CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, March 6, 2015
ပဲရစ်မြို့အလယ်ပိုင်းရှိ ဈေးဝယ်စင်တာ တစ်ခု၏အောက်ခြေတွင် လူအရိုးစု ၂၀၀ ပါဝင်သည့် ရှေးဟောင်းသင်္ချိုင်းကြီးတစ်ခု တွေ့ရှိ
ပြင်သစ်နိုင်ငံမှ ရှေးဟောင်း သုတေသန ပညာရှင်များသည် ပဲရစ်မြို့ အလယ်ပိုင်း ရှိ ဈေးဝယ်စင်တာ တစ်ခု၏ အောက်ခြေတွင် လူ ၂ဝဝ ကျော်၏ အရိုးစုများ ပါဝင်သည့် ရှေးဟောင်း သင်္ချိုင်းကြီး တစ်ခုကို ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရသည်။ အဆိုပါ သင်္ချိုင်းကြီးကို Monoprix Supermarket ကုမ္ပဏီက Boulevard Sebastopol အမည်ရှိ ဈေးဝယ်စင်တာ ၏ အောက်ခြေကို ထပ်မံတိုးချဲ့ရန် အတွက် ၄င်းစင်တာ၏ အောက်ခြေအား စစ်ဆေးရန် ပြင်သစ် အမျိုးသား ရှေးဟောင်း သုတေသန ထိန်းသိမ်း ကာကွယ်ရေး တက္ကသိုလ်မှ သုတေသန ပညာရှင် များအား ဖိတ်ခေါ် ခဲ့ပြီးနောက် ယခုကဲ့သို့ အရိုးစုများကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ၄င်းဈေးဝယ် စင်တာ တည်ဆောက် ထားသည့် နေရာသည် ယခင် ၁၂ ရာစုနှင့် ၁၇ ရာစုအတွင်းက ဆေးရုံတစ်ရုံ တည်ဆောက် ထားခဲ့ကြောင်း Telegraph သတင်းဌာနက ထုတ်ပြန် ခဲ့သည်။ အလားတူ ၄င်းတက္ကသိုလ် မှ သုတေသန ပညာရှင်များသည် အဆိုပါ သင်္ချိုင်းကြီးတွင် သီးသန့်အခန်း ရှစ်ခန်းထက် မနည်းကို တွေ့ရှိခဲ့ပြီး အခန်းခုနစ်ခန်း မြောက်တွင် လူအယောက်၂ဝ ၏ အရိုးစုများ ရှိပြီး ရှစ်ခန်း မြောက်တွင် အရိုးစုပေါင်း ၁၅ဝ ရှိသည့် အပြင် အခြားအခန်း များတွင် ကျန်ရှိသည့် အရိုးစုများကို တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ အရိုးစုများသည် ၁၄ ရာစုနှင့် ၁၇ ရာစု အတွင်းက ပဲရစ်မြို့ တစ်ဝန်း၌ သေဆုံးသွား သူများကို ယင်းနေရာတွင် မြှုပ်နှံခဲ့သည်ဟု ယူဆ ထားကြောင်း သုတေသန ပညာရှင် များက ခန့်မှန်းသည်။ သိပ္ပံပညာရှင် များသည် ယခုအခါ အဆိုပါ လူအရိုးစု များ၏ အသက်အား လေ့လာ အကဲဖြတ်ရန် ကာဗွန် ဓာတ်ပစ္စည်း များကို အသုံးပြု၍ စစ်ဆေးလျက် ရှိကြောင်း သိရသည်။
#PyiChitThar
ပဲရစ်မြို့အလယ်ပိုင်းရှိ ဈေးဝယ်စင်တာ တစ်ခု၏အောက်ခြေတွင် လူအရိုးစု ၂၀၀ ပါဝင်သည့် ရှေးဟောင်းသင်္ချိုင်းကြီးတစ်ခု တွေ့ရှိ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 06, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment