နယူးယောက်ပြည်နယ်၊ ဘတ်ဖလိုးမြို့သို့ လွန်ခဲ့သော ၂ နှစ်က ပြောင်းရွှေ့ခဲ့သော မေတ္တာပါရမီကျောင်းတွင် ဒုတိယအကြိမ်မြောက် ထမနဲပွဲကို ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့တွင် ကျင်းပမည် ဖြစ်ကြောင်း သိရပါသည်။ နယူးယောက်ပြည်နယ်၊ ဘတ်ဖလိုးမြို့သို့ ၂၀၁၃ ခုနှစ်က မေတ္တာပါရမီကျောင်း ပြောင်းရွှေ့ခဲ့ပြီးနောက် ကျောင်းသစ်ဖွင့်ပွဲနှင့် သိမ်သမုတ်ပွဲ ကျင်းပခဲ့သော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။နယူးယောက်ပြည်နယ်၊ ဘတ်ဖလိုးမြို့သို့ ၂၀၁၃ ခုနှစ်က မေတ္တာပါရမီကျောင်း ပြောင်းရွှေ့ခဲ့ပြီးနောက် ကျောင်းသစ်ဖွင့်ပွဲနှင့် သိမ်သမုတ်ပွဲ ကျင်းပခဲ့သော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ထမနဲပွဲ ဖြစ်မြောက်ရေးအတွက် အလှူရှင် ဦးမူးလွီ ခေါ် ဦးမိုးဒီ၊ မစန္ဒာစိုး မိသားစုက မတည်လှူဒါန်းခဲ့ပြီး မေတ္တာပါရမီကျောင်း ဒကာဒကာမများ စုပေါင်း ကြိုးပမ်းခြင်း ဖြစ်သည်။ ပျော်ပျော်ပါးပါး လုပ်အားပေးလှူကာ စုပေါင်း ထမနဲထိုးပြီးနောက် သက်ကြီးပူဇော်ပွဲလည်း ကျင်းပပါမည်။ ထို့နောက် သံဃာတော် အရှင်မြတ်များအား ဆွမ်းခဲဖွယ်ဘောဇဉ်များ ဆက်ကပ်လှူဒါန်းကာ ရေစက်ချတရားနာယူမည် ဖြစ်သဖြင့် ရပ်နီးရပ်ဝေးမှ မြန်မာမိတ်ဆွေများကို ဖိတ်ခေါ်လျက်ရှိသည်။ ထမနဲ ၃ ပြည် တစ်ဒယ်လျှင် ဒေါ်လာ ၅၀ နှုန်းဖြင့်လည်း ကုသိုလ်အလှူပါဝင်နိုင်ကြောင်း သိရ၏။ ကျောင်းထိုင်ဆရာတော် ဦးပညာဇောတ သီတင်းသုံးတော်မူသော မေတ္တာပါရမီကျောင်းသည် ယခင် နယူးယောက်မြို့၊ ဘရွတ်ကလင်းတွင် တည်ရှိခဲ့ရာမှ ၂၀၁၃ ခုနှစ်၊ ဇွန်လတွင် ဘတ်ဖလိုးမြို့သို့ ပြောင်းရွှေ့ခဲ့သည်။ မေတ္တာပါရမီကျောင်းသည် မူလပထမဆုံး နယူးယောက်ပြည်နယ်၊ ယူတီကာမြို့တွင် ၂၀၀၈ ခုနှစ်က စတင်ထူထောင်ခဲ့ခြင်း ဖြစ်၏။ ကနေဒါနယ်စပ်ကမ္ဘာကျော် နိုင်ယာဂရာရေတံခွန်ကြီးအနီးရှိဘတ်ဖလိုးမြို့တွင် မြန်မာနိုင်ငံမှ ပြောင်းရွှေ့
အခြေချလာသူ အများအပြား နေထိုင်လျက်ရှိသည်။
နေ့ရက် ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့
အချိန် နံနက် ၉း၃၀ နာရီ မှ နေ့လယ် ၁၂ နာရီ
နေရာ (မေတ္တာပါရမီကျောင်း)
The Metta Parami Monastery 101 Edgar Avenue Buffalo, NY 14207
(716) 259-0783
http://kabarthit.com/index.php?option=com_content&view=article&id=608:2015-03-28-01-42-17&catid=8:2013-10-13-17-09-02&Itemid=214
- တစ်လတစ်ခါသာ အားသွင်းရန်လိုတဲ့Phone
- သင့်လက်ဟာ မကြာခင်ဖုန်းဖြစ်လာတော့မယ်
- iPhone သုံးစွဲသူ အများစု သတိမထားမိနိုင်သော မှော်ဆန်သည့် လုပ်ဆောင်ချက်များ
- လွတ်ကျလည်းဖုန်းကွဲမှာ မပူရသည့် နည်းပညာသစ်
- facebook အကောင့်ဆက်ခံသူရွေးချယ်နိုင်တော့မယ်
- like ခလုတ်ထက်ပိုပြီး တစ်ခုခု ပေးစွမ်းရန်အလားအလာရှိတဲ့ Facebook
- ရွံ့ မုန်းစရာကောင်းလောက်အောင် အသက်ဝင်လှတဲ့ USB Drive
- အခုအချိန်ကစလို့ သင့်ဓာတ်ပုံတွေကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ပေးနေတဲ့ Facebook
- ညစ်ညမ်းကားများအသွင်ယူထားသည့် Trojan Virus ဖြင့် facebook သုံးသူ တစ်သိန်းကျော်ကိုတိုက်ခိုက်
- အရွယ်မရောက်သေးသူများအသုံးပြုလျှင် အန္တရာယ်ရှိသည့် Application ငါးခု
- facebook နှင့် Instagram အားထပ်ဖျက်ဦးမည်ဟု နာမည်ကြီးဟက်ကာပြော
- Bill Gate သောက်နေသော လူ့ မစင်ကထုတ်လုပ်ထားသည့်ရေသန့် 
- ဘာမှမလုပ်တဲ့စက်
- Apple ကုမ္ပဏီထုတ်ကုန်ပစ္စည်းများ မန်မရီပမာဏအတိုင်းမပါဝင်မှုကြောင့်တရားစွဲခံရ
- ကားတာယာပေါက်၍ လမ်းဘေးရပ်ကာ စပယ်ယာဘီးလဲရသောဒုက္ခကင်းဝေးပြီ
- တောင်ကိုးရီးယားနိုင်ငံမှာရှိတဲ့ နျူးကလီးယားစက်ရုံ ရဲ့ ကွန်ပြူတာတစ်လုံး Hack လုပ်ခံခဲ့ရ
- clash of clans အွန်လိုင်းဂိမ်းအကောင့် ကျပ်သိန်း၆၀ အထိပေးဝယ်သူရှိ
- လူ့ မစင်ဖြင့်မောင်းသည့်ကား UK တွင်စတင်ပြေးဆွဲ
- တကိုယ်ရေသုံး WiFi များပိတ်ပင်ရန်ကြိုးစားသည့် ဟိုတယ်များကို Google နှင့် Microsoft ဝေဖန်
- အမေရိကန်ကာကွယ်ရေးဌာနမှာ ဦးတည်ရာပြောင်းနိုင်သည့်ကျဉ်ဆန်များ စမ်းသပ်ပြုလုပ်
- အမေရိကန်က ဒေတာများအပ်နှံရန်ညွှန်ကြားခြင်း ကို microsoft ကဆန့် ကျင်
- အမေရိကန် စစ်တပ်က တီထွင်လိုက်တဲ့ စက်ရုပ်ငါးမန်း
- မန်မရီစတစ်အရွယ် Intel ကွန်ပြူတာများ ပြည်တွင်းတွင် စတင်ရောင်းချမည်
- google တွင် မြန်မာဘာသာပြန်နိုင်ပြီ
- နာဆာလေယာဉ်ဂိုဒေါင်ကို google သန်း (၁၁၀၀)ကျော်ဖြင့် ငှားရမ်းကာစက်ရုပ်များစမ်းသပ်မည်
- လျှာကိုလျှပ်စစ်ဖြင့်တို့ သောနည်းဖြင့်လမ်းမလျှောက်နိုင်သူကို ပင် လျှောက်နိုင်အောင် လုပ်နိုင်ဖွယ်ရှိ
- လမ်းမှာကလေးတွေမိဘနဲ့ ကွဲသွားရင် အချက်ပြဆက်သွယ်ပေးမယ့်လက်ပတ်
No comments:
Post a Comment