Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, March 31, 2015

မစုပုံချစ် တိုက်ခန်းပြန်သိမ်းခံရမှု ကျောင်းသားသပိတ်တွင် ပါဝင်ခဲ့မှုနှင့် မသက်ဆိုင်ဟု ဖခင်ရှင်းလင်း


ရန်ကုန် (မဇ္ဈိမ) ။ ။မြန်မာနိုင်ငံ၏ ထိပ်တန်းပုဂ္ဂိုလ် ၁၀၀ စာရင်းတွင်ပါဝင်သူ မစုပုံချစ်ကို လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက နေထိုင်ရန် တိုက်ခန်းတစ်ခန်း ပေးအပ်ထားရာ အဆိုပါတိုက်ခန်းကို ပြန်လည်ပေးအပ်ရန် တောင်းဆိုမှုသည် အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်သူများထဲတွင် မစုပုံချစ် ပါဝင်ခြင်းကြောင့်မဟုတ်ဟု ဖခင်ဖြစ်သူ ဦးအုန်းကျော်က ပြောသည်။
su-pone-chit
ရွှေဂုံတိုင်မြို့နယ် ကလေးစောင့်ရှောက်ရေးဌာနရှိ တိုက်(ဗ) အခန်းအမှတ် ၂၀၃ ကို ပြန်လည် အပ်နှံရန် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြန်လည်အပ်နှံရန် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင် အကြောင်းကြားခဲ့သည်။ ယင်းနောက် မစုပုံချစ်သည် ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း ကျောင်းသားသပိတ် ဆန္ဒပြပွဲများတွင် ပါဝင်လာခဲ့သည်။

ထိုကဲ့သို့ အချိန်မတူသည့် အကြောင်းအရာ နှစ်ခု ဆက်စပ်ကာ ကျောင်းသားသပိတ်တွင် မစုပုံချစ် ပါဝင်ခဲ့ခြင်းကြောင့် တိုက်ခန်းပြန်လည် သိမ်းခံရသည်ဟူသည့် ထင်မြင်ချက်များကို ဖခင်ဖြစ်သူက ပြန်လည်ရှင်းလင်းခြင်းဖြစ်သည်။

ကျောင်းသားသပိတ်စစ်ကြောင်းတွင် မစုပုံချစ် ပါဝင်မှုနှင့် တိုက်ခန်းပြန်လည်အပ်နှံရမှုသည် သက်ဆိုင်မှုမရှိသော်လည်း
ဧရာဝတီစစ်ကြောင်းနှင့် မစုပုံချစ် ပူးပေါင်းပါဝင်ပြီးနောက် ဖေဖော်ဝါရီလ ၁၀ ရက်က အခန်းပြန်လည်အပ်နှံရန် ဒုတိယအကြိမ်
ထပ်မံပေးပို့ခဲ့သည်ဟု ဦးအုန်းကျော်ကဆိုသည်။

"ဒီဇင်ဘာလ လဆန်းပိုင်းကမှ လူမှုဝန်ထမ်းဌာနနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့တယ်။ ဒီဇင်ဘာ ၆ ရက်ညထိ အဲ့ဒီတိုက်ခန်းမှာ အိပ်ပြီး ၇ ရက် မနက်ထပြီးညောင်တုန်းကို ပြန်လာတယ်။ ၈ ရက်ရောက်တော့ အခန်းပြန်အပ်ဖို့ စာထွက်လာတယ်" ဟုပြောသည်။ ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက် နောက်ဆုံးထား ပြန်လည်အပ်နှံပေးရန် အကြောင်းကြားစာတွင် ပါဝင်သဖြင့် တိုက်ခန်းကို မတ်လ ၂၇ ရက်က ပြန်လည်အပ်နှံ ခဲ့သည်ဟုလည်း ဆိုသည်။

လူမှုဝန်ထမ်းဦးစီးဌာန၏ တိုးချဲ့လုပ်ငန်းများနှင့် ၀န်ထမ်းအင်အား များပြားလာမှုကြောင့် နေရာအခက်အခဲများ ရှိလာ၍
ပြန်လည်အပ်နှံ စေခဲ့ခြင်းဖြစ်သည်ဟု အကြောင်းကြားစာတွင် ပါဝင်သည်ကြောင်း ဦးအုန်းကျော်က ပြောသည်။

ဒီဇင်ဘာလ ၃ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနကိုယ်စား မစုပုံချစ်သည် ကျေးဇူးတင်စကား ပြောကြားခဲ့သေးသည်။ မစုပုံချစ်သည် မြန်မာနိုင်ငံကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်း၏ ဗဟို အလုပ်အမှုဆောင်ဖြစ်ပြီး သြစတြေးလျနိုင်ငံမှ ပညာတော်သင်ဆုကို ရရှိခဲ့ကာ
ဆစ်ဒနီတက္ကသိုလ်မှ မူဝါဒလေ့လာရေးဆိုင်ရာ မဟာဘွဲ့ကို ရရှိခဲ့သူတစ်ဦးဖြစ်သည်။

အဆိုပါတိုက်ခန်းကို မစုပုံချစ် ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ပညာသင်ကြားနေစဉ် ၂၀၁၅ခုနှစ် ဒီဇင်ဘာလ အတွင်း ယခင်အစိုးရလက်ထက်က တစ်သက်တာနေထိုင်ခွင့်ဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

mizzima

No comments:

Post a Comment