၁) ကိုယ့်ကိုယ်ကိုတန်ဖိုးထားလေးစားမှုများလျော့နည်းလာခြင်း။
Status တစ်ခုတင်လိုက်ပြီးတစ်နာရီလောက်ကြာအောင် စောင့်ဆိုင်းပြီးမှ like လေးခု၊ ငါးခုလောက်ပဲ ရနေချိန်မှာ၊ သူငယ်ချင်းတွေရဲ့  Status က like တွေအများကြီးရနေတာကို မြင်တွေ့ နေရင် စိတ်ထဲ မှာမတင်မကျနဲ့ လျစ်လျှူရှုခံရသလို၊ အထီးကျန်ဆန်နေသလိုခံစားနေရတတ်ပါတယ်။ ဆိုရှယ်လ် နက်ဝေါ့ခ်ပိုင်းကို လေ့လာခဲ့သူတွေရဲ့ တွေ့ ရှိချက်ကတော့ ဆိုရှယ်လ်နက်ဝေါ့ခ် အသုံးပြုသူ တော်တော် များများက မိမိရဲ့ အွန်လိုင်းပေါ်ကရုပ်သွင်သဏ္ဍာန်ကိုတခြားသူတွေနဲ့  ယှဉ်နှိုင်းဝေဖန်ခံရပြီး မကောင်း တဲ့အမြင်နဲ့ ရှုံချပြောဆိုခံရတာကို မလိုလားကြပါဘူး။ ဒီလိုရှုံချဝေဖန်ခံရတာများလို့  ဖေ့စ်ဘွတ်ခ်ပေါ်မှာ ထင်တိုင်းကြဲလုပ်ချင်တာလုပ်ပြီး ကိုယ့်ကိုယ်ကိုတန်ဖိုးမထားတတ်ကြတော့တဲ့ သူတွေဖြစ်လာကြတာ လဲမနည်းတော့ပါဘူး။
၂) လူအများရဲ့  အာရုံစိုက်မှုဖြင့် လွှမ်းမိုးခံလိုခြင်း။
ရုပ်ရှင်ရုံမှာရုပ်ရှင်ကြည့်နေပါတယ် ဆိုတဲ့အကြောင်းကို status အဖြစ်တင်ပြီး ၁၀မိနစ်ခြားတစ်ခါလောက် notification တတ်မတတ်စောင့်ကြည့်နေပြီးနာရီဝက်လောက်ကြာမှ notification တစ်ခုတတ်လာ တာကိုဝမ်းသာအားရဖြစ်နေတတ်ကြပါတယ်။ အလားတူပါပဲ။ ညဘက်အိပ်ရာဝင်ချိန်တွေမှာလည်း အွန်လိုင်းတက်ပြီး status တစ်ခုမဟုတ် တစ်ခုတင်၊ လူအများရဲ့ အာရုံစိုက်မှုကိုရယူဖို့  စောင့်ဆိုင်းပြီးအ ချိန်ကုန်လွန်နေတတ်ကြတာဆယ်ကျော်သက်လူငယ်တွေ အများဆုံးဖြစ်တတ်ပါတယ်။
၃) ကိုယ်ရေးကိုယ်တာအချက်အလက် နှင့် ဆက်စပ်သောသောကများ။
မိဘနဲ့ သားသမီး၊ မိတ်ဆွေအပေါင်းအသင်း၊ ချစ်သူရည်းစားနဲ့ လင်မယားတွေအကြား ဆက်ဆံရေးတွေကို ပုဂ္ဂလိကအတွင်းရေးအနေနဲ့ ထားရှိကြပြီးအပြန်အလှန် ရိုသေနားလည်မှုတွေ အရင်ကရှိခဲ့ကြပါတယ်။ ဒါပေမယ့် ဖေ့စ်ဘွတ်ခ်ရဲ့ ကျေးဇူးတွေကြောင့် ကိုယ်ရေးကိုယ်တာတွေဆိုတာမရှိတော့ပါဘူး။ လူကြီးမိဘတွေကဘယ်လိုစိတ်အနှောက်အယှက်ဖြစ်စေပါတယ်ဆိုတဲ့ အကြောင်းအရာတွေ၊
ချစ်သူရည်းစားက ဘယ်လိုဖြစ်ပါတယ်ဆိုတဲ့အကြောင်းအရာတွေ၊ သူငယ်ချင်းကနောက်ကွယ်မှာဓား ထိုးတယ်ဆိုတဲ့ status တွေကို လူအများသိအောင် ဖေ့စ်ဘွတ်ခ်မှာကြေညာချက်တွေထုတ်နေကြပါတယ်။ အားပေးအားမြောက်လုပ်သူတွေက like လုပ်၊ comment ပေးတာတွေလုပ်ပြီး မြှောက်ထိုးပင့်ကော်တွေ လုပ်ပြီးတကယ့်လက်တွေ့ ပြဿနာတွေကို ဝိုင်းကူရှင်းပေးနိုင်ကြတာ မဟုတ်ပါဘူး။ ချစ်သူရည်းစားတွေကြား မှာတော့ Password (စကားဝှက်) ကိုပေးလိုက်ခြင်းကအဆိုးဆုံးပါပဲ။ မျိုးစုံသောနည်းလမ်းတွေနဲ့ အချိန်တိုင်းထောက်လှမ်းစစ်ဆေးတာတွေကို ကြုံတွေ့ နေကြရပြီး၊ ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်လွတ် လပ်ခွင့်တွေဆိုတာ ပျောက်ပျက်စပြုနေပါပြီ။
၎) အွန်လိုင်းပေါ်ကရန်ငြိုးဟောင်းများ။
အွန်လိုင်းပေါ်က တချို့ လူတွေကစိတ်အနှောက်အယှက်အရမ်းဖြစ်စေပါတယ်။ အလုပ်မရှိအလုပ်ရှာ၊ အွန်လိုင်းမှာ လာခေါ်ပြီးစကားပြန်မပြောရင် ဆဲရေးတိုင်းထွာလုပ်သွားတတ်ကြပါတယ်။ အဖက်လုပ်ပြီး ပြန်ပြောမိရင်းစကားများရန်ဖြစ်ပြီးအညှိုးအတေးထားရှိပြီးအပြင်လောကမှာကိုယ်ထိလက်ရောက် အနာ တရရ အောင်ပြုလုပ်တဲ့အမှုတွေလည်း ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဒါကြောင့်မလို့ အွန်လိုင်းပေါ်မှာမသိတဲ့ သူတွေနဲ့ စကားမပြောပဲနေတာကပိုပြီး လုံခြုံစိတ်ချရပါတယ်။
၅) စွဲလန်းမှု။
ဖေ့စ်ဘွတ်ခ်ကြောင့် ကမ္ဘာတစ်ဝှမ်းက သူငယ်ချင်းတွေနဲ့ အမြဲအဆက်အသွယ်ရှိနေနိုင်လို့  ဖေ့စ်ဘွတ်ခ် ကတချို့ လူတွေအတွက် နေ့ စဉ်ဘဝမှာမရှိမဖြစ်လိုအပ်လာတာကိုတွေ့ ရပါတယ်။ အထူးသဖြင့် လူငယ်တွေကဖေ့စ်ဘွတ်ခ်ကိုသူတို့ ရဲ့ ကမ္ဘာအမှတ်နဲ့ စွဲလန်းရူးသွပ်ပြီးအချိန်တွေကိုဒီဆိုရှယ်လ်နက်ဝေါ့
ခ်မှာ ဖြုန်းတီးနေရတာကို နှစ်သက်သဘောကျနေကြပါတယ်။ ဖေ့စ်ဘွတ်ခ်စွဲလန်းခြင်းကြောင့် ဘဝပျက်ရတဲ့ လူငယ်တွေ အများကြီးပါပဲ။
ဆူးချိုး
- အရွယ်မရောက်သေးသောလူငယ်များအသုံးပြုလျှင် အန္တရာယ်ရှိသည့် application လေးခု
- ဘာမှမလုပ်တဲ့စက်
- စွမ်းအားရှင်ပြန်လာပြီလား
- မှော်ဝန်းသားဦးခင်ညွန့် နှင့်အင်တာဗျူး
- ဆန္ဒပြလူငယ်များကိုအကြမ်းဖက်ခြင်းသမ္မတဦးသိန်းစိန်ပေးထားသည့်ကတိအားလုံးနှင့်ဆန့် ကျင်နေ
- ကိုးကန့် တိမ်းရှောင်အဖွဲ့ ကိုကူညီသည်ဆိုကာရာထူးချခံရသည့်တရုတ်ဗိုလ်မှူးချုပ်
- မြောက်ကယ်ရိုလိုင်းနားမှာ မြန်မာဒုက္ခသည်မိသားစု တိုက်ခိုက်ခံရ
- ကိုယ်ဝန်ဆောင်တစ်ဦး၏ ၀မ်းဗိုက်ကို ဓားဖြင့်ခွဲ၍ သန္ဓေသားကို ယူဆောင်သွားသည့် အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့ဖမ်းဆီး
- အရာအားလုံးကို သိနေတဲ့ အသက် (၇)နှစ် အရွယ် ကလေး
- ချစ်တင်းနှီးနှောနေစဉ် လိင်အဂါင်္ ကျိုးပျက်သွားခဲ့တဲ့ အမျိုးသား ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရ
- လူထောင်နှင့်ချီ ၀ိုင်းအုံကြည့်ကာ အုတ်အော်သောင်းနင်းဖြစ်သွား
သည့် အိမ်ထောင်ရေးဖောက်ပြန်နေသည့်  စုံတွဲ၏ ထူးထူး ဆန်းဆန်းဖြစ်ရပ် - ကလေးများကစားနေသည့် ဗွီဒီယိုများကို အွန်လိုင်းတင်သည့်မိဘများ နှစ်စဉ် ဒေါ်လာ ၁ သန်း ၀င်ငွေရ
- ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ထံ ပို့ပေးကြပါ
- Free Phyoe Phyoe Aung!!! ဖြိုးဖြိုးအောင်ကိုလွှတ်
- သေဆုံးတရုတ်တဦးလျှင် ဒေါ်လာတသောင်းကျော် ပေးရန် မြန်မာအစိုးရ ကမ်းလှမ်း
- CCTVမှရိုက်ကူးထားသောမုဒိန်းသမားများလှုပ်ရှားမှု(ရုပ်သံ)
- လက်ဆေးကန်မှာ ခြေထောက် ၀င်ဆေး သွားခဲ့တဲ့ တရုတ် ခရီးသွား
- ထိုင်းနိုင်ငံတွင်ရင်သားအောက်ပိုင်း Selfie ရိုက်သူများထောင်ငါးနှစ်ကျမည်
- ကလေးအငို တိတ်အောင် ကလေးငယ်၏ လည်မြို ကိုဆွေမျိုးထဲမှ အမျိုးသမီး တစ်ဦးက လွှဖြင့် လှီးဖြတ်
- နံရိုးအပြင်မှာထွက်နေတဲ့ နှလုံးသားတစ်စုံနဲ့ သနားစရာ သမီးကလေး
- မင်းအုပ်စိုးနဲ့ တေးနုယဉ်တို့ အမှုဖြစ်ရပ်မှန်


No comments:
Post a Comment