Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 2, 2015

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို ထောက်ခံကြောင်း ခရစ်ယာန် အသင်းတော်များအကြံပြုစာ ပေးပို့


Tuesday, March 3, 2015
မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားအားလုံးအတွက်လူ တိုင်းအကျုံးဝင်ပညာရေးဖြစ်လာ စေရန် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို ထောက်ခံကြောင်းခရစ်ယာန်အ သင်းတော်များက ပြည်ထောင်စု လွှတ်တော်သို့ အကြံပြုစာပေးပို့ ထားသည်။
မြန်မာနိုင်ငံခရစ်ယာန်အ သင်းတော်များကောင်စီနှင့် မြန်မာ နိုင်ငံကက်သလစ်ဆရာတော်ကြီး များအဖွဲ့ချုပ်တို့က ဥပဒေကြမ်း တွင်ပါဝင်သော ‘အခြားဘာသာ ရေးအဖွဲ့အစည်းများမှ ဖွင့်လှစ် ထားသော ပညာရေးကျောင်းများ’ နှင့်ပတ်သက်၍ ရှင်းလင်းအကြံပြု ချက်ပေးပို့ထားခြင်းဖြစ်သည်။
‘အခြားဘာသာရေးအဖွဲ့အ စည်းများမှ ဖွင့်လှစ်ထားသော ပ ညာရေးကျောင်းများ’ဆိုသည်မှာ နိုင်ငံတော်က အသိအမှတ်ပြု ပြ ဋ္ဌာန်းသည့် သင်ရိုးညွှန်းတမ်း၏ စံ ချိန်စံညွှန်းအတိုင်းသင်ကြားခြင်း ဖြစ်ပြီး ဘာသာရေးအတွေးအခေါ် အယူဝါဒကို သင်ကြားမည့် ကျောင်းအမျိုးအစား မဟုတ် ကြောင်း ခရစ်ယာန်အသင်းတော် များကဆိုသည်။
နိုင်ငံတော်၏ မူဝါဒလမ်းစဉ် နှင့်သွေဖည်ဆန့်ကျင်သည့် သီးခြား ဖွင့်လှစ်သောကျောင်းများမဟုတ် ဘဲ နိုင်ငံတော်၏ အမျိုးသားပညာ ရေးဥပဒေမူဘောင်အတွင်း အ ရည်အချင်းပြည့်မီတိုးတက်ရေးဦး တည်ဖွင့်လှစ်သောကျောင်းဖြစ် ကြောင်း ရှင်းလင်းထားသည်။
ခရစ်ယာန် အသင်းတော် များသည် မြန်မာနိုင်ငံ၏ ပညာ ရေး လုပ်ငန်းစဉ်များတွင် အစဉ်တ စိုက်ပါဝင်ခဲ့ပြီး ဝေးလံခေါင်ဖျား ဒေသများတွင် ပညာရေးလိုအပ် ချက်များကို ပံ့ပိုးဖြည့်ဆည်းခဲ့ သော သာဓကများစွာရှိခဲ့ကြောင်း အကြံပြုစာတွင် ဖော်ပြထား သည်။
ပညာရေးဥပဒေပြဋ္ဌာန်းရာ တွင် တန်းတူညီမျှသည့် တရားဥ ပဒေ၏ ကာကွယ်စောင့်ရှောက်မှု တွင် ပြည်သူလူထုနှင့်အတူ ပူး ပေါင်းဆောင်ရွက်ရေးအတွက် ဥ ပဒေကြမ်းကို အတည်ပြုပေးရန် ခရစ်ယာန်အသင်းတော်များက အကြံပြုထားခြင်းဖြစ်သည်။
ဗာတီကန်နန်းတော်၏ ရ ဟန်းအမတ်အဖြစ် ခန့်အပ်ခံထား ရသော ကာဒီနယ်ချားလ်စ်ဘိုကအ မျိုးသားပညာရေးဥပဒေပြင်ဆင် ရေးကျောင်းသားများတောင်းဆို ချက် (၁၁) ချက်ကို သဘောတူ ထောက်ခံကြောင်းပြောဆိုထား သည်။
7Day Daily

No comments:

Post a Comment