ကဗ္ဘာ့အကြီးဆုံး ပရဟိတ ဖောင်ဒေးရှင်း အဖွဲ့ကြီး၏ အစကား ဇနီး မောင်နှံ နှစ်ယောက်သား ဧည့်ခန်းမှာ ထိုင်ကာ သတင်းစာ ဖတ်ရင်း ဖွံ့ဖြိုးဆဲ ဆင်းရဲသော နိုင်ငံများဘက်က ဒုက္ခခံစားရမှုများ အကြောင်း သတင်းဆောင်းပါး ဖတ်မိစဉ်က အစပြုသည်။ ခင်ပွန်းဖြစ်သူသည် ထိုဆောင်းပါးကို ဖြတ်ယူကာ ဖခင်ဖြစ်သူ ပရဟိတ သမားကြီး ၀ီလျံအိပ်ခ်ျ ဂိတ်စ်ထံ ပေးပို့လိုက်သည်။ ဆောင်းပါး ဖြတ်ပိုင်းနှင့် အတူ ““ဖေဖေ၊ ကျွန်တော်တို့ တစ်ခုခု ကူညီရအောင်လား”” ဟု ပူးတွဲရေးသား လိုက်သည်။
ထိုဆောင်းပါး ဖြတ်ပိုင်းနှင့် ပူးတွဲ ပေးစာသည် ဘီလ်နှင့် မလင်ဒါ ဂိတ်စ် ပရဟိတ ဖောင်ဒေးရှင်းကြီး ဖြစ်ပေါ်လာဖို့ ပထမဆုံး လှေကားထစ်ဟု ဆိုလျှင်မမှား။ ၁၉၉၇ ခုနှစ်က စတင် အားယူကာ နိုင်ငံတကာ ပရဟိတ လုပ်ငန်းများကို ဘီလ် ဂိတ်စ်နှင့် မလင်ဒါ ဂိတ်စ်တို့ ဇနီးမောင်နှံ အားထုတ် လုပ်ဆောင် ခဲ့ကြသည်။
၂၀၀၀ ပြည့်နှစ်တွင် ဘီလ်နှင့် မလင်ဒါ ဂိတ်စ် ဖောင်ဒေးရှင်းကြီး ကို စတင် ထူထောင် နိုင်ခဲ့ကြသည်။ ထိုစဉ်မှ စကာ ယနေ့ထိတိုင် ဆင်းရဲသော နိုင်ငံများမှ လူအများ၏ ဘ၀များ တိုးတက် ကောင်းမွန်အောင် မြှင့်တင်နိုင်သည့် သန်မာသော လက်နှစ်ချောင်း အဖြစ်သို့ ရောက်ရှိခဲ့ကြသည်။
သီးသန့် ဖယ်ထားသော မတည်ငွေ ဒေါ်လာ (၄၃ ဒသမ ၅) ဘီလီယံ ရှိပြီး နှစ်စဉ် ပရဟိတ လုပ်ငန်းများ အတွက် သုံးစွဲငွေ ဒေါ်လာ သုံးဘီလီယံ ၀န်းကျင် (၂၀၁၄ တွင် ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံ) ရှိသည်။ ချမ်းသာသော နိုင်ငံများနှင့် ဆင်းရဲသော နိုင်ငံများကြား ကျန်းမာရေး ၀န်ဆောင်မှု ရရှိနှုန်း ကွာဟချက် ကြီးမားနေခြင်းကို လျှော့ချပစ်နိုင်ဖို့ ဖောင်ဒေးရှင်းက ကြိုးပမ်းလျက် ရှိသည်။ လုပ်ရမည့် ပမာဏက ကြီးမားသည့်တိုင် အောင်မြင်နိုင်သော ရည်မှန်းချက် ပန်းတိုင် ဖြစ်ကြောင်း ဖောင်ဒေးရှင်းက ယုံကြည်ထားသည်။ ရည်မှန်းချက် ပန်းတိုင်များ အနက် အဓိက ပန်းတိုင်များမှာ ငှက်ဖျားနှင့် ပိုလီယို တိုက်ဖျက်ရေး၊ တီဘီနှင့် အိပ်ခ်ျအိုင်ဗွီ ထိန်းချုပ်ရေး ဖြစ်သည်။
၂၀၀၆ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင် ၀ါရင်း ဘတ်ဖတ်ပါ ဖောင်ဒေးရှင်းတွင် ပူးပေါင်း ကူညီလာခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ဘီလ် ဂိတ်စ်သည် သူဦးဆောင် ထူထောင်ခဲ့သော မိုက်ခရိုဆော့ဖ် ကုမ္ပဏီ အကြီးအကဲ အဖြစ်မှ နုတ်ထွက်ကာ ပရဟိ လုပ်ငန်းများ အတွက် လုံးဝအားစိုက် ဆောင်ရွက်ခဲ့သည်။
လက်ရှိအချိန်ထိ ဘီလ်နှင့် မလင်ဒါ ဂိတ်စ် ဖောင်ဒေးရှင်းသည် ကဗ္ဘာတစ်ဝန်း ကျန်းမာရေး လုပ်ငန်းများ အတွက် ရန်ပုံငွေ ဒေါ်လာ (၃၂ ဒသမ ၉) ဘီလီယံ ထောက်ပံ့ ပေးအပ်ခဲ့ပြီး ဖြစ်သည်။ ရောဂါ ကာကွယ်ရေး၊ ကာကွယ်ဆေး ဖော်ထုတ်ရေး၊ ကုသဆေး ဖော်ထုတ်ရေးပိုင်းများတွင် အဓိက အားစိုက် ကူညီလျက် ရှိသည်။
ဘီလ်နှင့် မလင်ဒါ ဂိတ်စ် ဖောင်ဒေးရှင်း ဟူ၍ ဖြစ်ပေါ်လာသည့် ၂၀၀၀ ပြည့်နှစ်မှ စတွက်လျှင် ဖောင်ဒေးရှင်း၏ အားထုတ် ကူညီမှု တစ်စိတ် တစ်ပိုင်းကြောင့် နိုင်ငံ လေးနိုင်ငံတွင် ငှက်ဖျားကို အမြစ်ပြုတ် သုတ်သင် နိုင်ခဲ့ပြီ ဖြစ်သည်။ ငှက်ဖျားကြောင့် သေဆုံးနှုန်းသည်လည်း (၄၂) ရာခိုင်နှုန်းထိ သိသိသာသာ ကျဆင်းလာပြီ ဖြစ်သည်။ လက်ရှိ မျိုးဆက် အတွင်းမှာပင် ငှက်ဖျားကို အမြစ်ပြုတ် သုတ်သင် နိုင်ရမည်ဟု ဘီလ်က ၂၀၁၄ ခုနှစ်တွင် ကြုံးဝါးထားသည်။
အိန်္ဒိယအစိုးရ၊ ဂိတ်စ် ဖောင်ဒေးရှင်းနှင့် Rotary International အဖွဲ့တို့ အားစိုက် ပူးပေါင်း ဆောင်ရွက်မှုကြောင့် ၂၀၁၄ တွင် အိန်္ဒိယသည် ပိုလီယို ကင်းစင်သော နိုင်ငံအဖြစ် ကြေညာ နိုင်ခဲ့သည်။ ပိုလီယို တိုက်ဖျက်ရေး လှုပ်ရှားမှု အဖြစ် အိန်္ဒိယတစ်ဝန်း ပိုလီယိုဆေး တိုက်ကျွေးသူ နှစ်သန်းထိ ခန့်ထားကာ တစ်ပြိုင်တည်း ဆေးတိုက်ကျွေးရေးများကို အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ကြသည်။
၂၀၁၄ မရောက်မီ ငါးနှစ်အလိုခန့် အထိ အိန်္ဒိယသည် ကဗ္ဘာ့ပိုလီယို ဖြစ်ပွားသူထက် ၀က်နီးပါး ရှိနေသော နိုင်ငံအဖြစ် ရပ်တည်ခဲ့ရသည်။
““အိန်္ဒိယမှာ ပိုလီယို ကင်းစင်သွားအောင် ကြိုးပမ်း နိုင်ခဲ့တာလောက် ကဗ္ဘာလုံးချီ ကျန်းမာရေး အောင်မြင်မှု ရတာမျိုး ကျွန်တော့် တစ်သက်နဲ့ တစ်ကိုယ် မကြုံဖူးသေးပါ”” ဟု ဘီလ် ဂိတ်စ်က ပြောသည်။
ဂိတ်စ် ဖောင်ဒေးရှင်းသည် ၂၀၁၈ တွင် ပိုလီယိုကို ကဗ္ဘာမြေပေါ်က အမြစ်ပြတ် နှိမ်နင်းနိုင်ဖို့ ရည်မှန်းချက် ချထားသည်။ ဖောင်ဒေးရှင်းသည် ကျန်းမာရေး ကိစ္စများကို အဓိက ပစ်မှတ်ထား ဆောင်ရွက်လျက် ရှိသလို၊ ဘီလ် ဂိတ်သည် ရာသီဥတု ပြောင်းလဲမှု ထိန်းချုပ်ရေးနှင့် ပြည့်မြဲ အစိမ်းရောင် စွမ်းအင် ဖွံ့ဖြိုးရေးကိုလည်း သီးသန့် တစ်ကိုယ်တော် ရည်မှန်းချက် အဖြစ် အားထုတ် ဆောင်ရွက် နေပြန်သည်။
ဖောင်ဒေးရှင်း၏ ၂၀၁၅ ခုနှစ်ထုတ် နှစ်ဦး အစီရင် ခံစာတွင်လည်း ရာသီဥတု ပြောင်းလဲမှု အရေးသည် ဖောင်ဒေးရှင်းက ကြိုးပမ်း ထူထောင် ထားခဲ့ရသမျှ ကောင်းသော တိုးတက်မှု အားလုံးကို ဖျက်ဆီး ပစ်လိုက်နိုင်ကြောင်း သတိပေး ဖော်ပြထားသည်။
““ရာသီဥတု ပြောင်းလဲမှုဟာ ဂိတ်စ် ဖောင်ဒေးရှင်းက ကြိုးပမ်း ထူထောင်ထားခဲ့ သမျှ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို နောက်ပြန် လှည့်သွားအောင် လုပ်ပစ်နိုင်မလားဆိုတဲ့ မေးခွန်း မေးစရာ ရှိလာပါတယ်။ ရာသီဥတု ပြောင်းလဲမှုရဲ့ ရေရှည် ဆိုးကျိုး သက်ရောက်မှုတွေဟာ ဖြည်းဖြည်းချင်းနဲ့ ချဉ်းကပ်လာနေပါပြီ။
ဒါကြောင့် လူသားတွေ အနေနဲ့ ဈေး လည်းချို၊ လိုတဲ့ အချိန်လည်းရနိုင်၊ ကာဗွန်ဒိုင် အောက်ဆိုက်ဒ် ထွက်ရှိမှုလည်း သုညမှတ်ထိ ရောက်မယ့် စွမ်းအင် လုပ်ငန်းတွေ မြန်မြန် ဆန်ဆန် ထူထောင် ထားနိုင်ဖို့ လိုအပ်နေပါပြီ”” ဟု အစီရင်ခံစာက တိုက်တွန်းထားသည်။
http://www.messengernewsjournal.com/news/Article/detail.php?id=33898
- ကိုယ်ဝန်ဆောင်တစ်ဦး၏ ၀မ်းဗိုက်ကို ဓားဖြင့်ခွဲ၍ သန္ဓေသားကို ယူဆောင်သွားသည့် အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့ဖမ်းဆီး
- အရာအားလုံးကို သိနေတဲ့ အသက် (၇)နှစ် အရွယ် ကလေး
- ချစ်တင်းနှီးနှောနေစဉ် လိင်အဂါင်္ ကျိုးပျက်သွားခဲ့တဲ့ အမျိုးသား ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရ
- လူထောင်နှင့်ချီ ၀ိုင်းအုံကြည့်ကာ အုတ်အော်သောင်းနင်းဖြစ်သွား
သည့် အိမ်ထောင်ရေးဖောက်ပြန်နေသည့်  စုံတွဲ၏ ထူးထူး ဆန်းဆန်းဖြစ်ရပ် - ကလေးများကစားနေသည့် ဗွီဒီယိုများကို အွန်လိုင်းတင်သည့်မိဘများ နှစ်စဉ် ဒေါ်လာ ၁ သန်း ၀င်ငွေရ
- ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ထံ ပို့ပေးကြပါ
- Free Phyoe Phyoe Aung!!! ဖြိုးဖြိုးအောင်ကိုလွှတ်
- သေဆုံးတရုတ်တဦးလျှင် ဒေါ်လာတသောင်းကျော် ပေးရန် မြန်မာအစိုးရ ကမ်းလှမ်း
- CCTVမှရိုက်ကူးထားသောမုဒိန်းသမားများလှုပ်ရှားမှု(ရုပ်သံ)
- လက်ဆေးကန်မှာ ခြေထောက် ၀င်ဆေး သွားခဲ့တဲ့ တရုတ် ခရီးသွား
- ထိုင်းနိုင်ငံတွင်ရင်သားအောက်ပိုင်း Selfie ရိုက်သူများထောင်ငါးနှစ်ကျမည်
- ကလေးအငို တိတ်အောင် ကလေးငယ်၏ လည်မြို ကိုဆွေမျိုးထဲမှ အမျိုးသမီး တစ်ဦးက လွှဖြင့် လှီးဖြတ်
- နံရိုးအပြင်မှာထွက်နေတဲ့ နှလုံးသားတစ်စုံနဲ့ သနားစရာ သမီးကလေး
- မင်းအုပ်စိုးနဲ့ တေးနုယဉ်တို့ အမှုဖြစ်ရပ်မှန်
- ကလေးအငို တိတ်အောင် ကလေးငယ်၏ လည်မြို ကိုဆွေမျိုးထဲမှ အမျိုးသမီး တစ်ဦးက လွှဖြင့် လှီးဖြတ်
- သေဆုံးသွားတဲ့ ဇနီးအလောင်းနဲ့အတူ (၁၁) နှစ်လုံးလုံး အတူအိပ်ခဲ့တဲ့ ဗီယက်နမ်က အမျိုးသား
No comments:
Post a Comment