Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, March 31, 2015

မတရားမှုကို နှုတ်ဆိတ်နေတဲ့ ဒီမိုကရေစီ ခေါင်းဆောင်


ဒီလိုဝေဖန်ချက်တွေရှိခဲ့တယ်။

■ လက်ပံတန်းမှာ အကြမ်းဖက်ခံရပြီး မတရားဖမ်းဆီးထောင်ချ ခံထားရတဲ့ ကျောင်းသားပြည်သူတွေ အတွက် လွှတ်တော်မှာ တရားဝင် ဆွေးနွေးမှုမျိုးတွေ ခုချိန်ထိမရှိသေးပါဘူး ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ပြောခဲ့ပါတယ် - ဒီမိုကရေစီနိုင်ငံတွေမှာ လွှတ်တော်ဟာ အုပ်ချုပ်ရေးပိုင်းကို ထိန်းကြောင်း ဖို့တာဝန်ရှိတယ် ။ ဒီမိုကရေစီ နိုင်ငံဖြစ်အောင် သွားဖို့ကြိုးစားနေတယ်ဆိုရင်တော့ လွှတ်တော် အနေနဲ့ အုပ်ချုပ်ရေးပိုင်းကို ထိန်းကြောင်းနိုင်ဖို့ ကြိုစားမှုတွေ လုပ်ကြည့်ရတော့မှာပေါ့ ။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ပံတန်း အကြမ်းဖက်မှုကိစ္စနဲ့ပက်ပြီး မေးမြန်းချက်တွေကိုလည်း ဖြေကြားရာမှာ အဖွဲ့ချုပ်က ဘယ်တုန်းကမှ အကြမ်းဖက်တာတွေကို လက်မခံဘူးဆိုပြီး သမန်ကာရှန်ကာသာ ပြောဆိုခဲ့တာတွေရှိပါတယ် ။ လက်ပံတန်း အကြမ်းဖက်မှုမှာ လူ့အခွင့်အရေးရှုထောင့်ကနေ အစိုးရကို ခုခံတာတွေ မတွေ့ရပေမဲ့ အကြမ်းဖက်တာကို မလိုလားကြောင်းပြတဲ့အတွက် ကြားနေတာမဟုတ်ဘူး လို့ နားလည်ပေးလို့ရပါတယ် ။

■ အခု ကိစ္စကတော့ မတာရားဖမ်းဆီးအကျဉ်းကျခံရပြီး ၊ မတရားတရားဆွဲဆို ခံထားရမှုတွေပါ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်အဆင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရဲ့ ဥက္ကဌ ဖြစ်တယ် ။ ကျမဟာ "တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ " ရဲ့ ဥက္ကဌပါ ဆိုပြီး ပြီးခဲ့တဲ့နှစ်တွေမှာ ကမ္ဘာပတ်ပြီး ပြောဆိုခဲ့တယ် ။ ဒီ ကော်မတီရဲ့ ဥက္ကဌ အနေနဲ့ မတရားဖမ်းဆီးခံထားရသူတွေရဲ့ အရေးကို ဘာမှ ကြိုးစားပေးတာမျိုးတွေ မတွေ့ရသေးပါဘူး။ အဲဒီ ကော်မတီက တရားရေးမဏ္ဍိုင်ကို လွတ်လပ်မှုရှိလာအောင် ဘာမှ မလုပ်ပေးနိုင်ဘူး ၊ အုပ်ချုပ်ရေးပိုင်းကို ဘာမှ ထိန်းကြောင်းလို့မရဘူး၊ ဘာအလုပ်မှမဖြစ်ဘူးဆိုရင်လဲ .. ဒီကော်မတီဟာ ဟန်ပြသက်သက်သာဖြစ်တယ် ဆိုပြီး ပြည်သူကို ရှင်းလေ ။ ကော်မတီ ဥက္ကဌ အဖြစ်ကလဲထွက်လေ ။ ကော်မတီရဲ့ အလုပ်မဖြစ်ပုံတွေကျတော့ ကမ္ဘာပက်တုန်းက ဘာလို့မပြောခဲ့လဲ ။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးက အဓိက ဖြစ်တဲ့အတွက် အစိုးရနဲ့ စေ့စပ်ညှိုနှိုင်းရေးအတွက် အဓိက ကြိုးစားနေရတယ် ဆိုရင်လဲ အစကတည်းက ဒီ ကော်မတီရဲ့ ဥက္ကဌ တာဝန်ကို မယူခဲ့သင့်ပါဘူး ။ အခုတော့ လွှတ်တော်က ဟန်ပြ လုပ်နေတာတွေကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အားဖြည့်ဖြီး ပြည်သူကို ညာနေတော့တာပေါ့ ။

■ NLD ရွေးကောက်ပွဲ ၀င်ခဲ့တဲ့ အချက် (၃) ချက်ထဲက ပထမဦးဆုံးအချက်ဟာ " တရားဥပဒေ စိုးမိုးရေး " ဖြစ်တယ်။ အခု လွှတ်တော်ထဲရောက်ပြီးနေချိန်မှာ ဒေါ်အောင်းဆန်းစုကြည် ဦးဆောင်တဲ့ NLD ဟာ တရားဥပဒေစိုးမိုးရေးကို ဘယ်အတိုင်းအတာအထိ ကြိုးစားလို့ရခဲ့လဲ။ လူ့အခွင့်အရေးဆိုတာ တရားဥပဒေနဲ့ အကာအကွယ်ပေးရမှာဖြစ်တယ် ။ ဒါကိုလည်း သူကိုယ်တိုင်ပြောခဲ့တာဖြစ်တယ် ။ အခု လက်ပံတန်းကိစ္စမှာ အခြေခံအကျဆုံး လူ့အခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်တွေအတွက် ကျောင်းသားပြည်သူတွေ ရိုက်နှပ်ဖမ်းဆီးခံလိုက်ရတယ်၊ မတရားတဲ့ ဥပဒေ တွေနဲ့ တရားဆွဲဆိုခံထားရတယ် ။

တရားမျှတမှုမရှိတဲ့ တရားစီရင်ရေးအောက် ကျောင်းသားပြည်သူတွေ မတရားခံနေရချိန်မှာ
" တရားဥပဒေစိုးမိုးရေး " အတွက် လွှတ်တော်ထဲဝင်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နှုတ်ဆိတ်စွာနဲ့ပဲ ကျနော်တို့နားမလည်နိုင်တဲ့ သူယုံကြည်ရာကို သူလုပ်နေမှာပေါ့ ။

ဘုန်းပြည့်ကြွယ်
မတ်လ ၃၁ ၊ ၂၀၁၅ ။

https://www.facebook.com/photo.php?fbid=626188354149040&set=a.176708832430330.28502.100002736421479&type=3&theater

No comments:

Post a Comment