Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, March 20, 2015

အဲကွန်းမီးဖြတ်စက် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား


မန္တလေး မတ် ၂ဝ

မန္တလေး အောင်မြေသာစံမြို့နယ် ၂၂ လမ်း၊ ၈၂ လမ်းနှင့် ၈၃ လမ်း ကြား ပြည်ကြီးကျက်သရေရပ်ကွက် (၁၆၂) အိမ်အမှတ် (၄၇)နေ ဦးမောင် မောင် ကုန်မာရောင်းဝယ်ရေးတွင် ယနေ့နံနက် ၁၁ နာရီ ၉ မိနစ်ခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ နေအိမ် အပေါ်ထပ်၌ တပ်ဆင်ထားသော အဲကွန်းရှိ မီးဖြတ်စက်အပူလွန်ကဲ ရာမှ မွေ့ရာပေါ်သို့ မီးပွားကျခဲ့ပြီး မီးလောင်မှု စတင်ဖြစ်ပွားခဲ့ရာ မီး လောင်ရာသို့ သန္ဓေမီးသတ်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၁၅ ဦးနှင့် ဒေသခံပြည်သူများ၊ ရပ်မိ ရပ်ဖ များက မီးသတ်ယာဉ်အစီး ၄ဝ၊ အုပ်ချုပ်မှု ယာဉ်နှစ်စီးတို့ဖြင့် ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့မှုကြောင့် ၁၁ နာရီမိနစ် ၂ဝ ခန့်တွင် မီးငြိမ်း သွားခဲ့သည်။
မီးလောင်မှုကြောင့် အဲကွန်း၊ မွေ့ရာ၊ ခုတင်၊ စားပွဲနှင့် ဗီရိုတို့သာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရ သည်။

အရေးယူ

ပုလဲငွေရောင် အရန်မီးသတ် တပ်ဖွဲ့မှ ဦးလှမြင့်နှင့် ဦးအောင် သူမြင့် (မီးသတ်တပ်ဖွဲ့)တို့တွင် ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး အဆိုပါ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ အိမ်ရှင်အား အမှတ် (၅)ရဲစခန်းတွင် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

တင်မောင်(မန္တလေး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment