောင်း၊ အာဖဂန်နစ္စတန် နိုင်ငံတွင် နေတိုးအဖွဲ့၏ တပ်မှူးအဖြစ် တာဝန်ထမ်းဆောင် ခဲ့စဉ် အချိန်တွင် အမျိုးသား ကာကွယ်ရေး ဆိုင်ရာ သတင်း အချက်အလက် နှင့် ထိပ်တန်းလျှို့ဝှက် သတင်းများ ပါဝင်သော စာအုပ် ရှစ်အုပ်ကို ၄င်း၏ ချစ်သူဖြစ်သူ ပေါလာ ဘရော့ဒ်ဝဲလ် ထံ ပေးခဲ့ကြောင်းကို အမေရိကန် တရားရေး ဌာနမှ ထုတ်ပြန်ချက် အရ သိရသည်။
ခံဝန်ချက်တွင် လက်မှတ်ရေးထိုး ခဲ့ခြင်းကြောင့် ဗိုလ်ချုပ်ကြီး ဟောင်း ပီထရေးယက်စ် အား နှစ်နှစ်ကြာခန့် ခံဝန်ချုပ်ဖြင့် လွှတ်ပေးမည် ဖြစ်ပြီး ဒဏ်ကြေးငွေ အမေရိကန်ေ ဒ်ါလာ ၄ဝဝဝဝ သတ်မှတ် ခဲ့ကြောင်း သိရသည်။
#PyiChitThar
No comments:
Post a Comment