Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, March 4, 2015

ပျောက်ဆုံးနေတဲ့ ရှေးဟောင်းမြို့တော် ဟွန်းဒူးရပ်စ်မှာ တွေ့ရှိ

ပျောက်ဆုံးနေတဲ့ ဒဏ္ဍာရီထဲက ရှေးဟောင်းမြို့တော်ကို ရှာတွေ့တယ်ဆိုတာ ရုပ်ရှင်ဇာတ်ကားတွေထဲမှာပဲ အများဆုံး တွေ့ရတာဖြစ်ပါတယ်။ အခုတော့ ဟွန်ဒူးရပ်စ်နိုင်ငံက တောနက်ကြီးထဲမှာ ဒဏ္ဍာရီထဲက ရှေးဟောင်းမြို့တော်တစ်ခုကို မတော်တဆ ရှာဖွေ တွေ့ရှိသွားခဲ့ပြီဖြစ်ပါတယ်။
ဟွန်ဒူးရပ်ဒေသခံ လူမျိုးတွေကြားထဲမှာ ‘‘ အဖြူရောင်မြို့တော်’’ လို့ခေါ်တဲ့ ရှေးဟောင်းမြို့တော်ကြီးတစ်ခုကို ပုံပြင်သဖွယ် ဇာတ်လမ်းဆင်ပြီး ပြောဆိုနေခဲ့ကြတာ အတော်ကြာပြီဖြစ်ပေမယ့် အဲဒီမြို့ကို အခုတကယ်တွေ့ရှိသွားခဲ့ပြီဖြစ်ပါတယ်။ တစ်ချို့တွေကတော့ ဒီဒေသကို မျောက်နတ်ဘုရား မင်းမူခဲ့တဲ့ ‘‘ မျောက်ဘုရားမြို့တော်’’ လို့လည်း ခေါ်ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်လောက်တုန်းက ဒီမြို့ဟောင်းဟာ အလွန်စည်ကားပြီး တိုးတက်ခဲ့တဲ့ မြို့ပြတစ်ခု ဖြစ်မယ်လို့လည်း ရှေးဟောင်းသုတေသနပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ ဒီမြို့ကြီး ပျက်သုဉ်းသွားကတည်းက ဒီနေရာကို မထိရသေးတဲ့ပုံစံမျိုး တွေ့ကြရပြီး ရှေးတုန်းကလူတွေ အစားအစာ သိုလှောင်တဲ့ ပစ္စည်းတွေကိုလည်း တွေ့ရခဲ့ကြရပါတယ်။
ဟွန်ဒူးရပ်စ်နိုင်ငံက Maya ဒေသနဲ့ အနီးဆုံးနေရာမှာ ဒီမြို့ပျက်ကြီးကို တွေ့ရှိတာဖြစ်ပြီး လေ့လာမှုတွေ လုပ်နေဆဲ ဖြစ်ပေမယ့် ရှေးဟောင်းမြို့တော်ရဲ့ နာမည်ကိုတော့ ပညာရှင်တွေ အခုထိ မဖော်ထုတ်နိုင်သေးဘူး ဖြစ်ပါတယ်။ အီဂျစ်မှာနာမည်ကျော်တဲ့ ပိရမစ်တွေ တည်ဆောက်ထားတဲ့ နည်းပညာတွေကို ဒီမြို့မှာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။ ပညာရှင်တွေ အချိန်ယူပြီး စစ်ဆေးပြီးသွားရင်တော့ ဒီထက်တိကျတဲ့ သမိုင်းကြောင်း အထောက်အထားတွေ ထွက်လာနိုင်ဖို့ ရှိနေပါတယ်။
Ref - nationalgeographic
(Planet Myanmar Network)
http://news-beta.nationalgeographic.com/2015/03/150302-honduras-lost-city-monkey-god-maya-ancient-archaeology/

No comments:

Post a Comment