ပရိသတ်
လက်ခံမှု ရရှိဆဲ ဖြစ်သည့် ၀ါရင့် အဆိုတော်ကြီး တစ်ဦး ဖြစ်သော
မြန်မာပြည်သိန်းတန်က ပရိသတ်များ၏ တောင်းဆိုမှုအရ လူငယ် အဆိုတော်များနှင့်
တွဲဖက်၍ ဖျော်ဖြေပွဲ ကျင်းပရခြင်း ဖြစ်ကြောင်း ပြောသည်။
အစကတော့ အရင်ပွဲပြီး ကတည်းက နားတော့မယ် ဆိုပြီး ဆုံးဖြတ်ခဲ့ပါ သေးတယ်။ ဒါပေမဲ့လည်း ပရိသတ်တွေက တစ်ကိုယ်တော် Show ပွဲလေး ထပ်လုပ်ဖို့ တောင်းဆိုလာ တာကြောင့် ကျွန်တော်တို့အနေနဲ့ ပရိသတ်ကြီးရဲ့ ဆန္ဒကို မလွန်ဆန်နိုင်တာရယ်။ ကျွန်တော့်ရဲ့ ၀ါသနာ အရင်းခံ ရယ်ပေါင်းပြီး၊ ပွဲတစ်ပွဲလုပ်မယ်လို့ စီစဉ်ဖြစ်ခဲ့ တာပါ။ ဒီပွဲအတွက်လည်း အဆိုပိုင်း မှာတော့ အားနည်းမှာ မကြောက်ပါဘူး။ ကျန်းမာရေးကောင်းမှ အကုန်လုံး လုပ်နိုင်မှာ ဖြစ်လို့ အခုကတည်းက ကျန်းမာရေး အတွက် အားဆေးတွေ အခြား လိုအပ်မယ် ထင်တဲ့ ဆေးတွေရယ် သောက်ပြီး၊ အားမွေး ထားပါတယ်။ ဒီပွဲမှာတော့ ထူးထူးခြားခြားလေး ဖြစ်သွားအောင် လူငယ် အဆိုတော်တွေ ဖြစ်တဲ့ ချမ်းချမ်း၊ Jenny ၊ရတနာမိုင်၊ အိုင်းရင်းဇင်မာမြင့်၊ နီနီခင်ဇော်တို့နှင့်အတူ ဖျော်ဖြေ သွားမှာ ဖြစ်ပြီး၊ သီချင်းအားလုံး (၅၀) နီးပါး လောက် သီဆိုဖျော်ဖြေ သွားမှာပါ။ ဒီပွဲလေးကို အခွေ ပြန်ထုတ်မှာ ဆိုတော့ သီချင်းတွေရော ဖက်ရှင် စတိတ်ပိုင်းတွေပါ သေချာပြင်ဆင်ထား ပါတယ် ဟု မြန်မာပြည်သိန်းတန်က ပြောသည်။ မြန်မာပြည်သိန်းတန်သည်ချစ်ရည်းစား Plus-5 Live Show ပွဲကို ယခုလ(၂၁) ရက်နေ့၊ အမျိုးသား ဇာတ်ရုံ၌ ည(၇)နာရီတွင် ဖျော်ဖြေ သွားမည် ဖြစ်ကြောင်း၊ လက်မှတ် ဈေးနှုန်းများမှာ ကျပ် (၄၀၀၀၀)၊ (၃၀၀၀၀)၊ (၂၀၀၀၀)၊ (၁၀၀၀၀) စသည့် နှုန်းများ သတ်မှတ်ထားကြောင်း သိရသည်။
messenger

No comments:
Post a Comment