Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, March 5, 2015

ကျောင်းသားနှင့် NNER မပါဝင်လည်း အစီအစဉ်အတိုင်း ဆောင်ရွက်မည်ဟု ဥပဒေကြမ်းကော်မတီပြော


Byရဲနိုင်ဇော်မျိုးလှိုင်
အမျိုးသားပညာ ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကြားနာပွဲသို့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီနှင့် ပညာရေးစနစ်ပြု ပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) တို့ မတက် ရောက်လျှင်လည်း သတ်မှတ်ထားသော အစီအစဉ်အတိုင်း ဆက် လက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြော သည်။

မတ်လ ၅ ရက်တွင် စတင် သော ကြားနာပွဲသို့ တက္ကသိုလ် ကျောင်းသားသမဂ္ဂများ (တကသ) နှင့် ဗကသ (မြေလတ်)တို့ တက် ရောက်ခဲ့သော်လည်း ဆွေးနွေးခဲ့ ခြင်းမရှိ၍ ကြားနာပွဲပျက်ပြယ်ခဲ့ ပြီး မတ်လ ၇ ရက်တွင် ပြုလုပ်မည့်ကြားနာပွဲသို့ NNER အနေဖြင့် တက်ရောက်မည်မဟုတ်ကြောင်း ကြေညာထားသည်။

‘‘ဖိတ်တဲ့ အဖွဲ့အစည်းတွေ မစုံရင် မလာတဲ့အဖွဲ့က တင်ပြ ခွင့်မရှိဘူး။ လာတဲ့အဖွဲ့တွေပဲ တင် ပြခွင့်ရှိမယ်။ မလာလည်း  ဆက် လုပ်သွားမယ်’’ ဟု အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီက ပြောသည်။

မတ်လ ၅ ရက် နံနက် ၁၀ နာရီခန့်တွင် အမျိုးသားလွှတ်တော်အ စည်းအဝေးခန်းမ၌ ပြုလုပ်သော ကြားနာပွဲသို့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုဦးဆောင်ကော်မတီမှ တကသနှင့် မြေလတ် (ဗကသ)ကျောင်းသား ကိုးဦး တက် ရောက်ခဲ့ပြီး ပင်မကျောင်းသား သပိတ်စစ်ကြောင်းမှ ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ်ကိုယ်စားလှယ် ခြောက်ဦးတက်ရောက်ခဲ့ခြင်း မရှိပေ။

အမျိုးသားလွှတ်တော်ဥပ ဒေကြမ်းကော်မတီနှင့် အခြား လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့သော ကြားနာပွဲ တွင် တကသနှင့် မြေလတ် (ဗက သ)ကျောင်းသားခေါင်းဆောင် များက ဥပဒေကြမ်းအပေါ် ကြား နာရန် ခက်ခဲသောအခြေအနေကို နာရီဝက်ကျော်ကြာ ရှင်းလင်း ပြောဆိုပြီး ပြန်လည်ထွက်ခွာသွား သည်။

‘‘လက်ရှိ ကျွန်တော်တို့ ကျောင်းသားရဲဘော်တွေ လက်ပံ တန်းမှာ ပိတ်မိနေတယ်။ အစိုးရရဲ့ရဲတပ်ဖွဲ့တွေနဲ့ ကျောင်းသားတွေ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်နေတယ်။ ဒါက လက်ရှိအခင်းအကျင်းပါ။ ဒီနေ့ လွှတ်တော်မှာလည်း ကြား နာမှုအစီအစဉ်တွေ စပါတယ်။ တစ်ဖက်မှာလည်း ဒါမျိုးတွေ ဖြစ် နေတယ်။ ဒါကြောင့် ဒီနေ့ကြားနာမှုအစီအစဉ်ကို ကျွန်တော်တို့ ကျောင်းသားရဲဘော်တွေ ဒီလိုဖြစ် နေတဲ့အတွက် ကြားနာမှုအစီအ စဉ်မှာ ပါဝင်နိုင်ခြင်းမရှိသေးပါဘူး’’ဟု ဒီမိုကရေစီပညာရေးလှုပ် ရှားမှု ဦးဆောင်ကော်မတီမှ ကို ဇေယျာလွင်က ပြောသည်။

အမျိုးသားလွှတ်တော်သည် မတ်လ ၅ ရက်မှ ၂၀ ရက်အတွင်း ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦး ဆောင်ကော်မတီ၊ နိုင်ငံရေးပါတီ ၂၀ မှကိုယ်စားလှယ်များ၊ (NNER)၊ ဒီမိုကရေစီပညာရေးစစ်ကြောင်း များကို ထောက်ခံသူပြည်သူ့ ကိုယ်စားလှယ်များ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် အကြံပြုစာ ပေးပို့လာသူများကို တစ်ဖွဲ့လျှင် ၂၀ ဦးစီဖြင့် ကြားနာပွဲသို့ တစ်ရက်စီ သီးခြားဖိတ်ခေါ်ထားခြင်း ဖြစ် သည်။

‘‘မနက်ဖြန်ဆို နိုင်ငံရေးပါတီ တွေ လာတော့မယ်။ နားထောင် ပါ။ အမြဲတမ်းထုတ်ပြန်နေမှာပါ။ အကြံပြုချက်ရှိရင်လည်း ဖုန်းနံ ပါတ်တွေရှိပါတယ်။ ပိတ်ပင်ထား တာ မရှိပါဘူး။ အစီအစဉ်အတိုင်း သွားမှာဖြစ်တဲ့အတွက် ကြားထဲမှာရက်ချိန်းတော့ မရဘူး။ ကျန်တဲ့ အဖွဲ့တွေနဲ့ ဆက်ချိန်းရမယ်’’ဟု ဦးခင်မောင်ရီက ပြောသည်။

လက်ပံတန်းမြို့တွင် ဖြစ်ပေါ် နေသော တားဆီးပိတ်ပင်မှုများ ရပ်ဆိုင်းသွားပါက ကြားနာပွဲ တက်ရောက်ဆွေးနွေးရန် အသင့် ရှိနေမည်ဖြစ်ပြီး လွှတ်တော်တွင် ဆွေးနွေးနေသည့်အကြောင်းအ ရာများကို စောင့်ကြည့်နေမည်ဖြစ်ကြောင်း ကိုဇေယျာလွင်က ပြော သည်။

ကျောင်းသားများ ငြိမ်းချမ်း စွာ ဆန္ဒပြတောင်းဆိုမှုများအပေါ်အစိုးရ၏ ကိုင်တွယ်ဖြေရှင်းနေမှု ကို စိုးရိမ်မကင်းဖြစ်နေပြီး လက်ရှိ ရှုပ်ထွေးနေသော အကျပ်အတည်းများကြောင့် မတ်လ ၇ ရက်တွင် ပြုလုပ်မည့် ကြားနားပွဲသို့ တက် ရောက်မည်မဟုတ်ကြောင်း NNER ကလည်း ကြေညာထားသည်။

‘‘လက်ပံတန်းမှာ ကျောင်း သားတွေကို အင်အားသုံးပြီး တား တယ်။ အခုညနေက ရန်ကုန်မှာ အကြမ်းဖက်နှိမ်နင်းတယ်။ သပိတ် ကို ကူညီတဲ့ ဆရာချစ်ဦးညိုရဲ့ သားကို ဖမ်းတာတွေ၊ နယ်က ကျောင်းသားမိဘတချို့ကို ဖမ်း ဆီးခြိမ်းခြောက်ပြီး ပြန်လွှတ်တာ တွေရှိတယ်။ နိုင်ငံတော်အဆင့် လူ ကြီးတွေပေးထားတဲ့ လေးပွင့်ဆိုင်ကတိက၀တ်ကို ဖျက်တဲ့အတွက် NNER က ကြားနာပွဲကို ရွှေ့ဆိုင်း ရတာပါ’’ဟု NNER မှ ကိုရဲဝင်းက ပြောသည်။

NNER ၏ ကြေညာချက်သည်စိတ်မကောင်းဖွယ်ရာ ဆုံးဖြတ် ချက်တစ်ရပ်ဖြစ်ပြီး ဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်ကို ကောင်းစွာ ဆောင်ရွက်နေသော ဥပဒေပြု လွှတ်တော်၏ အခန်းကဏ္ဍကို မျက်ကွယ်ပြုလိုက်ခြင်းသည် မည် သူမျှ အကျိုးဖြစ်ထွန်းမှုမရှိသော လမ်းကြောင်းကို ရွေးချယ်လိုက် ခြင်းဖြစ်ကြောင်း သမ္မတရုံးညွှန် ကြားရေးမှူး ဦးဇော်ဌေးက ၎င်း ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

ဇန်န၀ါရီ ၂၀ ရက်က စတင်၍ကျောင်းသားသပိတ်စစ်ကြောင်း များ ရန်ကုန်မြို့သို့ ဦးတည်ချီ တက်လာသောကြောင့် လေးပွင့်ဆိုင်ဆွေးနွေးခြင်းဖြင့် ထိပ်တိုက်အကြမ်းဖက်တွေ့ ဆုံနိုင်သော အခြေအနေကို ရှောင်လွှဲနိုင်ခဲ့ကြသည်။

သို့သော် အစိုးရ၊ ကျောင်း သားနှင့် NNER တို့အကြား ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများ ထပ်မံဖြစ်ပေါ်ခဲ့ပြီး လွှတ်တော်က ဥပဒေ အတည်ပြုမှု နှောင့်နှေးနေသောကြောင့် ပင်မကျောင်းသား သပိတ်စစ်ကြောင်း ပြန်လည်ချီတက်ရန် စီစဉ်ခဲ့ကာ ထိပ်တိုက်ကြုံတွေ့နိုင်သည့် အခြေအနေသို့ ပြန်ရောက်လာသည်။
http://7daydaily.com/story/33136#.VPkaJvzF-So

No comments:

Post a Comment