ပြည်တွင်းရွှေဈေးကွက် တွင် သီတင်းတစ်ပတ်အတွင်း ကျပ် တစ်သောင်းကျော်မြင့်တက်လာကြောင်း သတင်းရရှိသည်။
ယခုကဲ့သို့ ဈေးတက်လာ ခြင်းမှာ နယ်ဘက်မှ ရွှေထည် ပစ္စည်း အ၀ယ်လိုက်လာခြင်း
ကြောင့်ဖြစ်ပြီး မိုးကြိုကာလအထိ ဆက်တက်နိုင်သည်ဟု ရွှေလုပ်
ငန်းရှင်များအသင်း (ရန်ကုန်) အတွင်းရေးမှူး ဦးဝင်းမြင့်ကပြော သည်။
‘‘ပွဲတော်အတွက် ပန်းတိမ် ဆိုင်တွေမှာ ရွှေတွေ ပုံနေတယ်။
ရွှေလက်ဝတ်တန်ဆာဆိုတာ မြို့ နေလူတန်းစားအတွက် အဓိက မဟုတ်ပေမယ့် နယ်ကလူတွေ
အတွက် ရိုးရာလိုဖြစ်နေပြီ။ သင်္ကြန်ပွဲတော်နီးလာတာရယ်၊ နယ်ဘက်က
အလှူပွဲတွေကြောင့် ရွှေဈေးတက်လာပါတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။
ပြည်တွင်းရွှေဈေးကွက်မှာ လွန်ခဲ့သည့် တစ်ပတ်တွင်
ကျပ်ခြောက်သိန်းခုနစ်သောင်းရှိရာမှ လက်ရှိတွင်
ကျပ်ခြောက်သိန်းရှစ်သောင်းခွဲခန့် ရှိလာခဲ့သည်။
ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့်နှစ်များအတွင်း အမြင့်ဆုံး
ကျပ်ရှစ်သိန်းခန့်အထိ ပေါက်ဈေးရှိခဲ့သည်။ ပြည်တွင်းရွှေဈေး သာမက
ကမ္ဘာ့ရွှေဈေးနှုန်းမှာ လည်း တစ်အောင်စလျှင် တစ်ပတ်အတွင်း အမေရိကန် ၁၅
ကျော်သည်အထိ တက်လာခဲ့ပြီး လက် ရှိအချိန်ထိ တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ
၁,၁၉၉ ဒေါ်လာထိရှိလာသည်။
ရွှေဈေးမှာ နွေရာသီကာလ အတွင်း တဖြည်းဖြည်းတက်လာကာ ခုနစ်သိန်းကျော်အထိ ဈေးမြင့် တက်နိုင်ကြောင်း ဦးဝင်းမြင့်က ဆိုသည်။
မြန်မာနိုင်ငံတွင် မတ်၊ ဧပြီ၊ မေလများ၌ ဈေးအ၀ယ် လိုက်ပြီး
ဈေးတက်လေ့ရှိကြောင်း ယခုနှစ်အတွင်း ဈေးတက်မှုမှာ မိုးအလယ်ကာလအထိ ဈေးတက်
လာနိုင်ကြောင်းနှင့် ဈေးတက်ရာ တွင်လည်း တဖြည်းဖြည်းသာ တက်နိုင်ပြီး
အမြင့်ဆုံးဈေးနှုန်း စံချိန်ကို ကျော်လွန်နိုင်မည် မဟုတ်ကြောင်း
ဈေးဆိုင်လုပ်ငန်း ရှင်တစ်ဦးကပြောသည်။
ပြည်တွင်းရွှေဈေးသည်
ပြည်တွင်းရောင်းလို၊ ၀ယ်လိုအားနှင့် ကမ္ဘာ့ရွှေဈေးပေါ်တွင် မူတည်နေ ကြောင်း
လက်ရှိတွင် ပြည်တွင်း ၌ ဘာသာရေးပွဲတော်များကြောင့် ၀ယ်လိုအား တက်နေပြီး ရွှေ
ဈေးတက်ခြင်းဖြစ်သည်။
ထို့အပြင် စစ်ပွဲများကြောင့်
ကမ္ဘာ့ရွှေဈေးတက်ခြင်း ဂယက်ကြောင့် ပြည်တွင်း ရွှေဈေးတက်လာခြင်းဖြစ်သည်ဟု
ရွှေကုန်သည် ကိုအောင်သူရိန်ကပြောသည်။
ဖေဖော်ဝါရီအတွင်း ပြည်
တွင်းရွှေဈေးမှာ ကမ္ဘာ့ဈေးနှုန်း ကျဆင်းခြင်းနှင့် အ၀ယ်နည်းခြင်း ကြောင့်
ဈေးကျခဲ့သော်လည်း ယ ခုမတ်လအကုန်တွင် ပြန်လည် ဈေးတက်လာခြင်းဖြစ်သည်။
7daydaily
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, March 30, 2015
ရွှေဈေးနှုန်း တစ်ပတ်အတွင်း ကျပ်တစ်သောင်းကျော်တက်
ရွှေဈေးနှုန်း တစ်ပတ်အတွင်း ကျပ်တစ်သောင်းကျော်တက်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 30, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 30, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment