ရန်ကုန် မတ် ၂ဝ
အော်ရီဒူး ဆင်းကတ်သုံးစွဲသူများ အနေဖြင့် ပြည်ပ ၂၄ နိုင်ငံ တွင်ပါ ဖုန်းခေါ်ဆိုခြင်းနှင့် အင်တာနက်သုံးခြင်းတို့ကို အသုံး ပြုနိုင်ပြီ ဖြစ်ကြောင်း အော်ရီဒူးမြန်မာ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
အော်ရီဒူး၏ Roaming (ပြည်ပရောက်စဉ် အသုံးပြုမှု) ဝန်ဆောင်မှုကို ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒို နီးရှား၊ ဂျပန်၊ မလေးရှား၊ မော်လ်ဒိုက်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်၊ လင်ချင်းစတိုင်း၊ ဆွစ်ဇာလန်၊ ဘရာဇီး၊ ကနေဒါ၊ အစ္စရေး၊ လက်ဘနွန်၊ နယူးဇီလန်၊ အိုမန်၊ ကာတာ၊ သီရိလင်္ကာ၊ ထိုင်ဝမ်နှင့် အီတလီနိုင်ငံတို့၌ အသုံးပြု နိုင်ပြီဖြစ်သည်။
အဆိုပါ စနစ်ကို အသုံးပြုရန်အတွက် ဖုန်းသည်ကြိုတင် ငွေရှင်းစနစ်ဖြစ်ပါက ပြည်ပသို့ ယူဆောင်အသုံးပြုရန် အသင့် ဖြစ်ကြောင်း၊ ဖုန်းခေါ်ဆိုပြီးမှ ငွေရှင်းသည့်စနစ်ကို သုံးနေပါက ပြည်ပတွင်အသုံးပြုရန် ဖြစ် မဖြစ်ကို နီးစပ်ရာအော်ရီဒူးဆိုင် များတွင် စစ်ဆေးပြီး စပေါ်ငွေပေးသွင်းရန် လိုအပ်မည်ဖြစ် ကြောင်း၊ ဖုန်းခေါ်ဆိုခကို အနည်းဆုံး စက္ကန့် ၃ဝ နှုန်းဖြင့် ဖြတ်တောက်မည်ဖြစ်ပြီး အင်တာနက်သုံးခကို အနည်းဆုံး 50 KB နှုန်းဖြင့် ဖြတ်တောက်မည်ဖြစ်ကြောင်း၊ ဖုန်းအသုံးပြုခ အတိအကျပေးဆောင်နိုင်ရန် ပြည်ပတွင် အသုံးပြုထားသော ပမာဏကို ထိုကွန်ရက်မှ မှတ်တမ်းတင်ထားပြီး ပြည်တွင်း အော်ပရေတာထံသို့ ပြန်ပို့ပေးပြီးမှ တွက်ချက်ဖြတ်တောက် မည်ဖြစ်ကြောင်း အော်ရီဒူးမြန်မာ၏ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေးအကြီးတန်းမန်နေဂျာ ဒေါ်သီရိကြာညိုက ပြော သည်။
နိုင်ငံတကာတွင် အသုံးပြုနေသည့် ဖုန်းကွန်ရက် အမျိုးမျိုး ဖြစ်သော (2G/GSM, 3G/UMT, 4G/LTE) စသည့် ကွာခြားချက်များအရ မိမိတို့မိုဘိုင်းဖုန်းအနေဖြင့် ရေဒီယိုလှိုင်း အားလုံးကို ဖမ်းယူနိုင်မည်မဟုတ်သဖြင့် အဆင်မပြေသည် များလည်းရှိနိုင်ကြောင်း၊ အဆိုပါစနစ်ကို အသုံးပြုရန်အတွက် အသေးစိတ်အချက်အလက်များကို နီးစပ်ရာ အော်ရီဒူး အရောင်းဆိုင်များတွင် စုံစမ်းနိုင်ပြီး www.ooredoo.com.mm e-care portal သို့လည်း ဝင်ရောက်မေးမြန်းနိုင်ကြောင်း သိရသည်။
အော်ရီဒူးမြန်မာသည် အော်ပရေတာအသစ်ဖြစ်သည့် အတွက် မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုပေးနေသော ဆင်းကတ် များကို ကမ္ဘာတစ်ဝန်းသို့ သယ်ဆောင်အသုံးပြုနိုင်ရန်အတွက် နိုင်ငံတကာရှိအော်ပရေတာများနှင့် သဘောတူညီမှုများရယူ လျက်ရှိကြောင်း သိရသည်။
သူရဖြိုး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
- အရွယ်မရောက်သေးသောလူငယ်များအသုံးပြုလျှင် အန္တရာယ်ရှိသည့် application လေးခု
- ဘာမှမလုပ်တဲ့စက်
- စွမ်းအားရှင်ပြန်လာပြီလား
- မှော်ဝန်းသားဦးခင်ညွန့် နှင့်အင်တာဗျူး
- ဆန္ဒပြလူငယ်များကိုအကြမ်းဖက်ခြင်းသမ္မတဦးသိန်းစိန်ပေးထားသည့်ကတိအားလုံးနှင့်ဆန့် ကျင်နေ
- ကိုးကန့် တိမ်းရှောင်အဖွဲ့ ကိုကူညီသည်ဆိုကာရာထူးချခံရသည့်တရုတ်ဗိုလ်မှူးချုပ်
- မြောက်ကယ်ရိုလိုင်းနားမှာ မြန်မာဒုက္ခသည်မိသားစု တိုက်ခိုက်ခံရ
- ကိုယ်ဝန်ဆောင်တစ်ဦး၏ ၀မ်းဗိုက်ကို ဓားဖြင့်ခွဲ၍ သန္ဓေသားကို ယူဆောင်သွားသည့် အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့ဖမ်းဆီး
- အရာအားလုံးကို သိနေတဲ့ အသက် (၇)နှစ် အရွယ် ကလေး
- ချစ်တင်းနှီးနှောနေစဉ် လိင်အဂါင်္ ကျိုးပျက်သွားခဲ့တဲ့ အမျိုးသား ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရ
- လူထောင်နှင့်ချီ ၀ိုင်းအုံကြည့်ကာ အုတ်အော်သောင်းနင်းဖြစ်သွား
သည့် အိမ်ထောင်ရေးဖောက်ပြန်နေသည့်  စုံတွဲ၏ ထူးထူး ဆန်းဆန်းဖြစ်ရပ် - ကလေးများကစားနေသည့် ဗွီဒီယိုများကို အွန်လိုင်းတင်သည့်မိဘများ နှစ်စဉ် ဒေါ်လာ ၁ သန်း ၀င်ငွေရ
- ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ထံ ပို့ပေးကြပါ
- Free Phyoe Phyoe Aung!!! ဖြိုးဖြိုးအောင်ကိုလွှတ်
- သေဆုံးတရုတ်တဦးလျှင် ဒေါ်လာတသောင်းကျော် ပေးရန် မြန်မာအစိုးရ ကမ်းလှမ်း
- CCTVမှရိုက်ကူးထားသောမုဒိန်းသမားများလှုပ်ရှားမှု(ရုပ်သံ)
- လက်ဆေးကန်မှာ ခြေထောက် ၀င်ဆေး သွားခဲ့တဲ့ တရုတ် ခရီးသွား
- ထိုင်းနိုင်ငံတွင်ရင်သားအောက်ပိုင်း Selfie ရိုက်သူများထောင်ငါးနှစ်ကျမည်
- ကလေးအငို တိတ်အောင် ကလေးငယ်၏ လည်မြို ကိုဆွေမျိုးထဲမှ အမျိုးသမီး တစ်ဦးက လွှဖြင့် လှီးဖြတ်
- နံရိုးအပြင်မှာထွက်နေတဲ့ နှလုံးသားတစ်စုံနဲ့ သနားစရာ သမီးကလေး
- မင်းအုပ်စိုးနဲ့ တေးနုယဉ်တို့ အမှုဖြစ်ရပ်မှန်
No comments:
Post a Comment