Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 30, 2015

ကျေးလက်ဒေသမှာ နေထိုင်ခြင်းထက် မြို့ပြမှာ နေထိုင်ခြင်းက သင့်အတွက် ပိုလိုခြုံမှုရှိတယ်လို့ လေ့လာမှုတွေက ဆို


ကျေးလက်ဒေသတွေထက် Los Angeles လို မြို့တွေမှာ နေထိုင်သူတွေဟာ ထိခိုက်ဒဏ်ရာကြောင့် သေဆုံးနိုင်ကိန်း ပိုနည်းပါတယ်။

ယုတ္တိရှိချင်မှ ရှိပါလိမ့်မယ်။ ဒါပေမဲ့ အမေရိကန် ကျေးလက်ဒေသတွေမှာထက် လူနေထူထပ်တဲ့ မြို့တွင်းနေရာတွေမှာ နေထိုင်သူတွေဟာ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာကြောင့် သေဆုံးမှုနှုန်း ၂၀ရာခိုင်နှုန်း ပိုနည်းတယ်လို့ သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီတော့ သင့်မိသားစုကို လုံခြုံစိတ်ချစေချင်ပါသလား။ သင့်ကလေးတွေကို မြို့ထဲမှာပဲ ပြုစုပျိုးထောင်လိုက်ပါ။

လေဟာပြင်ပေါပြီး လတ်ဆတ်တဲ့လေတွေ ရှိတဲ့ ကျေးလက်ဒေသက စိတ်မချရပါဘူးတဲ့။ ''ဒီရှာဖွေတွေ့ရှိချက်တွေဟာ ကျွန်တော့် ကိုအတော်လေး အံ့အားသင့်စေခဲ့ပါတယ်။ မြို့တွင်းမှာဆိုရင် လူသတ်မှုနှုန်းဟာ ပိုများပါတယ်။ မြို့တွင်းမှာ ယာဉ်မတော်တဆမှု၊ စက်ယန္တာယားမတော်တဆမှု အန္တရယ်တွေက ပိုများတယ်လေ။'' လို့ ပန်စိုင်လ်ဗေးနီးယား ပြည်နယ် တက္ကသိုလ်က ဆရာမဖြစ်သူ၊ သုတေသနကိုလည်း ဦးဆောင်ခဲ့သူ ဆေ့ဂ်ျမိုင်ရာစ် ကပြောခဲ့ပါတယ်။

ဒေါက်တာမိုင်ရာစ်နဲ့ အဖွဲ့ဟာ အမေရိကန်မှာ ထိခိုက်ဒဏ်ရာကြောင့် သေဆုံးခဲ့ရသူ အရေအတွက် ၁ဒသမ၃သန်း နီးပါးကိုလေ့လာ သုံးသပ်ခဲ့ကြပါတယ်။ အဲ့ဒီသေဆုံးမှု တွေထဲမှာ ယာဉ်မတော်တဆမှု၊ အဆိပ်မိမှု၊ လက်နက်မှု၊ ရေနစ်မှု၊ ပြုတ်ကျမှု၊ အသက်ရှုကျပ်မှု၊ ပြတ်ရှမှု၊ စက်ကြီးမတော်တဆမှု စတာတွေ အပါအ၀င် ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့မှာဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်မှု (ကမ္ဘာ့ကုန်သွယ်ရေးစင်တာပြိုကျမှု)ကြောင့် သေဆုံးသူစာရင်းကို ယခုလေ့လာမှုမှာ ထည့်မတွက်ထား ပါဘူး။

ကျေးလက်ရော မြို့ပြမှာပါ လူသေရတဲ့ အဓိကအချက်သုံးရပ်ကတော့ မူးယစ်ဆေးနဲ့ပတ်သက်တဲ့ အဆိပ်မိတာ (ဆေးလွန်)၊ ပစ်ခတ်မှုနဲ့ ယာဉ်မတော်တဆမှု တွေပဲဖြစ်တယ်လို့ ဒေါက်တာမိုင်ရာစ်က ပြောခဲ့ပါတယ်။
ယင်းသုံးရပ်ထဲမှာမှ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူအရေအတွက်ဟာ အများဆုံးဖြစ်ပါတယ်။

သေနတ်ဒဏ်ရာကြောင့် သေဆုံးသူအရေအတွက်ဟာ ကျေးလက်နဲ့ မြို့ပြ ညီတူညီမျှ ဖြစ်နေတာကိုလည်း တွေ့ရှိခဲ့ကြရပါတယ်။ ပြီးတော့ ကျေးလက်ဒေသမှာထက် မြို့ပြမှာဆေးလွန်လို့သေရတဲ့ အရေအတွက်ဟာ ပိုနည်းတာကိုလည်း တွေ့ရှိခဲ့ကြတယ်။

ကျေးလက်ဒေသမှာ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူအရေအတွက်ဟာ မြို့ပြထက် နှစ်ဆခန့် ပိုများပါတယ်။ စာရင်းဇယားတွေအရဆိုရင် အနည်းဆုံးတော့ မြို့ပြဟာကျေးလက်ထက် ပိုပြီးလုံခြုံစိတ်ချရတဲ့ နေရာဖြစ်နေပါတယ်။

ကျေးလက်နဲ့ မြို့ပြ ဘယ်ဟာကပိုပြီးလုံခြုံစိတ်ချ ရတယ်ဆိုတာနဲ့ပတ်သက်ပြီးသူတို့ရဲ့ တွေ့ရှိချက်တွေဟာ လူတွေအတွက် အသုံးတည့်လိမ့်မယ်၊ ဒီ့အပြင် ကျေးလက်မှာ ဘယ်လိုဆေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်ဆိုတဲ့အပေါ် ပြောပြီးသားလည်း ဖြစ်နေလိမ့်မယ် လို့ ဒေါက်တာမိုင်ရာစ်က ယုံကြည်နေပါတယ်။

trend myanmar

No comments:

Post a Comment