CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, March 6, 2015
ဒုတိယကမ္ဘာစစ်ပွဲအတွင်းက နစ်မြုပ်ခဲ့သည့် ဂျပန်နိုင်ငံ၏ အကြီးဆုံးစစ်သင်္ဘောကြီးကို ဖိလစ်ပိုင်ပင်လယ် အတွင်းရှာဖွေတွေ့ရှိ
ဒုတိယ ကမ္ဘာစစ်ပွဲ အတွင်းက နစ်မြုပ်ခဲ့သည့် ဂျပန်နိုင်ငံ၏ အကြီးမား ဆုံးသော စစ်သင်္ဘော ပျက်ကြီး တစ်စီးကို အမေရိကန် ဘီလျံနာကြီး တစ်ဦးက ပြန်လည် ရှာဖွေတွေ့ရှိ ခဲ့ပြီဖြစ်ကြောင်း သိရသည်။ မူဆာရှီ အမည်ရှိ အဆိုပါ ဂျပန် စစ်သင်္ဘော ပျက်ကြီးကို ဖိလစ်ပိုင် ဆီဘူယန် ပင်လယ်ကြမ်းပြင် ၏ တစ်ကီလိုမီတာ (၁ ဒသမ ၆မိုင်) အနက်တွင် ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း Microsoft ကို ပူးတွဲ တည်ထောင်သူ နှင့် အမေရိကန် ဘီလျံနာ ပေါလ်အာလန် က ပြောကြားခဲ့ပြီး သင်္ဘောပျက်၏ ဓာတ်ပုံများကို တွစ်တာ ဝက်ဘ်ဆိုက် ပေါ်တွင် မတ် ၃ ရက်က ဖော်ပြခဲ့သည်။ ပေါလ်အာလန် သည် ယင်း ဂျပန် စစ်သင်္ဘောကို ရှာဖွေရာတွင် ၄င်း၏ အပျော်စီး သင်္ဘောနှင့် M/Y Octopus အမည်ရှိ ရှာဖွေရေး သင်္ဘောများကို အသုံးပြု၍ မတ် ၂ ရက်က ရှာဖွေခဲ့ခြင်း ဖြစ်သည်။ မူဆာရှီ စစ်သင်္ဘော သည် ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးခါနီး လေတေ ပင်လယ်ကွေ့ Leyte Gulf တိုက်ပွဲအတွင်း ၁၉၄၄ ခုနှစ် အောက်တိုဘာ ၂၄ ရက်က အမေရိကန်နှင့် သြစတြေးလျတပ် များ၏ လေကြောင်းမှ တိုက်ခိုက် မှုကြောင့် နစ်မြုပ်ခဲ့ ရခြင်းဖြစ်ပြီး ယင်း သင်္ဘောပေါ်တွင် လိုက်ပါ သွားသည့် တပ်ဖွဲ့ဝင်များနှင့် အမှုထမ်း ၁ဝ၂၃ ဦးစလုံးမှာ သေဆုံး ခဲ့ရသည်။ ယင်းတိုက်ပွဲသည် ဂျပန်နှင့် မဟာမိတ် တပ်များအကြား ဒုတိယ ကမ္ဘာစစ် အတွင်းက ဖြစ်ပွားခဲ့သည့် ရေတပ် တိုက်ပွဲများ အနက် အကြီးမား ဆုံးသော တိုက်ပွဲတစ်ခု ဖြစ်ကြောင်း သိရသည်။ အမေရိကန် စစ်သင်္ဘော များသည် ဒုတိယ ကမ္ဘာစစ်ပွဲ အတွင်း မူဆာရှီ စစ်သင်္ဘောနှင့် အရွယ်အစား၊ ပုံသဏ္ဌာန် အားဖြင့် တူညီသော အခြားသင်္ဘော တစ်စီး ဖြစ်သည့် ယာမာတို သင်္ဘော ကိုလည်း အိုကီနာဝါကျွန်း သို့ ခုတ်မောင်း နေစဉ် တိုက်ခိုက် နစ်မြုပ်ခဲ့သည်။ အမေရိကန်ရေတပ် ၏ ထုတ်ပြန်ချက် အရ ဂျပန်ရေတပ် အာဏာပိုင် များသည် မူဆာရှီ စစ်သင်္ဘောတွင် ၁၈ လက်မရှိ ဧရာမ အမြောက်ကြီး များကို တပ်ဆင် ထားသည်ဟု သိရသည်။
#PyiChitThar
ဒုတိယကမ္ဘာစစ်ပွဲအတွင်းက နစ်မြုပ်ခဲ့သည့် ဂျပန်နိုင်ငံ၏ အကြီးဆုံးစစ်သင်္ဘောကြီးကို ဖိလစ်ပိုင်ပင်လယ် အတွင်းရှာဖွေတွေ့ရှိ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 06, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment