Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, March 20, 2015

အာဖဂန်၌ မောင်းသူမဲ့လေယာဉ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပါကစ္စတန် တာလီဘန်ခေါင်းဆောင်တစ်ဦး သေဆုံး



အာဖဂန်နစ္စတန် အရှေ့ပိုင်းတွင် အမေရိကန် မောင်းသူမဲ့ လေယာဉ်၏ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပါကစ္စတန် နိုင်ငံမှ တာလီဘန် ခေါင်းဆောင်တစ်ဦး သေဆုံးသွား ခဲ့ကြောင်း အဆိုပါ စစ်သွေးကြွ အဖွဲ့က ယမန်နေ့တွင် ပြောကြား ခဲ့သည်။

သေဆုံးသွားခဲ့သည့် ခါဝယ်ရီ မေဆွတ် သည် ပါကစ္စတန် မျိုးနွယ်စု ဒေသအနီးရှိ ကာရမ်ခရိုင် အတွင်း၌ မတ် ၁၈ ရက်က အမေရိကန် မောင်းသူမဲ့ လေယာဉ်၏ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အခြား နှစ်ဦး နှင့်အတူ သေဆုံး သွားခဲ့ကြောင်း ပါကစ္စတန် အာဏာပိုင်အဖွဲ့မှ အရာရှိ တစ်ဦးက ပြောကြား ခဲ့သည်။

ခါဝယ်ရီ မေဆွတ် သည် တောင်ဝါဇီရစ္စတန် ခရိုင်မှဖြစ်ပြီး ၂ဝဝ၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ပါကစ္စတန် တာလီဘန် အဖွဲ့ကို ဖွဲ့စည်း တည်ထောင်ရာတွင် ပါဝင်ခဲ့သူ ဖြစ်သည်။

ထို့ပြင် ၄င်းသည် အဆိုပါ အကြမ်းဖက် အဖွဲ့မှ ပထမနှင့် ဒုတိယ ခေါင်းဆောင်များ နှင့်လည်း နီးစပ်သူ ဖြစ်ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment