ကမ္ဘာ့အသက်အငယ်ဆုံးနဲ့ အအောင်မြင်ဆုံး စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဖေ့ဘွတ် လူမှုကွန် ယက် ပိုင်ရှင် မာ့ခ်ဇူကာဘတ်ဟာ ဘာစီလိုနာမြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့မိုဘိုင်းဖုန်းကွန်ဂရက်ကို တက်ရောက်အားပေး ခဲ့ပါတယ်။
ဒီကွန်ဂရက်မှာ သူ့ကို မေးမြန်းခဲ့တဲ့ အင်တာဗျူးမှာ ဇူကာဘတ်က “ ကျွန်တော့်အတွက် အလုပ်သမားတစ်ဦး ငှားရမ်းဖို့ လိုလာမယ်ဆိုရင် တစ်ခုပဲ ကိုယ်ကိုယ်ကိုယ် ပြန်မေးပါတယ်။ သူ့အတွက်ရော ကျွန်တော် အလုပ်ပေးနိုင်သလား ဆိုတာပါ။ တကယ့်ကို ကောင်းမွန်တဲ့ စမ်းသပ်မှုပါ” လို့ ဖြေကြားသွားခဲ့ပါတယ်။
လက်ရှိ စမတ်ဖုန်း တွေမှာ အသုံးပြုနေတဲ့ တယ်လီကွန်းနက်ဝပ်တွေကို ဖေ့ဘွတ်က ငွေမပေးဘဲ အလကား သုံးစွဲနေတယ်လို့ ဝေဖန်မှုတွေရှိနေပေမယ့် ဇူကာဘတ်က စမတ်ဖုန်းရဲ့ အက်ပလီကေးရှင်းတွေ က ကုမ္မဏီတွေ အတွက် ၀င်ငွေ ရှာဖွေပေးနိုင်တဲ့အတွက် တဖက်မှာလည်း သူတို့ကို ကိုယ်စားပြုပေးနိုင်တဲ့ နက်ဝေါ့ခ်တွေမှာ ရင်းနှီးမြုပ်နှံရမှာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
နိုင်ငံတကာ ၀ါယာလက်စ် လုပ်ငန်းစု ဒီဂျစ်ဆယ်ရဲ့ ဥက္ကဋ္ဌ
ဒန်းနစ်အိုဘရိုင်ယန်ကတော့ ဇူကာဘတ်မှာ သူများတကာ လုပ်တဲ့ ပါတီပွဲကို
လက်ဗလာနဲ့ လာပြီး ပါတီမှာ ၀ိုင်သောက်၊ ကောင်မလေးတွေကို နမ်းရှုံ့ပြီး
ပြန်သွားတတ်သူမျိုးလို့ ဝေဖန်ခဲ့ပါတယ်။ ဇူကာဘတ်ကတော့ လက်တင်အမေရိက၊
အာဖရိကနဲ့ အာရှက ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ဖုန်းကုမ္မဏီတွေအတွက် အင်တာနက်
ဝန်ဆောင်မှုတွေ လုပ်ဆောင်ပေးသွားဖို့ ရှိတယ်လို့ ဆိုထားပါတယ်။
နော်ဝေဖုန်းလုပ်ငန်းစု တယ်လီနောရဲ့ အကြီးအကဲ ဂျွန်ဖရက်ဒရစ်ဘက်ဆာက
ဖုန်းကုမ္မဏီ တွေရဲ့ အခပေးစနစ်တွေထဲမှာ ငွေကြေးမကုန်ဘဲ မက်ဆေ့ပေးနိုင်တဲ့
အခြေအနေကြောင့် ဖေ့ဘွတ်နဲ့ ကုမ္မဏီ တွေကြားမှာ တင်းမာမှုတွေ ရှိလာနေတယ်လို့
သုံးသပ်ခဲ့ပါတယ်။
Planet Myanmar.
Planet Myanmar.
No comments:
Post a Comment