Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, March 11, 2015

ဘယ်လိုလူမျိုးတွေ ချင်းကို စားသုံးဖို့ မသင့်တော်ဘူးလဲဆိုတာ



သူ့ရဲ့ ရောဂါပိုးသေစေနိုင်တဲ့ ဂုဏ်သတ္တိတွေကြောင့် ချင်းတက်ဟာ မီးဖိုချောင်သုံးအဖြစ် ပါဝင်လေ့ရှိပါတယ်။  အစာခြေ အခက်အခဲရှိသူတွေအတွက် အထောက်အကူဖြစ်စေတာကြောင့် ရောဂါမှန်သမျှကုသနိုင်တဲ့ ဆေးတစ်ခုအဖြစ် မှတ်ယူခဲ့ကြပါတယ်။
ချင်းမှာ အစာပုပ်သိုးဆွေးမြည့်စေခြင်း၊ အစာခြေဖျက်ခြင်းနဲ့ အဆိပ်အတောက်တွေ ဖယ်ထုတ်ရာမှာ အကူအညီဖြစ်စေတဲ့ အင်ဇိုင်းများစွာ ပါဝင်ပါတယ်။ အမှန်တော့ ချင်းမှာ ကမ္ဘာပေါ်ရှိ အစွမ်းထက်ဆုံး သဘာဝပစ္စည်းများထဲ တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်…
အစွမ်းထက်ရင် အန္တရာယ်ကလည်းကြီး
ဒီဆေးဖက်ဝင် အပင်က တချို့လူတွေအတွက် ကောင်းကျိုးထက် ဒုက္ခပိုဖြစ်စေနိုင်တယ်။
ကျွမ်းကျင်ပညာရှင်တွေက ချင်းကို တစ်နေ့ (၄) ဂရမ်ထက် ပိုမစားသင့်ကြောင်း သတိပေးထားပါတယ်။ သို့မဟုတ်ပါက မအီမသာဖြစ်ခြင်း၊ ရင်ပူရင်ဆာဖြစ်ခြင်းနဲ့ ပြင်းထန်တဲ့ နာကျင်မှုဝေဒနာတွေ ခံစားရနိုင်တယ်လို့ ဆိုပါတယ်။
ချင်းကို အဓိက ရှောင်သင့်တဲ့လူတွေဟာ…
  • ကိုယ်ဝန်ဆောင်အမျိုးသမီးများ
  • ပုံမှန်အောက်အလေးချိန်ရှိသူများ
  • သွေးအားနည်းရောဂါ ရှိသူတွေ
  • ဆေးဝါးမှီဝဲလျက်ရှိနေသူများ အဓိက မစားသင့်ပါ။    
Ref:goodmorningcenter
http://www.trend.com.mm/2015/03/11/health-6018

No comments:

Post a Comment