Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, March 20, 2015

ချောမော လှပသူတွေနဲ့ အင်္ဂလိပ်စာသင်ကြားပေမယ့် အစီအစဉ်


တောင်ကိုရီးယား နိုင်ငံမှာရှိတဲ့ ပညာရေး ၀န်ဆောင်မူ ကုမ္ပဏီ တစ်ခုဟာ ထူးခြားတဲ့ စာသင်ကြားမူ အစီအစဉ် တစ်ခုကို မိတ်ဆက်မှု ပြုလုပ်ခဲ့ ပါတယ်။ အဲဒါကတော့ စာသင်ကြားမှု ပြုလုပ်ရာမှာ ချောမော လှပတဲ့ အမျိုးသမီးငယ်တွေ ကိုသာ အသုံးပြု သွားဖို့ စီစဉ် ထားခြင်း ဖြစ်ပါတယ်။ အင်္ဂလိပ်စာ သင်ကြားပေးရာမှာ သင်ယူသူတွေအနေနဲ့ စိတ်ဝင်စားမူ ပိုလာအောင် ချောမောပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးငယ်တွေ ကိုသာ အသုံးပြု သွားမှာ ဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ အင်္ဂလိပ်စာ သင်တန်းကျောင်းတွေ အများအပြားရှိပြီး ၂၀၁၃ တစ်နှစ်တည်းမှာ အင်္ဂလိပ်စာ သင်ကြားမှုအတွက် အသုံးပြုခဲ့တဲ့ ကုန်ကျစရိတ်က ပေါင် (၃) ဘီလီယံကျော် အထိရှိခဲ့တယ်လို့ သိရပါတယ်။ သင်တန်းကျောင်းတွေများ ပြားလာတာနဲ့ အမျှ အပြိုင်အဆိုင် ကြော်ငြာမှု တွေပြုလုပ်ခဲ့ကြ ပါတယ်။ ထူးခြားတဲ့ စိတ်ကူး ဖြစ်ပြီး အွန်လိုင်းမှာ ကြော်ငြာ ထားတဲ့ ဆရာမတွေ ကလည်း စွဲမက်စရာကောင်း တာကြောင့် လူမူကွန်ရက်မှာ လူပြောများတဲ့ အကြောင်းအရာ ဖြစ်ခဲ့ပါ တယ်။ တောင်ကိုရီးယား နိုင်ငံမှာ သင်တန်း ကျောင်းပေါင်း ( ၁၇၀၀၀)ကျော်ရှိပြီး အပြိုင်အဆိုင် လုပ်နေရ တာကြောင့် အခုလို ကြော်ငြာခဲ့ခြင်း ဖြစ်ပါတယ်။ ဆိုးလ်မြို့မှာ အခြေစိုက် ထားတဲ့ ကုမ္ပဏီတစ်ခုက ဒီလိုပြုလုပ်ခြင်း ဖြစ်ပါတယ်။ အင်္ဂလိပ်စာ သင်ကြားခြင်းကို လုပ်ကိုင်ခဲ့ဖူးသူ ဆရာမ တစ်ဦးက တောင်ကိုရီးယားမှာရှိတဲ့ သင်တန်းကျောင်းတွေဟာ လှပတဲ့သူတွေနဲ့ ဆွဲဆောင် စည်းရုံးနေကြောင်း၊ယင်းကို တားဆီးနိုင်ဖို့ ဥပဒေ မရှိကြောင်း၊ ခွဲခြားဆက်ဆံမှု ပုံစံမျိုး ပေါက်နေကြောင်း မှတ်ချက်ပြုခဲ့ ပါတယ်။
 အေသင်အောင်
 http://www.messengernewsjournal.com/General/Eventure/detail.php?id=33970


No comments:

Post a Comment