CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, March 6, 2015
သက်မွန်မြင့်ရဲ့ မိခင်လောင်းဘဝ ရင်ခုန်သံ
ကိုယ်ဝန်ခုနစ်လနဲ့ မိခင်လောင်းသက်မွန်မြင့်က သင်္ကြန်တွင်းမှာ သားဦးလေးကိုမွေးဖွားတော့ မယ်လို့ ဆိုပါတယ်။ ဆေးရုံကိုတော့ အတိအကျမရွေးချယ်ရသေးပေမယ့် ပန်းလှိုင်ဆေးရုံနဲ့ ဝိတိုရိယ တစ်ခုခုဖြစ် မယ်လို့လည်းဆိုပါတယ်။ ပထမဦးဆုံးရင်သွေးလေးနဲ့ပတ်သက်တဲ့ရင်ခုန်မှုအကြောင်းကို မေးမြန်းဖြစ်ခဲ့ပါတယ်။ မေး - ပထမဆုံးကိုယ်ဝန်နဲ့ပတ်သက်ပြီး သက်မွန် ဘယ်လိုဂရုစိုက်ဖြစ်နေလဲ။ ဖြေ - အစားအသောက်တွေဆင်ခြင်ရတယ်၊ အနေအထိုင်တွေဆင်ခြင်ရတယ်။ အခုလရင့်လာတော့ အလေး အပင်တွေမလို့ မရဘူးပေါ့နော်။ လရင့်လာတော့ အရင်ကထက် ပိုပြီးဆင်ခြင်ရတယ်။ သွားတာလာတာ၊ လူက နည်းနည်းလေး လေးလာတော့လေ။ မေး - ကလေးစလှုပ်တဲ့ခံစားမှုက ဘယ်လိုရှိလဲ။ ဖြေ - ကလေးကန်တာ သက်မွန်ကစောတယ်။ ငါးလမပြည့်တပြည့်မှာ စကန်တယ်။ စကန်တဲ့အချိန်မှာ လူက ကလေးနဲ့ တိုက်ရိုက်ထိတွေ့ ရတာပေါ့လေ။ အာထရာဆောင်းရိုက်တော့ သူ့ကိုမြင်နေရတာ ခံစား မှုတစ်ခု၊ ကလေးစကန်တော့ တကယ်ကိုယ့်ဗိုက်ထဲကကလေးက တကယ်ရှိနေတာကို ယုံကြည်ပြီး အရမ်း ကြည်နူးရတယ်။ ဒါပေမဲ့ လရင့်လာတော့ လူက တအားကန်တော့ နာတာပေါ့နော်။ အဲဒီအခါကျတော့လည်း နာကျင်မှုနဲ့အတူ ကြည်နူးမှုပါတွဲလာတယ်။ သြော်ငါ့ကလေး ဒီလိုမျိုး လှုပ်ရှားလာတယ် ဆိုတာမျိုးကိုပေါ့။ မေး - ကိုယ်ဝန်ရလာတဲ့အချိန်မှာ အရင်ကသက်မွန်မြင့်နဲ့ ဘာတွေကွာသွားလဲ။ ဖြေ - အများကြီးတော့မပြောင်းလဲပေမယ့် စိတ်တွေတော့ ပြောင်းလဲလာတယ်။ မေး - ကလေးနဲ့ပတ်သက်လို့ အိပ်မက်မက်တာတွေရော ရှိခဲ့လား။ ဖြေ - သက်မွန်ကျတော့ ကလေးရှိမှန်းမသိခင်က မက်တာ။ အဘွားကိုမက်တယ်။ ချင်းတောင်က အဘွား ကိုပေါ့။ ဆုံးသွားပါပြီ။ ကြာပြီ။ ဘွားဘွား သမီးမှာ ကိုယ်ဝန်ရှိနေပြီဆိုပြီး ပြောပြနေတာ။ ကိုယ်ကကိုယ် ဝန်ရှိမှန်းမသိသေးဘူး။ နှစ်ခါမက်တယ်။ နှစ်ခါသူ့ကိုပြောပြပြီးတော့မှ ကိုယ်ဝန်ရှိမှန်းသိတာ။ ကိုယ်ဝန် ရှိမှန်းသိပြီးနောက်မှာ ဘုရားသုံးဆူ အိမ်မှာ ကြွလာတယ် ဆိုတာမက်တယ်။ အဲဒီနောက်ပိုင်းတော့ ဘာမှမမက်တော့ဘူး။ မေး - မမွေးရသေးတဲ့ကလေးလေးအတွက်ရော ဘယ်လိုတွေ ပြင်ဆင်နေပြီလဲ။ ဖြေ - တချို့ကတော့ ဘာမှကြိုပြီးမလုပ်ရဘူး လို့တော့ ပြောတယ်။ သက်မွန်က သင်္ကြန်တွင်းဆိုတော့ မလုပ်လို့မရဘူး။ အကုန်ပြင်ဆင်ထားရတယ်။ အဝတ်အစားတွေရော။ ဆေးရုံ မှာလိုအပ်မယ့်ဟာတွေရော။ သင်္ကြန်ဆိုတော့ ဆိုင်ပိတ်မှာနဲ့၊ ဘာနဲ့ဆိုတော့လေ။ သွားရလာရ ခက်ခဲမှာနဲ့ဆိုတော့ အကုန်ကြိုပြင်ဆင်ထားရတယ်။ မေး - ကိုယ်ဝန်ဆောင်ထားတဲ့အချိန်မှာ ဘာသာရေးနဲ့ပတ်သက်လို့ရော ထူးထူးခြားခြားလုပ်ဖြစ်တာရှိမလား။ ဖြေ - ဘာသာရေးက အရင်ကတည်းကလုပ်ဖြစ်နေကျဆိုတော့ အခုကပိုပြီး လုပ်ဖြစ်လာတယ်။ အလုပ်လည်းနားထားတော့ အချိန်ပိုတွေလည်း ပိုထွက်လာတယ်။ ပိုပြီး စိုးရိမ်စိတ် တွေ များနေတာပေါ့နော်။ ကလေး လူ့လောကထဲ ရှောရှောရှူရှူရောက်လာဖို့ကိုတော့ ဆုတောင်းရတာပေါ့။ မေး - သားဦးလေးအပေါ်ခံစားမှုကရော။ သက်မွန်က ဘာလေးလိုချင်တာလဲ။ ဖြေ - အမျိုးသားကတော့ ယောက်ျားလေးလို့ပြောလိုက်တာ တော်တော်ပျော်နေတယ်။ သက်မွန်ကတော့ မိန်းကလေးလိုချင်တယ်။ အဖော်လည်းရတယ်။ မိန်းကလေးဆိုတော့ ပြင်ရ ဆင်ရ အဲလိုလုပ်ချင်တာလေ။ ယောက်ျားလေးဆိုလည်း ချစ်ပါတယ်။ ကိုယ့်ကလေးဆိုတော့ ချစ်ပါတယ်။ မေး - ဇာတ်ကားရိုက်ကူးမှုပိုင်းနဲ့ပတ်သက်လို့ရော။ ဖြေ - သက်မွန်ကိုယ်ဝန်စရှိကတည်းက နားထားတာ။ သက်မွန်က သိပ်နေမကောင်းဘူး။ ကလေးကံပေါ့နော်။ သူဌေးကံပါတာပေါ့လေ။(ရယ်လျက်)။ အလုပ်လုပ်လိုက်တာနဲ့ ပင်ပန်းပြီး ဖျားတယ်။ အလုပ်လုပ်တာနဲ့ ပင်ပန်းပြီးဖျားတယ်။ ကလေးမွေးပြီးမှပဲ ကားရိုက်ဘက် လှည့်ဖြစ်တော့မှာပါ။ #TheYangonTimes Yangon Media Group
သက်မွန်မြင့်ရဲ့ မိခင်လောင်းဘဝ ရင်ခုန်သံ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 06, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment