‘‘ဖေ့စ်ဘွတ်ခ်က အသုံးပြုသူ တွေ လိုက်နာဖို့ ထုတ်ပြန်ထားတဲ့
စည်းမျဉ်းခုနစ်ချက် ရှိပါတယ်။ အဲဒီထဲကမှ လိင်အသားပေးလွန်း တဲ့
အဖော်အချွတ်ပုံတွေ၊ အမုန်း စကားပြောတဲ့ဟာတွေနဲ့ တခြား တစ်ယောက်ကို
ထိခိုက်နစ်နာ အောင် ပြောတဲ့ဟာတွေကို ပိတ် ပင်သွားမယ်ဆိုတဲ့ ကန့်သတ်ချက်
တွေပါတယ်’’ဟု မြန်မာအိုင်စီတီ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (MIDO) မှ ပရိုဂရမ်
မန်နေဂျာမထိုက်ထိုက် အောင်က ပြောသည်။
ဖေ့စ်ဘွတ်ခ်မှ အသုံးပြုသူ များ လိုက်နာရန် ထုတ်ပြန်ထား သည့် စည်းမျဉ်း (Community Standard) များတွင် မူပိုင်ခွင့် ဆိုင်ရာ ကန့်သတ်ချက်များ၊ အ မုန်းစကားပြောကြားမှုများ၊ တစ် ဖက်သားကို နစ်နာစေမည့် ပြော ကြားမှုများ၊ ရင်သားနှင့် လိင် အင်္ဂါများကို အပြည့်အစုံဖော်ပြ ထားသည့် ပုံများပိတ်ပင်ထားသကဲ့သို့ အသုံးပြုသူများ အတွက် လမ်းညွှန်ချက်များလည်း ပါဝင်သည်။
ကန့်သတ်ထားသည့် လိင် အသားပေးပုံများတွင် တစ်ဝက် တစ်ပျက်ဖော်ပြထားသည့် အဖော်အချွတ်ပုံများနှင့် ကလေးနို့တိုက် နေသည့်ပုံများ၊ ရင်သားခွဲစိတ် သည့် ပုံများနှင့် ကျန်းမာရေးဆိုင် ရာ လမ်းညွှန်ချက်ပုံများ ပါဝင် ခြင်းမရှိပေ။
ထို့အပြင် ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ ပြန်လည်မျှဝေ (Share) နိုင်သည့် အကြောင်းအရာများ၊ မျှဝေခွင့် (Share) မရှိသည့် အရာ များနှင့်ပတ်သက်၍လည်း ရှင်း လင်းပြထားကြောင်း သိရသည်။
မြန်မာအိုင်စီတီ ဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့ (MIDO) အနေဖြင့် ဖေ့စ်ဘွတ်ခ်နှင့် ပူးပေါင်းကာ အသုံးပြုသူများ လိုက်နာရန် ထုတ်ပြန်ထားသည့် စည်းမျဉ်း (Comm-unity Standard) များကို မြန်မာဘာသာဖြင့် ပြန်လည်မျှဝေပေးပြီး ပညာပေးသည့်လုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
(နိုင်လင်းအောင် - 7Day Daily)

- facebook အကောင့်ဆက်ခံသူရွေးချယ်နိုင်တော့မယ်
- like ခလုတ်ထက်ပိုပြီး တစ်ခုခု ပေးစွမ်းရန်အလားအလာရှိတဲ့ Facebook
- အခုအချိန်ကစလို့ သင့်ဓာတ်ပုံတွေကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ပေးနေတဲ့ Facebook
- ညစ်ညမ်းကားများအသွင်ယူထားသည့် Trojan Virus ဖြင့် facebook သုံးသူ တစ်သိန်းကျော်ကိုတိုက်ခိုက်
- အရွယ်မရောက်သေးသူများအသုံးပြုလျှင် အန္တရာယ်ရှိသည့် Application ငါးခု
- facebook နှင့် Instagram အားထပ်ဖျက်ဦးမည်ဟု နာမည်ကြီးဟက်ကာပြော
No comments:
Post a Comment